Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင် စစ်ကောင်စီတပ်မီးရှို့၍ ကင်းရွာ နေအိမ် ၁၈၀ခန့်နှင့် စာသင်ကျောင်းဆောင်များ မီးလောင်

မတ္တရာမြို့နယ်တွင် လက်ရှိ စစ်ဘေးရှောင်စခန်းသုံးခုရှိနေပြီး အိမ်ထောင်စုပေါင်း ၉၉ စု၊ လူဦးရေ ၃၃၅ ဦးရှိနေကြောင်း မတ္တရာ(ပကဖ)က ဆိုသည်။

မီးရှို့ခံရသော ကင်းကျေးရွာရှိ လူနေအိမ်များနှင့် စစ်ကောင်စီတပ်သားများကျန်ရစ်ခဲ့သော အသုံးအဆောင်များအား တွေ့ရစဥ်။ရဓာတ်ပုံ-မတ္တရာ(ပကဖ)
မီးရှို့ခံရသော ကင်းကျေးရွာရှိ လူနေအိမ်များနှင့် စစ်ကောင်စီတပ်သားများကျန်ရစ်ခဲ့သော အသုံးအဆောင်များအား တွေ့ရစဥ်။ရဓာတ်ပုံ-မတ္တရာ(ပကဖ)

▪️ယင်းစစ်ကြောင်းမှာ တိုက်ခိုက်ရေးတပ်မဟုတ်ဘဲ တပ်မတော်နည်းပညာတက္ကသိုလ် လက်အောက်ခံဟု မတ္တရာ(ပကဖ) ပြော

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ကင်းကျေးရွာရှိ လူနေအိမ် ၁၈၀ခန့် နှင့် စာသင်ကျောင်းဆောင် နှစ်ဆောင် မီးလောင်ဆုံးရှုံးခဲ့ကြောင်း မတ္တရာ (ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ (ဧပြီ ၁၁ရက်) မွန်းလွဲပိုင်းက မတ္တရာ အရှေ့ပိုင်းနယ်၊ တောင်ကန်အုပ်စု ကင်းကျေးရွာအား စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၇၉ လုံး၊စာသင်ကျောင်းဆောင် နှစ်ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း မတ္တရာ(ပကဖ) အဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်အား ၁၀ရက်အတွင်း မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ရာ စစ်ကြောင်းမှုးအပါအဝင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မတ္တရာ(ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ထွက်ခွာသွားပြီးနောက် ယူနီဖောင်းအချို့နှင့် အသုံးအဆောင်အချို့တွေ့ရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အဲဒီတပ်ကို ၁၀ရက်လောက်အတွင်းမှာ ပကဖရော ၊ LDF တွေရော အားလုံးပေါင်းပြီး မိုင်းကွင်းတွေနဲ့ဆွဲတိုက်ခိုက်တာ ရှိတယ်။ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာရှိတယ်။စစ်ကြောင်းမှုးဗိုလ်မှူးအောင်မြင့်ဆိုသူကျသွားတယ်လို့ သတင်းရတယ်။ အဲဒီတပ်က ရွာကိုဝင်တုန်းကတော့ အင်အား၈၀ လောက်ပါလာတယ်။ ရွာကနေပြန်ထွက်သွားတော့ ၄၅ ဦးပဲပြန်ထွက်နိုင်တယ်လို့ ကြားတယ်။ ကျန်တဲ့ ၃၅ ဦးက ဒဏ်ရာရသွားတာတွေလည်းရှိတယ်။ကျသွားတာတွေလည်းရှိနိုင်တယ်။”ဟု မတ္တရာ(ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကြောင်းမှရရှိသည့် ကင်းဇယား၊ ဖွဲ့စည်းပုံများအရ ယင်းစစ်ကြောင်းသည် တပ်မတော်နည်းပညာတက္ကသိုလ်လက်အောက်ခံတပ်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မီးရှို့ခံရသော ကင်းကျေးရွာရှိ လူနေအိမ်များနှင့် စစ်ကောင်စီတပ်သားများကျန်ရစ်ခဲ့သော အသုံးအဆောင်များအား တွေ့ရစဥ်။ရဓာတ်ပုံ-မတ္တရာ(ပကဖ)
မီးရှို့ခံရသော ကင်းကျေးရွာရှိ လူနေအိမ်များနှင့် စစ်ကောင်စီတပ်သားများကျန်ရစ်ခဲ့သော အသုံးအဆောင်များအား တွေ့ရစဥ်။ရဓာတ်ပုံ-မတ္တရာ(ပကဖ)

“တပ်မတော်နည်းပညာတက္ကသိုလ် လက်အောက်မှာရှိတဲ့ သင်တန်းကျောင်းတွေကသူတွေကိုစုပေါင်းပြီး လာတဲ့သဘောပဲ။ တိုက်ခိုက်ရေးတပ်မဟုတ်ဘူး။လက်ရုံးတပ်ပုံစံမျိုး။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

မတ္တရာမြို့နယ်တွင် လက်ရှိ စစ်ဘေးရှောင်စခန်းသုံးခုရှိနေပြီး အိမ်ထောင်စုပေါင်း ၉၉ စု၊ လူဦးရေ ၃၃၅ ဦးရှိနေကြောင်း မတ္တရာ(ပကဖ)က ဆိုသည်။

မန္တလေးတိုင်းတွင် အာဏာသိမ်းကာလအတွင်း ၂၀၂၃ ဖေဖော်ဝါရီလအထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၃၈၆ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အတွင်းစစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်သားစုဆောင်းခံရသည့် တပ်သားကိုဝေယံထွန်းသည်ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်ခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က ယနေ့ထုတ်ပြန်သည်။

သတင်း

လပခ က မန္တလေး-မတ္တရာကားလမ်းပိုင်းကို ပြန်မရရင်တပ်ပြန်ဆုတ်ခွင့်မပြုပဲ မရမချင်းတိုက်ရမယ်လို့အမိန့်ပေးထားဟုဆို

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များဖမ်းဆီးရာ၌ ‘ဝ’တပ်ဖွဲ့(UWSA)၏ လိုင်စင်မဲ့ကားများကို မဖမ်းရဲဘဲ ဒေသခံအရပ်သားကားများကိုသာ ရွေးဖမ်းနေကြောင်း မြို့ခံများက ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်တွင် စစ်ကောင်စီတပ်၏ လမ်းကင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ကြောင်း People Defence Force Thandaung တာဝန်ရှိသူက ပြောသည်။