Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၅)နယ်မြေတွင် တစ်ရက်အတွင်း တိုက်ပွဲ ​ခြောက်ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးသေဟု ထုတ်ပြန်

စစ်ကောင်စီတပ်၏ ဒီဇင်ဘာ ၂၀ရက်မှ ယနေ့(ဒီဇင်ဘာ ၂၂ရက်)နံနက်ပိုင်းအထိ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှု အခြေအနေကိုလည်း KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေတွင် ဒီဇင်ဘာ ၁၉ရက်က တိုက်ပွဲ​ခြောက်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၂ဦးသေ၊ ​လေးဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန် သည်။

တပ်မဟာ(၅) ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်လှုပ်ရှားလျက်ရှိသော အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံတပ်ကို ဖာပွန်-ကမမောင်းလမ်းပေါ် မော်လော်ကလိုး ဒေသ၊ ခွေးသေနှင့် ၂၁ မိုင်ကြား၊ ဝါ့ကလေ့တူ ဒေသ၊ ထီးဘာ့အဲလော်ဒေသ၊ တမိုလာလူ ဒေသနှင့် မော်လော်ကလိုး ဒေသတို့၌ စုစုပေါင်း ​ခြောက်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ ဒီဇင်ဘာ ၂၀ရက်မှ ယနေ့(ဒီဇင်ဘာ ၂၂ရက်)နံနက်ပိုင်းအထိ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှု အခြေအနေကိုလည်း KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၀ရက် ညသန်းခေါင်ယံအချိန်တွင် စစ်ကောင်စီတပ်ယာဉ်တန်း ၃၀သည် ကမမောင်းမှ ဖာပွန်သို့ ဦးတည်ထွက်ခွာသွားကြောင်း ၊ဒီဇင်ဘာ ၂၁ရက်ကလည်း ညသန်းခေါင်ယံ အချိန်တွင် ဖာပွန်ခရိုင်းအတွင်း စစ်ကောင်စီ၏တိုက်လေယာဉ်တစ်စီး လာရောက် ကင်းထောက်လှည့်ပတ်ခဲ့ပြီး နေ့လည်ပိုင်း၌ တစ်စီး လာရောက်ထောက်လှမ်းကြောင်း၊ ဒီဇင်ဘာ ၂၂ရက် နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက်ကင်းထောက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။