Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားရဲ့ ရန်စမှုတွေ မရပ်သ၍ နယ်စပ်ကို ဆက်ပိတ်ထားမယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

ကမ္ဘောဒီးယားဖက်က ရန်စတာတွေ မရပ်သေးသ၍ နှစ်နိုင်ငံ နယ်စပ်ကို ဆက်ပြီး ပိတ်ထားဦးမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ဓာတ်ပုံ - Bhumjaithai Party

ကမ္ဘောဒီးယားဖက်က ရန်စတာတွေ မရပ်သေးသ၍ နှစ်နိုင်ငံ နယ်စပ်ကို ဆက်ပြီး ပိတ်ထားဦးမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက ဆီဆာကက် ပြည်နယ်ထဲ သွားရောက်ခဲ့ချိန်မှာ သတင်းထောက်တွေက ကမ္ဘောဒီးယား အရပ်သားတွေ ထိုင်းပိုင်နက်ထဲ နယ်ကျော်ပြီး အဓိကရုဏ်းဆန်ဆန် ဆန္ဒပြခဲ့တဲ့ ဖြစ်ရပ်တွေအကြောင်း မေးမြန်းခဲ့ပါတယ်။

ဆာကိုပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထိုင်းဖက်ခြမ်း နယ်စပ်ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သံဆူးကြိုးတွေချပြီး ပိတ်ခဲ့တဲ့နောက် ကမ္ဘောဒီးယား အရပ်သားတွေက ဆန္ဒပြပြီး တုတ်တွေ၊ ခဲတွေ၊ လေးခွတွေနဲ့ ပစ်ခဲ့ကြသလို ထိုင်းရဲတွေကလည်း မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် နှစ်ဖက်စလုံးမှာ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။

အနုတင်ကတော့ ကမ္ဘောဒီးယားဖက်က အရပ်သားတွေကို အသုံးချပြီး ရန်စတာတွေကို ဆက်လုပ်နေသ၍ ထိုင်းကလည်း နှစ်ဖက်နယ်စပ်ကို အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ပြောပါတယ်။ အရပ်သားတွေကို လူသားဒိုင်းလို၊ လက်နက်လို အသုံးချနေတာတွေ၊ ဖိအားပေးနေတာတွေ ရှိနေသ၍ ထိုင်းကလည်း ဘာကိုမှ ညှိနှိုင်းမှာ မဟုတ်ကြောင်း၊ နယ်စပ်ကို ဆက်ပြီး ပိတ်ထားမှာ ဖြစ်တဲ့အပြင် ကန့်သတ်ထိန်းချုပ်မှု အစီအမံတွေကိုပါ လိုရင် လိုသလို တိုးမြှင့်မှာဖြစ်ကြောင်း အနုတင်က သတိပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းအစိုးရဟာ ကမ္ဘာဒီးယားနဲ့ နယ်စပ်တလျှောက် စစ်ဆင်ရေးဆိုင်ရာ လိုအပ်ချက်တွေအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေကို လုပ်ပိုင်ခွင့် အပြည့်အဝ အပ်နှင်းထားတယ်လို့လည်း သူက ဆိုပါတယ်။ ထိုင်းစစ်တပ်ဟာ စစ်ရေးဆိုင်ရာ ကိစ္စတွေကို တာဝန်ယူ ဆုံးဖြတ်မှာ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ ပိုင်နက်ရဲ့ ဘယ်နေရာမှာမဆို ထိုင်းအလံကို စိုက်ထူခွင့်ရှိကြောင်း၊ ကမ္ဘောဒီးယားဖက်က နယ်ကျော်လာတဲ့ ထိုင်းပိုင်နက် တစ်လက်မ မကျန်ကို စစ်တပ်က ပြန်သိမ်းခွင့်ရှိပြီး အဲဒီအတွက်လည်း သူက အပြည့်အဝ အားပေး ထောက်ခံသွားမယ်လို့ အနုတင်က ပြောကြားသွားပါတယ်။

ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဝင်ထိုင် ဆူဗာရီက ကမ္ဘောဒီးယားဟာ ထိုင်းနိုင်ငံ ပိုင်နက်ထဲမှာ အကြမ်းဖက် ရန်လိုမှုတွေ လုပ်ဆောင်ဖို့ အရပ်သားတွေကို သွေးထိုး မြှောက်ပင့်ပေးတာ၊ မြေမြှုပ်မိုင်းတွေ ထောင်တာမျိုးတွေ ကျူးလွန်ပြီး ကုလသမဂ္ဂ ပဋိညာဉ်ကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် အငြင်းအခုံကိစ္စကို အကြောင်းပြုပြီး ဇူလိုင်လကုန်ပိုင်းတုန်းက ၅ ရက်ကြာ စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။