Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ပိုင်နက် အငြင်းပွားနေရာ တောင်ထိပ်တစ်ခုကို ထိုင်းစစ်တပ် သိမ်းယူပြီး အလံလွှင့်ထူ

နှစ်နိုင်ငံ နယ်စပ်မှာ ပိုင်ဆိုင်မှု အငြင်းပွားနေရာ တောင်ထိပ်တစ်ခုကို ထိုင်းစစ်တပ်က သိမ်းယူထားတဲ့ မှတ်တမ်း ဓာတ်ပုံတွေကို ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ - Khaosod

ဇူလိုင် – ၂၆ ၊၂၀၂၅ / People’s Spring

နှစ်နိုင်ငံ နယ်စပ်မှာ ပိုင်ဆိုင်မှု အငြင်းပွားနေရာ တောင်ထိပ်တစ်ခုကို ထိုင်းစစ်တပ်က သိမ်းယူထားတဲ့ မှတ်တမ်း ဓာတ်ပုံတွေကို ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဖူမက်ကူအာ တောင်ထိပ်မှာ ထိုင်းနိုင်ငံ အလံ လွှင့်ထူထားပုံ၊ ထိုင်းစစ်သားတွေက အနီးတဝိုက်မှာ တပ်ဖြန့်ပြီး လုံခြုံရေး ယူထားပုံ မှတ်တမ်း ဓာတ်ပုံတွေကို ထိုင်းသတင်းဌာန Khaosodက လူမှုကွန်ရက်ပေါ်မှာ တင်ထားခဲ့ပါတယ်။

အဲဒီ တောင်ဟာ ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက် စစ်ရေးလှုပ်ရှားမှုတွေကို တာဝန်ယူတဲ့ ထိုင်းအမှတ် ၂ စစ်ဒေသထဲက မဟာဗျူဟာကျတဲ့ နေရာတစ်ခုလို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုအခါ ထိုင်းစစ်တပ်ဟာ ဖူမက်ကူအာ တောင်တဝိုက်က ဧရိယာတွေကို အပြည့်အဝ ထိန်းချုပ်ထားပြီး လက်နက်ကြီးတွေပါ တပ်ဆင်ထားတယ်လို့ သိရပါတယ်။

ပြီးတော့ အနီးတဝိုက်က ကမ္ဘောဒီးယား ကာကင်းစခန်းတွေ၊ ကေဘယ်လ် ကောင်းကင်ကြိုး ရထားတွေကို ဖျက်ဆီးပစ်ခဲ့သလို ကမ္ဘောဒီးယားဖက်က လက်တုံ့ပြန် တိုက်ခိုက်မှုတွေရှိလာရင်ချေမှုန်းဖို့ အသင့်ပြင်ဆင်ထားတယ်လို့လည်း Khaosodက ဖော်ပြခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားကနယ်စပ်စစ်ရေးပဋိပက္ခဟာ သုံးရက်ဆက်တိုက် ဆက်လက် ဖြစ်ပွားနေပြီး ဇူလိုင် ၂၆ ရက်နေ့မှာတော့ ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်းနဲ့ ကမ္ဘောဒီးယားမြောက်ပိုင်းထိစပ်ရာနယ်စပ်တလျှောက် စုစုပေါင်း နေရာ ၉ ခုမှာ အပြန်အလှန် တိုက်ခိုက်နေကြတယ်လို့ သိရပါတယ်။

နှစ်ဖက် ပစ်ခတ်မှုတွေအတွင်း လမ်းချော်သွားတဲ့ ကျည်ဆန်တချို့ဟာ လာအိုနိုင်ငံ နယ်စပ်ဖက်ကို ကျရောက်ပြီး နေအိမ်တချို့ကိုလည်း ထိမှန်ခဲ့ပါတယ်။

ထိုင်းစစ်တပ်ကတော့ အခုဖြစ်စဉ်အတွက် အထူးတလည် စိတ်မကောင်း ဖြစ်ရကြောင်း ထုတ်ပြန်ပြီး ထိုင်းဖက်က ပစ်ခတ်တဲ့ ကျည်ဆန်တွေ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

စစ်ဆင်ရေးတွေအတွင်း ထိုင်းစစ်တပ်ဟာ စစ်ရေးပစ်မှတ် မဟုတ်တာတွေကို မထိအောင် အထူးသတိကြီးကြီးထားပြီး လုပ်ဆောင်ခဲ့ကြောင်းလည်း အမှတ် ၂ စစ်ဒေသ ကွပ်ကဲရေးက ကြေညာထားပါတယ်။

ကိုးကား – Khaosod

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

Facebook