Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများက စမ်းမြို့ရွာကို မီးရှို့ဖျက်ဆီး

“အရပ်သားတွေ ပြန်မလာရင် မီးရှို့မယ်ဆိုပြီး အော်ပြောတယ်။ ရွာသားတွေက ကြောက်ပြီး ပြန်မလာကြတာ။ မလာတဲ့အိမ်တွေကို တကယ်ပဲ မီးရှို့ဖျက်ဆီးကြတာ”ဟု ဂန့်ဂေါ မြို့ခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီးများက ဂန့်ဂေါဒေသ စမ်းမြို့ရွာထဲသို့ အကြမ်းဖက်စီးနင်းပြီး အရပ်သားတစ်ဦးကို သတ်ဖြတ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့​ကြောင်း ယောပြည်သူ့ကာကွယ်ရေးအဖွဲ့ (YDF)က ယ​နေ့ သတင်းထုတ်ပြန်သည်။

ယမန်​နေ့(ဒီဇင်ဘာ ၂၁ ရက်)က အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၁၀၀ကျော်ခန့်နှင့် ပျူစောထီး ၅၀ခန့်က မကွေးတိုင်း၊ ဂန်ဂေါခရိုင်အတွင်းရှိ စမ်းမြို့ရွာထဲသို့ ဝင်ရောက်စီးနင်းကာ ဒေသခံ ရွာသားတစ်ဦးကို သတ်ဖြတ်ပြီးနောက် ရွာရှိ နေအိမ်များကို မနက်ခင်းမှ စတင်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ည ၈ နာရီခန့်အထိ မီးလောင် ပျက်စီးသည့် အိမ်ခြေအရေအတွက် ၂၀ ခန့် ရှိပြီဟု ထုတ်ပြန်ထားသည်။ ထို့အပြင်ဒေသခံ ရွာသားများ မွေးမြူထားသည့် ကြက်၊ ဝက်၊ နွားများကို သတ်ဖြတ်စားသောက်ခဲ့ကြသည်ဟု YDFက ထုတ်ပြန်ထားသည်။

“အရပ်သားတွေ ပြန်မလာရင် မီးရှို့မယ်ဆိုပြီး အော်ပြောတယ်။ ရွာသားတွေက ကြောက်ပြီး ပြန်မလာကြတာ။ မလာတဲ့အိမ်တွေကို တကယ်ပဲ မီးရှို့ဖျက်ဆီးကြတာ”ဟု ဂန့်ဂေါ မြို့ခံတစ်ဦးက ပြောသည်။

စမ်းမြို့ရွာသည် ဂန်ဂေါခရိုင်မြောက်ဖက်ပိုင်းတွင် တည်ရှိသော အိမ်ခြေ ၂၀၀ ကျော်ခန့်ရှိ ရွာတစ်ရွာ ဖြစ်ပြီး စမ်းမြို့ရွာပတ်ဝန်းကျင်ရှိ လယ်ကြီး အရှေ့၊ လယ်ကြီး အနောက်၊ မြင်သား၊ ကုန်းရွာ၊ အလယ်ရွာ၊ ရွာမရွာများမှ ပြည်သူများကလည်း အကြမ်းဖက်စစ်ကောင်စီ တပ်များ ဝင်ရောက်အကြမ်းဖက်မည်ကို စိုးရိမ်ကာထွက်ပြေးတိမ်းရှောင်နေကြရသည်။

Public Service Announcement

Public Service Announcement

အပြစ်မဲ့ရွာသားများကိုအကြမ်းဖက် သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ မွေးမြူထားသော တိရိစ္ဆာများကို သတ်ဖြတ်သည့် လုပ်ရပ်များအတွက် လက်တုန့်ပြန်သွားမည်ဟုလည်းYDF က ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

Facebook