Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီယား တပ်စခန်းတွေကိုဗုံးကြဲဖျက်ဆီးနိုင်ခဲ့တယ်လို့ ထိုင်းစစ်တပ်ထုတ်ပြန်

ဒီနေ့တိုက်ပွဲမှာ လေတပ်ရဲ့ F -16 တိုက်လေယာဉ်တွေဟာ ကမ္ဘောဒီးယားစစ်တပ်ရဲ့ အမိန့်ပေးတပ်စခန်းတွေကို တိတိကျကျ​ဗုံးကြဲ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်တဲ့ဓာတ်ပုံတွေကို ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြလာပါတယ်။

ဓာတ်ပုံ - 2nd Army Region

ဇူလိုင် – ၂၄ ၊၂၀၂၅ /People’s Spring

ဒီနေ့တိုက်ပွဲမှာ လေတပ်ရဲ့ F -16 တိုက်လေယာဉ်တွေဟာ ကမ္ဘောဒီးယားစစ်တပ်ရဲ့ အမိန့်ပေးတပ်စခန်းတွေကို တိတိကျကျ​ဗုံးကြဲ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်တဲ့ဓာတ်ပုံတွေကို ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြလာပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုတွေဟာကမ္ဘောဒီးယားရဲ့အမှတ်၈နဲ့ အမှတ် ၉စစ်နယ် မြေ တပ်စခန်းတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီ တပ်စခန်းတွေဟာ ထိုင်းဘက်ခြမ်းကို လက်နက်ကြီးနဲ့ပစ်ခတ်ရာမှာ အဓိကကျတဲ့ တပ်စခန်းတွေဖြစ်တယ်လို့ ဘန်ကောက်ပို့စ်ကရေးသားပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းမီဒီယာတွေမှာတော့ ဒီမနက်တိုက်ပွဲမှာ ကမ္ဘာဒီးယားက အတွဲလိုက်ပစ်ဒုံးတွေနဲ့ ထိုင်းဘက်ခြမ်းကို ပစ်ခတ်ခဲ့တယ်လို့ ဆိုထားပါတယ်။ အဲဒီ လက်နက်ကြီး ကျည်ဟာ နယ်စပ်နားက ထိုင်းရဲ့ ဆစ်စကက် ပြည်နယ်ထဲက ဘန်ဖျူးမှာ ဆီဆိုင်တစ်ခု ထိမှန်ပြီး မီးလောင်နေတဲ့ ဓာတ်ပုံတွေကိုဖော်ပြပါတယ်။

ဒီနောက်မှာတော့ နယ်စပ်မှာရှိတဲ့ ကမ္ဘောဒီးယားက စစ်ရေး ပစ်မှတ်တွေကို တုံ့ပြန်ဖို့ ထိုင်းလေတပ်က F-16 တိုက်လေယာဉ် ၆ စီးကို စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။

ထိုင်းတိုက်လေယာဉ်တွေဟာ ကမ္ဘောဒီးယား ထိန်းချုပ်နယ်မြေထဲကို အနည်းဆုံး ဗုံးနှစ်လုံး ကြဲချခဲ့တယ်လို့လည်း ကမ္ဘောဒီးယား သတင်းဌာန Khmer Times ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။