Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ ကမ္ဘောဒီးယား ချက်ချင်းအပစ်ရပ်ဖို့သဘောတူလိုက်ပြီ

ထိုင်းနဲ့ ကမ္ဘာဒီးယား တို့ကြား နယ်စပ်ဒေသတိုက်ပွဲတွေကို ဒီနေ့ (ဇူလိုင် ၂၈) ရက်က စတင်ပြီးချက်ချင်းအပစ်ရပ်ကြဖို့ မလေးရှားနိုင်ငံမှာ နှစ်ဖက်အစိုးရအဖွဲ့ ခေါင်းဆောင်တွေ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး သဘောတူညီချက် ရရှိသွားပါတယ်။

ဇူလိုင် – ၂၈ ၊၂၀၂၅/People’s Spring

ထိုင်းနဲ့ ကမ္ဘာဒီးယား တို့ကြား နယ်စပ်ဒေသတိုက်ပွဲတွေကို ဒီနေ့ (ဇူလိုင် ၂၈) ရက်က စတင်ပြီးချက်ချင်းအပစ်ရပ်ကြဖို့ မလေးရှားနိုင်ငံမှာ နှစ်ဖက်အစိုးရအဖွဲ့ ခေါင်းဆောင်တွေ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး သဘောတူညီချက် ရရှိသွားပါတယ်။

ဆွေးနွေးပွဲအပြီးပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနတ်က နှစ်ဖက်အပစ်ရပ်သဘောတူညီချက်ကိုကြေညာတာပါ။

ဒီနေ့ ညပိုင်းမှာ အပစ်ရပ်ကြမှာဖြစ်ပြီး မနက်ဖြန် မနက်ပိုင်းမှာစစ်ဘက်ဆိုင်ရာအရာရှိတွေ ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အိမ်နီးချင်း နှစ်နိုင်ငံကြား နယ်စပ် အငြင်းပွားမှုကို အခြေခံပြီး ဖြစ်ပွားတဲ့တိုက်ပွဲတွေ ငါးရက်မြောက်နေ့မှာ နှစ်ဖက် အပစ်ရပ်ကြဖို့ သဘောတူလိုက်ကြတာလည်းဖြစ်ပါတယ်။

ဒီလိုသဘောတူညီချက် ရဖို့ ထိုင်းရော၊ ကမ္ဘောဒီးယားပါ အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံမှာ တွေ့ဆုံဆွေးနွေးကြတာပါ။

ဆွေးနွေးပွဲမှာ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကိုလည်း တွေ့ရသလို အမေရိကန်နဲ့ တရုတ်ကိုယ်စားလှယ်တွေလည်းဆွေးနွေးပွဲတက်ရောက်ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

Facebook