Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ကမ္ဘောဒီးယားခေါင်းဆောင်နှစ်ဦး မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေး

နယ်စပ်မှာတိုက်ပွဲဖြစ်ပြီး ငါးရက်မြောက်နေ့ မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားအစိုးရအဖွဲ့ ခေါင်းဆောင်တွေဟာ ဒီနေ့ (ဇူလိုင် ၂၈ ရက် ) မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့မှာ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးနေကြပါပြီ။

Photo - MOHD RASFAN / POOL / AFP

ဇူလိုင် – ၂၈ ၊၂၀၂၅ /People’s Spring

နယ်စပ်မှာတိုက်ပွဲဖြစ်ပြီး ငါးရက်မြောက်နေ့ မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားအစိုးရအဖွဲ့ ခေါင်းဆောင်တွေဟာ ဒီနေ့ (ဇူလိုင် ၂၈ ရက် ) မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့မှာ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးနေကြပါပြီ။

ဆွေးနွေးပွဲကို ထိုင်းဖက်က ယာယီဝန်ကြီးချုပ်ဖုန်သမ်ဝီချာရာချိုင်နဲ့ကမ္ဘောဒီးယားဖက်ကဝန်ကြီးချုပ်ဟွန်မာနတ်တို့ဦးဆောင် ကြတာပါ။

ထိုင်းရော၊ ကမ္ဘောဒီးယားပါ အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကိုလည်း ဆွေးနွေးပွဲမှာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် အမေရိကန်နဲ့ တရုတ်ကိုယ်စားလှယ်တွေလည်းဆွေးနွေးပွဲတက်ရောက်ကြပါတယ်။

ဒီနေ့တွေ့ဆုံဆွေးနွေးပွဲကနေလက်ရှိ ဖြစ်ပွားနေတဲ့ နှစ်နိုင်ငံနယ်စပ်စစ်ရေး ပဋိပက္ခအတွက် ပြေလည်တဲ့ အဖြေတစ်ခု ရှာဖွေနိုင်ဖို့ ရည်ရွယ် တွေ့ဆုံမှာလို့ အန်ဝါက ကြိုတင်ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။