Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

စစ်ရေးပဋိပက္ခ စတုတ္ထနေ့မှာ တင့်ကားတွေနဲ့ တိုက်လေယာဉ်တွေကို ထိုင်းစစ်တပ် အသုံးပြုနေ

နယ်စပ် စစ်ရေးပဋိပက္ခ ဖြစ်ပွားနေမှု စတုတ္ထနေ့အဖြစ် ကမ္ဘာဒီးယားနဲ့ ဆက်လက် တိုက်ခိုက်နေရာမှာ ထိုင်းစစ်တပ်ဟာ တင့်ကားတွေ၊ တိုက်လေယာဉ်တွေကို စစ်ဆင်ရေးအတွက် အသုံးပြုနေကြောင်း သိရပါတယ်။

နယ်စပ် စစ်ရေးပဋိပက္ခ ဖြစ်ပွားနေမှု စတုတ္ထနေ့အဖြစ် ကမ္ဘာဒီးယားနဲ့ ဆက်လက် တိုက်ခိုက်နေရာမှာ ထိုင်းစစ်တပ်ဟာ တင့်ကားတွေ၊ တိုက်လေယာဉ်တွေကို စစ်ဆင်ရေးအတွက် အသုံးပြုနေကြောင်း သိရပါတယ်။

ကမ္ဘောဒီးယားနဲ့ နယ်စပ် လုံခြုံရေးကို အဓိက တာဝန်ယူရတဲ့ ထိုင်း အမှတ် ၂ စစ်နယ်မြေ ကွပ်ကဲရေး လက်အောက်ခံ တပ်တွေဟာ ဇူလိုင် ၂၇ ရက်နေ့တုန်းက ကမ္ဘောဒီးယား စစ်ကြောင်းတွေကို ဖြတ်တောက်ဖို့အတွက် VT-4 တင့်ကားတွေကို ဖြန့်ကျက်လာခဲ့ပါတယ်။ အဲဒီ တင့်ကားတွေဟာ တရုတ်က တည်ဆောက်တဲ့ နည်းပညာမြင့် တင့်ကား အမျိုးအစားတွေ ဖြစ်ပါတယ်။

ပြီးတော့ ဆူရင် ပြည်နယ်၊ ဖနွမ်ဒေါင်ရက်ခ် ခရိုင်ထဲက ပရာဆတ် တာမွမ်သောင်နဲ့ ပရာဆတ် တာကွိုင် ဧရိယာတွေမှာ ကမ္ဘောဒီးယားက BM-21 ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်တာ ခံနေရတဲ့ ထိုင်းမြေပြင်တပ်တွေကို ကူညီဖို့ ထိုင်းလေတပ်ရဲ့ F-16 တိုက်လေယာဉ် ၄ စီးက လေကြောင်းပစ်ကူ ပေးခဲ့ပါတယ်။ အဲဒီမစ်ရှင်ဟာ ရာနှုန်းပြည့် အောင်မြင်ခဲ့ပြီး လေယာဉ် အားလုံးလည်း အခြေစိုက် စခန်းဆီ ဘေးကင်းကင်း ပြန်ရောက်ခဲ့တယ်လို့ လေတပ်က ထုတ်ပြန်ပါတယ်။

ကမ္ဘောဒီးယားဟာ PHL-03 အမျိုးအစား တာဝေးပစ် ဒုံးကျည်တွေကို ထုတ်သုံးတော့မှာမို့ ရှေ့တန်းက တပ်တချို့ကို ပြန်ဆုတ်ခိုင်းထားတယ်ဆိုတဲ့ ကောလာဟလတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။ ကမ္ဘောဒီးယားကတော့ PHL-03တွေကို ထုတ်သုံးဖို့ လုံးဝ စိတ်ကူးမရှိဘဲ ထိုင်းဖက်က သတင်းမှား ဖြန့်နေတာသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အဲဒီ ဒုံးကျည်စနစ်ဟာ ကီလိုမီတာ ၁၃၀ လောက် အကွာအဝေးထိ ပစ်ခတ်နိုင်ပါတယ်။ နောက်ပိုင်းမှာတော့ ထိုင်းစစ်တပ်က အဲဒီ ပျံ့နှံ့နေတဲ့ သတင်းအချက်အလက်ကို အစိုးရကရော၊ စစ်တပ်ကပါ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယားရဲ့ PHL-03 စနစ်တစ်ခုကို တိုက်ခိုက် ဖျက်ဆီးခဲ့ပြီးပြီဆိုတဲ့ ကောလာဟလတွေကိုလည်း အမှတ် ၂ စစ်နယ်မြေ ကွပ်ကဲရေးက ပယ်ချသွားပါတယ်။

ဇူလိုင် ၂၇ ရက်နေ့မှာတော့ ထိုင်းရဲ့ ရာထူးက ဆိုင်းငံ့ခံထားရသူ ဝန်ကြီးချုပ် ဖယ်ထောင်ထန် ရှီနာဝတ်ထ် ဦးဆောင်တဲ့ အစိုးရ အရာရှိတွေဟာ ဆူရင်မှာရှိတဲ့ ထိုင်းစစ်ရှောင်တွေကို သွားရောက် တွေ့ဆုံပြီး ထောက်ပံ့ရေး ပစ္စည်းတွေ ပေးအပ်ခဲ့သလို အားပေးစကား ပြောကြားခဲ့ပါတယ်။ ဖေထောင်ထန်ဟာ ဝန်ကြီးချုပ် တာဝန်ကနေ ယာယီ ဆိုင်းငံ့ ခံထားရပေမယ့် ပူးတွဲ တာဝန်ယူထားတဲ့ ယဉ်ကျေးမှု ဝန်ကြီးအဖြစ် အစိုးရ အဖွဲ့ထဲမှာ ဆက်ရှိနေဆဲပါ။

ဖေထောင်ထန်ဟာ ရာဇမင်္ဂလာ နည်းပညာ တက္ကသိုလ်ဝင်းထဲမှာ ခိုလှုံနေသူ စစ်ရှောင် ၁၄၀၀ လောက်ကို သွားရောက် တွေ့ဆုံခဲ့တာပါ။ အဲဒီနောက် ဆိုင်းငံ့ခံ ဝန်ကြီးချုပ်နဲ့ အဖွဲ့ဟာ ဆူရင် ဆေးရုံဆီ ခရီးဆက်ခဲ့ပြီး စစ်ဒဏ်ကြောင့် ဒဏ်ရာရထားသူတွေနဲ့ တွေ့ဆုံခဲ့သလို ဆရာဝန်တွေ၊ သူနာပြုတွေ၊ စေတနာ့ဝန်ထမ်းတွေကိုလည်း ချီးကျူးစကား ပြောဆိုသွားခဲ့ပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။