Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်း-ကမ္ဘောဒီးယားအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ် ဆွေးနွေးဖို့ စီစဉ်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC)ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက စစ်ရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အရေးပေါ် တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

Reuters

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC)ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက စစ်ရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အရေးပေါ် တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဇူလိုင် ၂၅ ရက်နေ့ကျရင် နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်မှာ UNSCရဲ့ တံခါးပိတ် အစည်းအဝေး တစ်ခုကို ကျင်းပသွားမယ်လို့ ဆိုပါတယ်။ စစ်ရေး ပဋိပက္ခ အစပြုခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့မှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ထိုင်းရဲ့ ရန်လို ကျူးကျော်မှုကို တားဆီးပေးဖို့ UNSCဆီ စာရေးသားပေးပို့ တောင်းဆိုခဲ့တာပါ။

အရှေ့တောင်အာရှ ဒေသတွင်း နှစ်နိုင်ငံဟာ နယ်စပ် အငြင်းပွားမှုနဲ့ ပတ်သက်လို့ ရှည်လျားတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ပြီး အထူးသဖြင့် ခမာယဉ်ကျေးမှုလက်ရာ ဘုရားကျောင်းတွေ ထိန်းချုပ်ခွင့်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်နေခဲ့ပါတယ်။ မေလမှာတော့ နှစ်ဖက်စစ်တပ်တွေကြား ပစ်ခတ်မှု ဖြစ်ပြီး ကမ္ဘောဒီးယား စစ်သားတစ်ယောက် သေဆုံးခဲ့ရာကနေ တင်းမာမှုတွေ ပိုဆိုးလာပါတယ်။ ဇူလိုင် ၂၄ ရက်နေ့မှာတော့ နှစ်နိုင်ငံကြား နယ်စပ်မှာ စစ်ရေးပဋိပက္ခတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။

စစ်ပွဲ စတင်ပေါ်ပေါက်လာတာနဲ့ ပတ်သက်လို့ ထိုင်းရော၊ ကမ္ဘောဒီးယားကပါ အပြန်အလှန် ဝေဖန် ပြစ်တင်ထားကြပြီး ကမ္ဘောဒီးယားရဲ့ လက်နက်ကြီးတွေကြောင့် ထိုင်းဖက်မှာ အရပ်သား အများစု အပါအဝင် ၁၂ ဦးလောက် သေဆုံးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြားထားပါတယ်။ ထိုင်းကလည်း ကမ္ဘောဒီးယား စစ်စခန်းတွေကို တိုက်လေယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက် ဧရိယာ အားလုံးနီးပါးကို ကွပ်ကဲရတဲ့ ထိုင်းအမှတ် ၂ စစ်ဒေသ ဌာနချုပ်ကတော့ နယ်စပ်ရဲ့ နေရာတချို့မှာ ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်းကလည်း တိုက်ပွဲငယ်တွေ ဆက်ဖြစ်နေတယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။

ကမ္ဘောဒီးယားက ထိုင်းဟာ လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ အပါအဝင် စစ်အင်အားကို လွန်လွန်ကဲကဲ အသုံးချခဲ့တယ်လို့ စွပ်စွဲထားပေမယ့် ဇူလိုင် ၂၄ ရက်နေ့ တိုက်ပွဲတွေမှာ ထိခိုက်သေကြေမှု ဘယ်လောက် ရှိခဲ့သလဲ ဆိုတာကိုတော့ မထုတ်ပြန်သေးပါဘူး။

ကိုးကား: Conflingo

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

Facebook