Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ နယ်စပ်က စစ်နယ်မြေမှူးကို အငြိမ်းစား မပေးဘဲ ဆက်ခန့်ထားဖို့ ထိုင်းအမျိုးသားရေး ဝါဒီတွေ တောင်းဆို

ကမ္ဘောဒီးယားနဲ့ နယ်စပ်ဒေသတွေက စစ်ဆင်ရေးကဏ္ဍတွေကို ဦးစီးနေတဲ့ ထိုင်းစစ်တပ် အရာရှိကို အငြိမ်းစား မယူစေဘဲ တာဝန် ဆက်လက် ထမ်းဆောင်ခိုင်းဖို့ ထိုင်းအစွန်းရောက် အမျိုးသားရေး အင်အားစုတွေက တောင်းဆိုလာကြပါတယ်။

ကမ္ဘောဒီးယားနဲ့ နယ်စပ်ဒေသတွေက စစ်ဆင်ရေးကဏ္ဍတွေကို ဦးစီးနေတဲ့ ထိုင်းစစ်တပ် အရာရှိကို အငြိမ်းစား မယူစေဘဲ တာဝန် ဆက်လက် ထမ်းဆောင်ခိုင်းဖို့ ထိုင်းအစွန်းရောက် အမျိုးသားရေး အင်အားစုတွေက တောင်းဆိုလာကြပါတယ်။

ကမ္ဘောဒီးယားနဲ့ နယ်စပ်ဒေသ အားလုံးနီးပါး ပါဝင်တဲ့ အမှတ် ၂ စစ်ဒေသကို ဦးစီးနေတဲ့ ထိုင်းစစ်တပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဘွန်ဆင် ပက်ဒ်ကလန်ဟာ ရက်ပေါင်း ၅၀ လောက်အတွင်း အငြိမ်းစား ယူရတော့မှာ ဖြစ်ပါတယ်။ သူဟာ ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ရေး ပဋိပက္ခတွေအတွင်း လူထုကြားမှာ၊ အထူးသဖြင့် အမျိုးသားရေး ဝါဒီတွေကြားမှာ ရေပန်းစားပြီး ထောက်ခံမှု မြင့်တက်လာခဲ့ပါတယ်။ ၅ ရက်ကြာ နယ်စပ် စစ်ရေးပဋိပက္ခ အတွင်းမှာ ဘွန်ဆင်ဟာ ထိုင်းရဲ့ စစ်ဆင်ရေးတွေကို အဓိက ကြီးကြပ်ခဲ့သူလည်း ဖြစ်ပါတယ်။

ဩဂုတ် ၁၂ ရက်နေ့မှာတော့ ထိုင်းက လက်ယာစွန်း အမျိုးသားရေး ဝါဒီ သပိတ်အင်အားစု ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ပန်သပ် ပန်ပွမ်ပန်က ဒုတိယ ဗိုလ်ချုပ်ကြီး ဘွန်ဆင်ကို လက်ရှိ ရာထူးမှာ ဆက်လက် ခန့်ထားပေးဖို့ Facebookပေါ်ကနေ အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

တကယ်လို့ စည်းမျဉ်းတွေအရ အစိုးရဟာ ဘွန်ဆင်ကို မဖြစ်မနေ အငြိမ်းစား ပေးရမယ်ဆိုရင် အမှတ် ၂ စစ်ဒေသမှူး နေရာကို လူစားထိုး မခန့်အပ်ဘဲ အလွတ်ထားရှိပြီး ဘွန်ဆင်ရဲ့ လမ်းညွှန်ချက်တွေနဲ့ ရှေ့ဆက်နေဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ ၁၇ နှစ်တာ ကာလအတွင်း အငြင်းပွားရာ နယ်မြေတွေ အများဆုံးကို ထိုင်းအတွက် ပြန်လည် သိမ်းပိုက်ယူပေးခဲ့တဲ့ ဘွန်ဆင်ရဲ့ စွမ်းဆောင်ရည်ကို ထိုင်းဘုရင်က အသိအမှတ်ပြုပြီး ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့် ခန့်အပ်ပေးစေလိုတယ်လို့လည်း ပန်သပ်က ဆိုပါတယ်။

နောက်ပြီး လက်ရှိမှာ လစ်လပ်နေရာ ဖြစ်နေတဲ့ ထိုင်းကာကွယ်ရေးဝန်ကြီး ရာထူးအတွက် ဘွန်ဆင်ကို ဖိတ်ခေါ် နေရာပေးစေချင်ကြောင်းလည်း သူက တောင်းဆိုထားပါတယ်။

အဲဒီ တောင်းဆိုချက်တွေဟာ ထိုင်းရဲ့ လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေကြားမှာ လူပြောများနေတဲ့ အကြောင်းအရာတွေဖြစ်ပြီး ထိုင်းအစိုးရကတော့ လက်ခံမလား၊ ငြင်းပယ်မလား ဆိုတာကို ဘာတုံ့ပြန် မှတ်ချက်မှ မပေးသေးပါဘူး။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

ဆောင်းပါး

ကမ္ဘောဒီးယား၏ တိတ်တဆိတ်ကြီးထွားလာနေသော တောရိုင်းတိရစ္ဆာန် မှောင်ခိုဈေးကွက်

သတင်း

မြန်မာနိုင်ငံဖက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မဲဆောက်မှာရှိတဲ့ မဟာဝမ် ခရိုင်ခွဲထဲက နယ်စပ်ဂိတ် အားလုံးကို ယာယီ ပိတ်လိုက်ကြောင်းထိုင်းအာဏာပိုင်တွေကပြောပါတယ်။

နိုင်ငံတကာ

တရုတ်လုပ် တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အလေးအနက် စောင့်ကြည့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းစစ်တပ်အတွက် သတ်မှတ်ပေးထားတဲ့ ခွဲတမ်းကို အသုံးပြုပြီး အမေရိကန်ရဲ့ နာမည်ကြီး ဝက်စ်ပွိုင့် စစ်တက္ကသိုလ်မှာ တက်ရောက်ခဲ့ကြောင်း သတင်းတွေကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ငြင်းဆိုခဲ့ပါတယ်။