Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂိုင်ယာနာမှာ ဖုန်းအသိမ်းခံရလို့ ဒေါသထွက်နေတဲ့ ကျောင်းသူက စာသင်ကျောင်းကို မီးရှို့ခဲ့တယ်လို့ဆို

သမ္မတ အာဖန်အလီကတော့ အခု မီးလောင်မှုဟာ နိုင်ငံအတွက် အထူးကြေကွဲစရာ ကပ်ဘေးကြီး တစ်ခုလို့ ပြောကြားသွားပါတယ်။

ဂိုင်ယာနာမှာ ဖုန်းအသိမ်းခံရလို့ ဒေါသထွက်နေတဲ့ ကျောင်းသူက စာသင်ကျောင်းကို မီးရှို့ခဲ့တယ်လို့ဆို
ဂိုင်ယာနာမှာ ဖုန်းအသိမ်းခံရလို့ ဒေါသထွက်နေတဲ့ ကျောင်းသူက စာသင်ကျောင်းကို မီးရှို့ခဲ့တယ်လို့ဆို

ဂိုင်ယာနာ နိုင်ငံမှာ ကလေး အယောက် ၂၀ နီးပါး သေဆုံးခဲ့တဲ့ စာသင်ကျောင်း မီးလောင်မှုဟာ ဖုန်းအသိမ်း ခံရလို့ ဒေါသထွက်နေတဲ့ ကျောင်းသူ တစ်ဦးရဲ့ လက်ချက် ဖြစ်နိုင်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အခု သီတင်းပတ် အစောပိုင်းက တောင်အမေရိက ဒေသတွင်း နိုင်ငံထဲက ကျောင်းတစ်ကျောင်းမှာ အဆောင် မီးလောင်မှု ဖြစ်ခဲ့ပါတယ်။ မီးလောင်တဲ့ အချိန်က အရမ်းစောနေသေးတာကြောင့် ဆယ်ကျော်သက် ကျောင်းသူတွေ ရုတ်တရက် မနိုးဘဲ ပိတ်မိပြီး သေဆုံးခဲ့ကြပါတယ်။ စုစုပေါင်း ၁၉ ဦး အသေအပျောက် ရှိခဲ့ရာမှာ ၁၈ ဦးက အသက် ၁၃ နှစ်နဲ့ ၁၈ ကြားအရွယ် မိန်းကလေးတွေလို့ သိရပါတယ်။ နောက်တစ်ဦးကတော့ အဆောင်မှူးရဲ့ ၅ နှစ်အရွယ် သားငယ်လေး ဖြစ်ပါတယ်။

အဆောင်ကို ညပိုင်းမှာ သော့ခတ်ထားပြီး ပြတင်းပေါက်တွေကိုလည်း သံပန်းတွေ တပ်ထားတာကြောင့် မိန်းကလေးတွေ အပြင်မထွက်နိုင်ဘဲ ပိတ်မိ သေဆုံးခဲ့ကြတာပါ။ စုံစမ်းမှုတွေ ပြုလုပ်ခဲ့တဲ့နောက် မီးဟာ အဆောင်ရဲ့ ရေချိုးခန်းကနေ စတင်ပြီး အဆောက်အအုံ တစ်ခုလုံးကို ကူးစက်သွားကြောင်း တွေ့ရှိထားပါတယ်။ မီးလောင်ချိန်က အဆောင်နေကျောင်းသူ ၅၇ ဦးထိ ရှိနေခဲ့ပါတယ်။

နိုင်ငံ အလယ်ပိုင်းက မာဒီရာမြို့မှာ ဖြစ်ပွားတဲ့ မီးလောင်မှုဟာ ရှို့မီးလို့ ယုံကြည်ရကြောင်း ရဲတွေက ပြောကြားခဲ့ပြီး အဓိက သံသယ တရားခံအဖြစ် မိန်းကလေး တစ်ဦးကို စွပ်စွဲထားပါတယ်။ အဲဒီ မိန်းကလေးဟာ အတန်းကြီး ကျောင်းသားတစ်ဦးနဲ့ အချစ်ရေး ကိစ္စကြောင့် စည်းကမ်းပိုင်းအရ အရေးယူခံထားရပြီး ဖုန်းပါ အသိမ်းခံထားရတဲ့အတွက် ကျောင်းအပေါ် မကျေမချမ်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ စည်းကမ်းပိုင်း အရေးယူမှု ခံရပြီးတဲ့နောက် ကျောင်းကို ဒုက္ခပေးမယ်လို့ လူသိရှင်ကြား ကြုံးဝါးထားပါတယ်။ လောလောဆယ်တော့ ရဲတွေက မိန်းကလေးကို စစ်ဆေးမေးမြန်းမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

ဒေသခံ မီဒီယာတွေရဲ့ အဆိုအရ မီးလောင်ကျွမ်းမှုက အရမ်းဆိုးရွား ပြင်းထန်ပြီး တချို့ အလောင်းတွေဟာ ဘယ်သူဘယ်ဝါ သိရဖို့အတွက် DNA စစ်ဆေးမှုတောင် လုပ်ခဲ့ရကြောင်း သိရပါတယ်။ သမ္မတ အာဖန်အလီကတော့ အခု မီးလောင်မှုဟာ နိုင်ငံအတွက် အထူးကြေကွဲစရာ ကပ်ဘေးကြီး တစ်ခုလို့ ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ် နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ အာဏာသိမ်းပြီး ၅နှစ်ကျော်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၅၉လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသူကျောင်းသားသေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုက အောက်တိုဘာ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ စစ်တပ်ထိန်းချုပ်မှု​အောက်ရှိ သာပေါင်းလေးရွာအလယ်တန်းကျောင်းကို စစ်တပ်ကဒရုန်းနဲ့ ဗုံးပြန်ကြဲလို့ ​ကျောင်းသားငယ်တွေအပါအဝင် ၈ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။