News စစ်ကိုင်းတိုင်းမြို့နယ် လေးခုတွင် ဒေသခံကာကွယ်ရေးတပ်များတိုက်ခိုက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး၁၈ဦးသေဆုံး ယနေ့ နေ့လည်ပိုင်းတွင် ဒီပဲယင်းမှတက်လာသည့် စစ်ကောင်စီ၏ ကား သုံးစီး ၊ အိမ်စီးကား တစ်စီးနှင့် စစ်ကောင်စီများ လိုက်ပါလာသည့် နာရေးကား တစ်စီးကို ဘုတလင်မြို့အဝင်တွင် မိုင်းဆွဲခံရပြီး နှစ်စီး ပျက်စီးသွားသည်ဟု ဆိုသည်။ LuduNwayOoအောက်တိုဘာ 11, 2021
News ကေအဲန်ယူနယ်မြေထဲ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ထောက်လှမ်းတာတွေလုပ်နေ ကေအဲန်ယူ ဘားအံခရိုင်ရဲ့ ပိုင်ကျုံမြို့နယ်နဲ့ နဘူးမြို့နယ်ထဲကို ဒီကနေ့ ည ၆ နာရီကျော်အချိန်က အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်လှမ်းရေးဒရုန်းအကြီးစားတစ်စင်း လာရောက်ထောက်လှမ်းခဲ့တာပါ။ LuduNwayOoအောက်တိုဘာ 11, 2021
News ဆော-ကျောက်ထုလမ်းပိုင်းတွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၂၀ ထက်မနည်းသေဆုံး “အဲဒီမှာ တစ်ကြိမ်၊ ဒီဘက် ကချောင်းနဲ့ ကန်ကြီးအစပ်ကြား တစ်ကြိမ်ပေါက်တယ်။ အဲဒီမှာ သေနတ်ကိုအချက်ပေါင်းများစွာ ပစ်ဖောက်လာခဲ့တယ်။ သူတို့ဘက်က အထိအခိုက်ကရှိမှာ။ အနည်းဆုံး ၁၀ဦးလောက်တော့ မှန်းထားကြတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။ LuduNwayOoအောက်တိုဘာ 10, 2021
News သာကေတမြို့နယ်ရှိစစ်ကောင်စီရေတပ်စခန်းရှေ့ဗုံးနှစ်လုံးပေါက် စစ်သား၃ ဦးဒဏ်ရာရ "ဆေးရုံကားတွေတော့ ရေတပ်ထဲက ထွက်လာတာ တွေ့တယ်။ သေ၊ မသေ တော့ မသိသေးဘူး"ဟု ပေါက်ကွဲမှုဖြစ်စဥ် အနီးတဝိုက်နေထိုင်သူ တစ်ဦးကပြောသည်။ LuduNwayOoအောက်တိုဘာ 10, 2021
News ပွင့်ဖြူဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည်ဟုဆိုကာ စစ်ကောင်စီတပ်ပစ်ခတ်၍ လူငယ်တစ်ဦးသေဆုံး စစ်ကောင်စီတပ်အနေဖြင့် သတင်းပေးသူများ ပြောဆိုသည့်အတိုင်း ဖြစ်စဉ်တွင် ပါဝင်သည်ဖြစ်စေ မပါသည်ဖြစ်စေ ဖမ်းဆီးမှုလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။ LuduNwayOoအောက်တိုဘာ 10, 2021
News စစ်ကောင်စီကိုတိုက်ရန် EAO များစုစည်းနိုင်အောင်လုပ်ရမည်ဟု KNPPစစ်ဦးစီးချုပ်ပြော၊ လက်တွေ့တွင် ကချင်၊ ချင်း၊ KNUနှင့် ကရင်နီတို့သာတိုက်နေဟုဆို စစ်ကောင်စီကို တိုက်ခိုက်ရာတွင် အောင်ပွဲခံနိုင်ရန် ကျန်သည့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှု လုပ်ဆောင်ရမည်ဖြစ်သည်ဟု ဗိုလ်ချုပ်ဘီထူးက ပြောသည်။ LuduNwayOoအောက်တိုဘာ 10, 2021
News စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများပြင်းထန်လာသော်လည်းစစ်ကောင်စီက ဝန်ထမ်းများကိုမဖြစ်မနေရုံးတက်ရန်ဖိအားပေးနေ "ရုံးတွေ မဖြစ်မနေတက်ရမယ်တဲ့။ မတက်ရင် CDM စာရင်းသွင်းမယ်ဆိုပြီး ဖိအားပေးနေတယ်" ဟု ဦးစီးအရာရှိအဆင့် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောသည်။ LuduNwayOoအောက်တိုဘာ 10, 2021
News DKBA အရာရှိတစ်ဦးနေအိမ်ရောက်နေတဲ့ ထိုင်းသွားအလုပ်လုပ်မယ့် မြန်မာလုပ်သား တစ်ရာကျော်ကို စစ်ကောင်စီတပ်ဖမ်းဆီး အလုပ်သမားတွေဖမ်းမိခဲ့တဲ့အိမ်က NCA လက်မှတ်ထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA)အရာရှိတစ်ဦးရဲ့ နေအိမ်ဖြစ်ပါတယ်။ LuduNwayOoအောက်တိုဘာ 10, 2021
News ပခုက္ကူမြို့နယ်မှ စစ်ကောင်စီခန့်အုပ်ကြီးများအောက်တိုဘာ၁၀ရက်မှစတင်နှုတ်ထွက်ရန် PDF-PKU သတိပေး ပြည်သူလူထုများအနေဖြင့်လည်းအရေးတော်ပုံအမြန်ဆုံးအောင်နိုင်ရေးအတွက် PDFအဖွဲ့၀င်များ၊ တော်လှန်ရေးအင်အားစုများအား တတ်စွမ်းရာကဏ္ဍမှ ဝိုင်း၀န်းပူးပေါင်းဆောင်ကြပါရန် အသိပေးသည်။ LuduNwayOoအောက်တိုဘာ 10, 2021
News ပြည်သူလူထုက ဆန့်ကျင်နေ၍နောက်နှစ်မကုန်မီ စစ်ကောင်စီကျရှုံးမည်ဟု ကရင်နီတပ်စစ်ဦးစီးချုပ်သုံးသပ် “မင်းအောင်လှိုင်က ရွာသားများကို သတ်ပြီး နေအိမ်များကို မီးရှို့နေခြင်းကြောင့် အားလုံးက မဆန့်ကျင်ဘဲ မနေဘူး”ဟု လူငယ်အများအပြား လက်နက်ကိုင်တော်လှန် ရေးတွင်ပါဝင်လာမှုကို ဗိုလ်ချုပ်ဘီထူးက မှတ်ချက်ပြုသည်။ LuduNwayOoအောက်တိုဘာ 10, 2021