Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းရဲ့ ရန်လိုမှုတွေကို တားဆီးပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ကမ္ဘောဒီးယား စာပို့တောင်းဆို

ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခနဲ့ ပတ်သက်လို့ အရေးပေါ် အစည်းအဝေး ကျင်းပပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC)ကို ကမ္ဘောဒီးယား အစိုးရက စာပို့ပြီး တိုက်တွန်းလိုက်ပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခနဲ့ ပတ်သက်လို့ အရေးပေါ် အစည်းအဝေး ကျင်းပပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC)ကို ကမ္ဘောဒီးယား အစိုးရက စာပို့ပြီး တိုက်တွန်းလိုက်ပါတယ်။

ဇူလိုင် ၂၄ ရက်နေ့က အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ နယ်စပ် အငြင်းပွားမှုတွေကို အကြောင်းပြုပြီး စစ်ရေး ပဋိပက္ခ စတင်လာတဲ့နောက် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က UNSCဆီ စာပို့ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဖက်က လက်ရှိ ကျူးကျောမှုဟာ အရမ်း အန္တရာယ်များပြီး ဆိုးရွားတာကြောင့် ဒေသရဲ့ တည်ငြိမ် အေးချမ်းမှုကို အပြင်းအထန် ခြိမ်းခြောက်နေကြောင်း၊ ဒါကြောင့်လည်း ထိုင်းရဲ့ ရန်လိုမှု၊ ရန်စမှုတွေကို ရပ်တန့်စေဖို့ UNSCက အရေးပေါ် အစည်းအဝေးတစ်ခု ကျင်းပပေးဖို့ အလေးအနက် တောင်းဆိုကြောင်း စာထဲမှာ ပါရှိခဲ့ပါတယ်။

ထိုင်းစစ်သားတွေဟာ နယ်စပ်မှာ ကမ္ဘောဒီးယား စစ်သည်တွေကို အကြောင်းမဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုတင် စီစဉ်ထားတဲ့ အခြေအနေမျိုး တိုက်ခိုက်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။ တစ်ဖက်မှာတော့ ပဋိပက္ခတွေ စတင်ရတာဟာ နယ်စပ်က ထိုင်းစစ်စခန်း တစ်ခုကို ကမ္ဘောဒီးယားတွေက ပစ်ခတ်တာကြောင့်လို့ ထိုင်းစစ်တပ်က ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းရဲ့ အကြောင်းမဲ့ ရန်လို တိုက်ခိုက်တဲ့ စစ်ရေး လုပ်ဆောင်ချက်တွေကို ကမ္ဘောဒီးယားက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချတယ်လို့လည်း ဟွန်မာနတ်က ပြောပါတယ်။ သူက ကမ္ဘောဒီးယား တပ်တွေဟာ ကိုယ့်နိုင်ငံကို ကာကွယ်ဖို့အတွက် စစ်အင်အားသုံး တုံ့ပြန်ရုံကလွဲလို့ ရွေးချယ်စရာ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

နောက်ပြီး ထိုင်းအနေနဲ့ ရန်လို တိုက်ခိုက်နေတာ အားလုံးကို ချက်ချင်း ရပ်တန်းက ရပ်ပေးဖို့၊ နယ်စပ်က တပ်တွေကို ပြန်ဆုတ်ပေးဖို့၊ နောက်ထပ် ကျူးကျော် ရန်စတဲ့ လုပ်ရပ် မှန်သမျှကို ထိန်းချုပ်ပေးဖို့ ကမ္ဘောဒီးယားက တောင်းဆိုလိုက်ကြောင်းလည်း သူ့ရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

Facebook