Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်ပြဿနာ ညှိနှိုင်းရေး အချက် ၁၃ ချက်ကို ထိုင်းနဲ့ ကမ္ဘောဒီးယား သဘောတူ

အပစ်အခတ် ရပ်စဲမှုအပြီး နယ်စပ်ပြဿနာအတွက် နှစ်နိုင်ငံ တွေ့ဆုံ ညှိနှိုင်းမှုတွေမှာ အချက် ၁၃ ချက်ပါတဲ့ သဘောတူညီချက်ကို ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

Reuters

အပစ်အခတ် ရပ်စဲမှုအပြီး နယ်စပ်ပြဿနာအတွက် နှစ်နိုင်ငံ တွေ့ဆုံ ညှိနှိုင်းမှုတွေမှာ အချက် ၁၃ ချက်ပါတဲ့ သဘောတူညီချက်ကို ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကိုယ်စားလှယ်တွေ ပါဝင်တဲ့ နယ်စပ်ကော်မတီ အစည်းအဝေးကို ဩဂုတ် ၇ ရက်နေ့က မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အစည်းအဝေးဟာ တစ်နာရီလောက်ပဲ ကြာခဲ့ပြီးတဲ့နောက် နယ်စပ် တိုက်ပွဲတွေ ရပ်ဆိုင်းရေးအတွက် အချက် ၁၃ ချက်ကို ညှိနှိုင်း သဘောတူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ အချက်တွေမှာ အဓိက အရေးပါတဲ့ သဘောတူညီမှုတွေအဖြစ် တိုက်ခိုက်မှုတွေ အားလုံးကို ရပ်တန့်ဖို့၊ နှစ်နိုင်ငံ တပ်တွေ လက်ရှိ ဖြန့်ကျက်ထားတဲ့ နေရာတွေကနေ ရှေ့မတိုးကြဖို့၊ နယ်စပ်တဝိုက်ကို တပ်အင်အား ချဲ့ထွင် ဖြန့်ကျက်တာတွေ မလုပ်ဖို့၊ အပြန်အလှန် ရန်စတာတွေကို ရှောင်ကြဉ်ဖို့၊ အရပ်သားတွေ ထိခိုက်မှု မရှိအောင် ကာကွယ်ဖို့ ဆိုတာတွေ ပါဝင်ခဲ့ပါတယ်။

ပြီးတော့ ဂျနီဗာ ကွန်ဗန်းရှင်း သဘောတူညီမှုတွေနဲ့အညီ နှစ်ဖက် ဒဏ်ရာရ စစ်သုံ့ပန်းတွေကို ဂရုတစိုက် စောင့်ရှောက် ကုသပေးဖို့၊ ကိစ္စတွေ ရှင်းလင်းသွားရင် သုံ့ပန်းတွေကို ပြန်လွှတ်ဖို့နဲ့ ကျဆုံးစစ်သည်တွေရဲ့ အလောင်းတွေကို လွှဲပြောင်းပေးဖို့ ဆိုတာတွေလည်း နှစ်ဖက် သဘောတူခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ ပဋိပက္ခကို လက်နက်ကိုင် နည်းလမ်းအစား စေ့စပ်ဆွေးနွေးမှုတွေနဲ့ အဖြေရှာဖို့၊ အငြင်းပွားစရာ တစ်ခုခု ကြုံလာရင် လက်ရှိ တည်ဆောက်ထားတဲ့ လမ်းကြောင်းတွေကနေ ဆက်သွယ် ညှိနှိုင်းပြီး အခြေအနေတွေ ပိုဆိုးမလာအောင် ဟန့်တားဖို့ ဆိုတာတွေလည်း အဲဒီ သဘောတူညီချက်တွေထဲမှာ အကျုံးဝင်ခဲ့ပါတယ်။

နှစ်ဖက် ကော်မတီတွေဟာ နှစ်နိုင်ငံ စစ်တပ်တွေကြား ထိတွေ့ ဆက်သွယ်မှုတွေကို မပြတ်ထားရှိဖို့၊ နောက်ထပ် နှစ်ပတ်ကနေ လေးပတ် ထပ်မံတွေ့ဆုံ ဆွေးနွေးဖို့၊ စစ်ဘက်နဲ့ အစိုးရ ဝန်ကြီးအဆင့် တိုက်ရိုက် ဆက်သွယ်မှုတွေ ထိန်းသိမ်းထားဖို့လည်း ကတိပြုခဲ့ပါတယ်။ အစည်းအဝေး ပြုလုပ်မယ့် နေရာကိုတော့ မဆုံးဖြတ်ရသေးပါဘူး။

နောက်ပြီး ပြဿနာတွေ ပိုဆိုးစေမယ့် သတင်းတု၊ သတင်းမှားတွေ ဖြန့်ဝေတာကို နှစ်ဖက်စလုံးက တားဆီး၊ ထိန်းချုပ်ဖို့လည်း သဘောတူခဲ့ကြပါတယ်။

နယ်စပ်မှာတော့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို နှစ်ဖက်စလုံးက စောင့်ထိန်းတာ သေချာအောင် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနဲ့ အဖွဲ့ဝင် နိုင်ငံတွေက တာဝန်ယူ လေ့လာ စောင့်ကြည့်ပေးရေးကိုလည်း ထိုင်းနဲ့ ကမ္ဘောဒီးယားတို့က လက်ခံခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Facebook