Connect with us

Hi, what are you looking for?

News

ဖာပွန်ခရိုင်တိုက်ပွဲ သုံးရက်အတွင်း စစ်ကောင်စီတပ်မှ ရှစ်ဦးသေ၊ ၂၇ဦးဒဏ်ရာရဟု KNU ထုတ်ပြန်

စစ်ကောင်စီတပ်အနေဖြင့် KNU ထိန်းချုပ်ဒေသသို့ အင်အားဖြည့်တင်းခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့်နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်နေသည်ဟုဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟ(၅)နယ်မြေ ဖာပွန်ခရိုင်တွင် သုံးရက်အတွင်း တိုက်ပွဲ ၈ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်ဖွဲ့ဝင် ၈ဦးသေဆုံးခဲ့သည်ဟု KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၇ရက်နှင့် ၉ရက်နေ့များတွင် ဖြစ်ပွားသည့် တိုက်ပွဲများ၌ စစ်ကောင်စီနှင့် ၎င်း၏ ခါးပိုက်ဆောင်တပ်BGF ဘက်မှ သေဆုံးသူများအနက် တပ်ခွဲမှူးတစ်ဦးနှင့် ဒုတပ်ခွဲမှုးတစ်ဦး ပါရှိကာ ၂၇ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

အောက်တိုဘာ ၉ရက်က ဖာပွန်ခရိုင် ဖွာဟဲထာဒေသ၌ တစ်ရက်တည်း ၆ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ကို KNU တပ်မဟာ(၅)နှင့် တပ်မဟာ(၇) ပူးပေါင်းစစ်ကြောင်းများက ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ယင်းတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁ဦးသေ၊ ၇ဦး ဒဏ်ရာရခဲ့ပြီး KNU တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၇ရက် နံနက်ပိုင်းက KNU အုပ်ချုပ်ရေးနယ်မြေ ဒွယ်လိုးမြို့နယ် ထွီသီးအူ ရွာနှင့် တောင်သုံးလုံးရွာအကြား၌ တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏ ခါးပိုက်ဆောင် BGF တပ်ဖက်မှ ၇ဦး သေဆုံးကာ ၂၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကားတစ်စီးလည်း ထိခိုက်ပျက်စီးသွားကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် KNU ထိန်းချုပ်ဒေသသို့ အင်အားဖြည့်တင်းခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့်နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်နေသည်ဟုဆိုသည်။

အောက်တိုဘာ ၇ရက် အကြမ်းဖက်စစ်ကောင်စီ ကွပ်ကဲမှုအောက်ရှိ BGF နယ်ခြားစောင့်တပ်ဖွဲ့ ဝင်များသည် ဖောထီးခူ ကျေးရွာသူ နော်မူဆီမှ ကျေးရွာလက်သည်ဖြင့် မွေးဖွားရန် အခက်အခဲရှိ၍ ကမမောင်းမြို့ ဆေးရုံသို့ စက်လှေဖြင့်အသွား၊ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ကာ လာလမ်းအတိုင်း နောက်ကြောင်း ပြန်လှည့်မောင်းစေခဲ့သည်ဟု KNU တပ်မဟ(၅)က ထုတ်ပြန်သည်။

အောက်တိုဘာ ၈ရက်ကလည်း စစ်ကောင်စီ လက်အောက်ခံ ခမရ(၄၀၆)တပ်ဖွဲ့ဝင်များသည် ဒူးပြယ်ကျိုးရွာသို့ လက်နက်ကြီး အလုံးပေါင်း ၁၀လုံးခန့် ပစ်ခတ်ခဲ့၍ ဒေသခံမျာ စိုးရိမ်ကြောက်လန့်နေရသည်ဟုဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ(၅) နယ်မြေတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများပြားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

Facebook