သတင်း KNU တပ်မဟာ ၃ နယ်မြေထဲ စစ်ရေးလှုပ်ရှားမှုတွေကြောင့် စာသင်ကျောင်း ၁၃ ကျောင်းပိတ်ထားရ လတ်တလောမှာ ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်အတွင်းရှိ ပြည်သူလူထုတွေဟာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေကြောင့် ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။ LuduNwayOoဇူလိုင် 4, 2022
သတင်း မင်းတပ်ရှိ စာသင်ကျောင်းနှင့် ဘုရားကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၍ ပြည်သူ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများပြား စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းက လက်နက် ကြီးများဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့၍ အသက် ၁၄နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။ LuduNwayOoဇူလိုင် 2, 2022
သတင်း ဖလမ်းတွင် စစ်ကောင်စီတပ်က စာသင်ကျောင်းအနီး အသံမိုင်းခွဲကာ ချင်းတပ် CNO/CNDF အား ပြည်သူအမြင်မှားစေရန် လုပ်ဆောင်ဟု ထုတ်ပြန် ဇွန်လ ၁၅ရက်က ဖြစ်ပွားခဲ့သည့်အဆိုပါအသံမိုင်းခွဲမှုအပြင် "မိမိတို့၏သားသမီးများအလောင်းမကောက်လိုပါကကျောင်းမထားကြနဲ့” ဟူသော ခြိမ်းခြောက်စာတစ်ချိူ့လည်း ကပ်ထား ကြောင်း ဖော်ပြထားသည်။ LuduNwayOoဇွန် 21, 2022
သတင်း ဘာသာရေးအဆောက်အဦး၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို အထူးလေးစားဖို့ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ထပ်မံတောင်းဆို မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်(CBCM)ဟာ နိုင်ငံတော်အတွင်းဖြစ်ပွားနေတဲ့ လက်ရှိအခြေအနေတွေကြောင့် အင်မတံဝမ်းနည်းကြေကွဲရပြီး လူဦးရေထောင်ချီရွှေ့ပြောင်းနေကြခဲ့ရာ သန်းနဲ့ချီလည်း ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ LuduNwayOoဇွန် 13, 2022
သတင်း KNUနယ်မြေ တောင်ကြာအင်းရွာရှိ စာသင်ကျောင်းကို ရပ်ရွာကဖွင့်လိုသော်လည်း စစ်ကောင်စီတပ် နေရာဖယ်မပေး၍ ဘုန်းကြီးကျောင်း၌ပြောင်းရွှေ့ သင်ကြားနေရ ခမရ(၅၄၆)တပ်ရင်းက တောင်ကြာအင်းအထက်တန်း ကျောင်းတွင် တပ်ဆွဲထားဆဲဖြစ်၍ ရပ်မိရပ်ဖများနှင့် ကျောင်းဆရာ၊မများသည် တောင်ကြာအင်း ဘုန်းကြီး ကျောင်းတွင် ပညာသင်ကြားရန် ဆုံးဖြတ်ခဲ့ကြကြောင်းထုတ်ပြန်သည်။ LuduNwayOoဇွန် 10, 2022
သတင်း ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ထိန်းချုပ်နယ်မြေရှိ စာသင်ကျောင်းများအတွက် ပံ့ပိုးကူညီပေးရန် မေတ္တာရပ်ခံ ပေါက်တောင်ပိုင်းပြောက်ကျားတပ် လုံခြုံးယူပေးနေသောကျောင်းများတွင် NON-CDM ဝန်ထမ်းများ၏ သားသမီးများ၊ ဒလန်ပျူတို့၏သားသမီးများ ကျောင်းတက်ခွင့် လုံးဝ(လုံးဝ)မပြုကြောင်းလည်း ဖော်ပြခဲ့သည်။ LuduNwayOoဇွန် 9, 2022
သတင်း ဟုမ္မလင်းတွင် စာသင်ကျောင်း ဗုံးခွဲပြီး PDFကို ပုံဖျက်ရန်လုပ်ဆောင်မှုရှိဟု အသိပေး ကျောင်းဝန်းရှင်းလင်းရန်အတွက် တစ်အိမ်တစ်ယောက် မလာမနေရ လက်နက်ဖြင့် ခြိမ်းခြောက်နေသော လက်နက်ကိုင်အဖွဲ့အစည်းများကို ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် အတင်းအဓမ္မ စေခိုင်းမှုများကို ရပ်တန့်ပြီး ဖက်ဒရယ်ပညာရေးကို ရှေးရှုဆောင်ရွက်ရန် တိုက်တွန်းကြောင်းလည်း ဖော်ပြထားသည်။ LuduNwayOoဇွန် 9, 2022
သတင်း ကော်သူးလေအုပ်ချုပ်နယ်မြေထဲက စာသင်ကျောင်းတွေမှာ ကျောင်းသားဦးရေပိုတိုးလာနေ ကေအဲန်ယူလက်အောက်ခံ စာသင်ကျောင်းတွေမှာ ကျောင်းသားဦးရေများပြားလာလို့ ကျောင်းဆောင်တွေထပ်တိုးတည်ဆောက်ရပြီး ကျောင်းဆရာဆရာမတွေလည်းလိုအပ်ချက်ရှိတယ်လို့ ကရင်ကျောင်းသားများကွန်ယက်(KSNG)က သတင်းပြန်ကြားရေးတာဝန်ခံ စောအဲ့ကညောက အခုလိုပဲပြောပြပါတယ်။ LuduNwayOoဇွန် 8, 2022
သတင်း လွတ်မြောက်နယ်မြေများတွင် စာသင်ကျောင်းဖွင့်လှစ်တော့မည်ဖြစ်၍ CDM ဆရာ၊ ဆရာမများကို မတူပီမြို့ပညာရေးဘုတ်အဖွဲ့ မေတ္တာရပ်ခံဖိတ်ခေါ် CDF(မင်းတပ်)အနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသည့် ဝန်ထမ်းများကို လက်တွေ့ကျကျ ထိထိရောက်ရောက်အရေးယူမည်ဟု ဇွန်လ ၃ ရက်စွဲဖြင့် သတိပေးထုတ်ပြန်ထားသည်။ LuduNwayOoဇွန် 6, 2022
သတင်း ရန်ကုန်မြို့ရှိ စာသင်ကျောင်းအချို့တွင် စစ်ကောင်စီက ဖောက်ခွဲမှုပြုလုပ်မည်ဟု သတင်းရရှိထား၍ ပြည်သူများဂရုစိုက်ကြရန် သတိပေး "စခ၊ ရခတွေက မနိုင်ရင် ရသလိုညစ်ပတ်ပြီး အကောက်ကြံကြမှာပါ။ ဒါ့ကြောင့် မိဘပြည်သူများအနေဖြင့် အတက်နိုင်ဆုံးဂရုစိုက်ကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။"ဟု GNC မှတာဝန်ရှိသူကပြောသည်။ LuduNwayOoဇွန် 4, 2022