Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းက ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သား ၂၀ ကို လွှတ်ပေးဖို့ ကမ္ဘောဒီးယား တောင်းဆို

သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့ စစ်သားတွေကို ပြန်လွှတ်ပေးဖို့ ကမ္ဘောဒီးယားက ထိုင်းကို တောင်းဆိုလိုက်ပါတယ်။

Reuters

သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့ စစ်သားတွေကို ပြန်လွှတ်ပေးဖို့ ကမ္ဘောဒီးယားက ထိုင်းကို တောင်းဆိုလိုက်ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား နယ်စပ် ပဋိပက္ခကို အကြောင်းပြုပြီး ဖြစ်ပွားတဲ့ တိုက်ပွဲတွေ အပစ်အခတ် ရပ်စဲထားတာ အခုဆိုရင် ၃ ရက် ရှိလာပါပြီ။ ဇူလိုင် ၂၈ ညသန်းခေါင်မှာ စတင်ခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုဟာ ထိလွယ်ရှလွယ် ယိမ်းလွယ်ယိုင်လွယ် အခြေအနေမျိုး ဖြစ်ပေမယ့် ဆက်လက် တည်တံ့နေပါတယ်။

ဇူလိုင် ၂၄ ရက်ကနေ ၂၈ ရက်ထိ ၅ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ရေး ပဋိပက္ခအတွင်း ထိုင်းနဲ့ ကမ္ဘောဒီးယားမှာ စုစုပေါင်း အသေအပျောက် ၄၃ ဦး ရှိခဲ့ပြီး အများစုက အရပ်သားတွေပါ။ ပြီးတော့ လူ ၃ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ဇူလိုင် ၃၁ ရက်နေ့မှာတော့ ကမ္ဘောဒီးယားက ထိုင်းစစ်တပ်ဟာ အပစ်ရပ် သဘောတူညီမှု နောက်ပိုင်းကျမှ ကမ္ဘောဒီးယား စစ်သား ၂၀ ကို ဖမ်းဆီးချုပ်နှောင်ထားဆဲ ဖြစ်သလို နောက် ၁ ဦးကလည်း ထိုင်းရဲ့လက်ထဲမှာ သေဆုံးခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းအနေနဲ့ ကမ္ဘောဒီးယား စစ်သား ၂၀ စလုံး၊ ပြီးတော့ ထိုင်းက ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ နောက်ထပ် အဖမ်းခံထားရသူတွေ ထပ်ရှိသေးတယ်ဆိုရင် အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထိပ်တန်း အရာရှိ တစ်ဦးဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရက်သ် ဒါရာရော့သ်က နောက်ထပ် ကမ္ဘောဒီးယား စစ်သားတစ်ဦးဟာလည်း အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း ထိုင်းရဲ့ အချုပ်အနှောင်ကို ခံထားရချိန်မှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ သူက အလောင်းကို ပြန်ရထားပြီလို့ ပြောပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း သေနာပတိ ဆူရာဆန့် ကွန်ဆီရီက ထိုင်းစစ်တပ်ဟာ လက်နက်ချ အညံ့ခံတဲ့ ကမ္ဘောဒီးယား စစ်သား ၂၀ ကို ထိန်းသိမ်းထားပြီး အဲဒီထဲမှာ ဒဏ်ရာရလို့ ကုသပေးနေသူ ၂ ဦးလည်း ပါဝင်တယ်လို့ သတင်းထောက်တွေဆီ အတည်ပြုခဲ့ပါတယ်။

လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေဆဲမို့ ကမ္ဘောဒီးယား စစ်သားတွေကို ထိန်းသိမ်းထားပေမယ့် ပြီးပြတ်သွားရင်တော့ ထိုင်းစစ်တပ်က ပြန်လွှတ်ပေးလိမ့်မယ်လို့ ထိုင်းယာယီ ဝန်ကြီးချုပ် ဖုန်သမ် ဝီချာယာချိုင်က ပြောပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားက အပစ်ရပ် သဘောတူညီမှု ဆွေးနွေးရာမှာ ဒဏ်ရာရ သုံ့ပန်းတွေနဲ့ စစ်သား ရုပ်အလောင်းတွေ အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးကြဖို့ ဆိုတဲ့အချက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။