Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ဖို့ ထိုင်းယာယီဝန်ကြီးချုပ် စီစဉ်၊ စစ်ရေးအရ တုံ့ပြန်ဖို့ပဲ ရွေးချယ်စရာ ရှိတယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ပြော

လက်ရှိ ဖြစ်ပွားနေတဲ့ နယ်စပ် စစ်ရေး ပဋိပက္ခကို သတိကြီးကြီးနဲ့ ကိုင်တွယ်ဖို့ ထိုင်းယာယီ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။ တစ်ဖက်မှာတော့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က စစ်အင်အားသုံး တုံ့ပြန်ဖို့ကလွဲပြီး နည်းလမ်း မရှိဘူးလို့ ပြောကြားထားပါတယ်။

AFP

လက်ရှိ ဖြစ်ပွားနေတဲ့ နယ်စပ် စစ်ရေး ပဋိပက္ခကို သတိကြီးကြီးနဲ့ ကိုင်တွယ်ဖို့ ထိုင်းယာယီ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။ တစ်ဖက်မှာတော့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က စစ်အင်အားသုံး တုံ့ပြန်ဖို့ကလွဲပြီး နည်းလမ်း မရှိဘူးလို့ ပြောကြားထားပါတယ်။

နယ်စပ်မှာ နှစ်ဖက်စစ်တပ်တွေ ပစ်ခတ်မှုကနေ လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေကိုပါ အသုံးပြုတဲ့ စစ်ရေး ပဋိပက္ခမျိုးအဖြစ် နာရီပိုင်းအတွင်း ကြီးထွားလာတဲ့နောက် ထိုင်းယာယီ ဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်က အမျိုးသား လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၂၄ ရက်နေ့က ဘန်ကောက်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ဝီချာရာချိုင်က နယ်စပ်က စစ်ရေးပဋိပက္ခနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တိုင်းဟာ သတိထား ရှေ့ဆက်ဖို့ လိုကြောင်း အထူးတလည် ထောက်ပြခဲ့ပါတယ်။

ကမ္ဘောဒီးယားဖက်မှာတော့ ဝန်ကြီးချုပ် ဟွန်မာနတ်က လက်နက်ကိုင် ရန်လိုမှုကို တွန်းလှန်ဖို့ လက်နက်ကိုင် တပ်တွေကို အသုံးချရုံလွဲရင် တခြားရွေးချယ်စရာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ သူက ကမ္ဘောဒီးယား အာဏာပိုင်တွေဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ တက်တက်ကြွကြွနဲ့ ရဲရဲရင့်ရင့် အားထုတ် ကြိုးစားနေကြတယ်လို့လည်း Facebookမှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၄ ရက်နေ့ မနက်ပိုင်းက စတင်တဲ့ နယ်စပ် တိုက်ပွဲတွေကြောင့် ထိုင်းဖက်ခြမ်း ဆူရင်ဒေသမှာ အရပ်သား အနည်းဆုံး ၁ ဦး ဒုံးကျည် ထိမှန် သေဆုံးကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ထိုင်းဖက်ခြမ်း နယ်စပ်မှာ အရပ်သား သေဆုံးမှု နှစ်ဦးထက်မနည်း ရှိနေပြီး ဒဏ်ရာရ စာရင်းတွေလည်း ကြားသိထားကြောင်း သတင်းတွေက ဖော်ပြပါတယ်။ ကမ္ဘောဒီးယားဖက်က အသေအပျောက် စာရင်းကိုတော့ မသိရသေးပါဘူး။

ကမ္ဘောဒီးယားဟာ ဆိုဗီယက်လုပ် BM-21 အတွဲလိုက်ပစ် ဒုံးကျည်တွေနဲ့ ထိုင်းလူနေရပ်ကွက်တွေကို တိုက်ခိုက်နေကြောင်း ထိုင်းစစ်တပ်က စွပ်စွဲထားပါတယ်။ ကမ္ဘောဒီးယားကလည်း ထိုင်းဟာ တိုက်လေယာဉ်တွေကိုပါ အသုံးပြုပြီး ကမ္ဘောဒီးယား ပိုင်နက်ထဲမှာ ဗုံးတွေ ကြဲချနေတာကို ရှုတ်ချကြောင်း ကြေညာထားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။