Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားတပ်တွေ ပစ်ခတ်မှု ဖြစ်ပွား

နယ်စပ်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယား တပ်တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

၂၀၂၅ ဇူလိုင်လမှာ နှစ်ဖက်အပစ်အခတ်ရပ်စဲ​ရေးသ​ဘောတူပြီး​နောက် နှစ်နိုင်ငံစစ်ဘက်တာဝန်ရှိသူ​တွေကို​တွေ့ရစဥ်။ (File)

နယ်စပ်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယား တပ်တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့တုန်းက ထိုင်းနိုင်ငံရဲ့ ယူဘွန် ရတ်ချာဌာနီ ပြည်နယ်၊ ဘန်နမ်ယွမ် ခရိုင်ရဲ့ ချောင်အန်မာ ဧရိယာနားမှာ သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ကြောင်း နှစ်နိုင်ငံစလုံးက အတည်ပြုခဲ့ပါတယ်။

နယ်စပ်နားမှာ ရှိနေတဲ့ ကမ္ဘောဒီးယား စစ်သားတွေက စက်သေနတ်တွေနဲ့ စတင်ပစ်ခတ်ခဲ့ပြီး ထိုင်းကလည်း လက်တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့ ကမ္ဘောဒီးယား စစ်သားတွေက လက်ပစ်ဗုံးတွေနဲ့ပါ လှမ်းပစ်ခဲ့တယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြထားခဲ့ပါတယ်။

ထိုင်းစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဝင်ထိုင် ဆူဗာရီက အမှတ် ၂ စစ်နယ်မြေထဲက ချောင်အန်မာ ဧရိယာမှာ နှစ်ဖက် တိုက်ပွဲငယ်တစ်ခု ဖြစ်ပွားခဲ့တယ်ဆိုတဲ့ အစီရင်ခံချက်ကို လက်ခံ ရရှိထားကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂၇ ရက်နေ့က ပွတ်တိုက်မှု အတွင်းမှာ ထိုင်းစစ်တပ်ဟာ နှစ်နိုင်ငံကြား လက်ရှိ ရယူထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအပေါ် လေးစားပြီး ဖြစ်သင့် ဖြစ်ထိုက်သလောက်သာ တုံ့ပြန်ခဲ့တယ်လို့ ဝင်ထိုင်က ဆိုပါတယ်။

ညနေပိုင်းမှာတော့ အမှတ် ၂ စစ်နယ်မြေ ကွပ်ကဲရေး ဌာနချုပ်က ကမ္ဘောဒီးယားဖက်နဲ့ အပြန်အလှန် ပစ်ခတ်မှုတစ်ခု တိုတိုတောင်းတောင်း ဖြစ်ပွားခဲ့တယ် ဆိုတာကို အတည်ပြု ကြေညာပြီး နှစ်ဖက်စလုံး အသေအပျောက်တော့ မရှိခဲ့ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

နယ်စပ် အငြင်းပွားမှုကို အကြောင်းပြုပြီး ၅ ရက်ကြာ စစ်ရေး ပဋိပက္ခ ဖြစ်ခဲ့ဖူးတဲ့ နှစ်နိုင်ငံကြား ဇူလိုင် လကုန်မှာ အပစ်အခတ် ရပ်စဲခဲ့တဲ့နောက်ပိုင်း ဒါဟာ ပထမဆုံးအကြိမ် အပြန်အလှန် ပစ်ကြခတ်ကြတဲ့အဆင့် ရောက်လာတာပါ။

တစ်ဖက်မှာတော့ ကမ္ဘောဒီးယားရဲ့ ဖနွမ်ပင်ပို့စ် သတင်းဌာနက စစ်ဘက် ပြောရေးဆိုခွင့်ရ အမျိုးသမီး တစ်ဦးကို ကိုးကားပြီး ရန်စ ပစ်ခတ်မှုကို စတင်ခဲ့တာဟာ ထိုင်းစစ်သားတွေသာ ဖြစ်တယ်လို့ စွပ်စွဲထားခဲ့ပါတယ်။ ကမ္ဘောဒီးယား စစ်တပ်ဟာ ဒီကိစ္စမှာ ပြဿနာ မဖြစ်အောင် သည်းခံပြီး တုံ့ပြန် ပစ်ခတ်တာတွေလည်း မလုပ်ခဲ့ဘူးလို့ အဲဒီအမျိုးသမီးက ပြောကြားခဲ့ပါတယ်။

နယ်စပ်မှာ အခြေအနေတွေ တကျော့ပြန် တင်းမာလာမှာကို ဒေသခံတွေက စိုးရိမ်နေပေမယ့် ထိုင်းစစ်တပ်ကတော့ စိတ်အေးအေး ထားကြဖို့နဲ့ ပြဿနာကို နိုင်နိုင်နင်းနင်း ဆက်လက် ထိန်းသိမ်း ကိုင်တွယ်နေဆဲဖြစ်ကြောင်း အာမခံထားပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ လူသိများတဲ့ ခရီးသွား ဘလော့ဂါ လူငယ်တစ်ဦးကို ဂျော်ဂျီယာ နိုင်ငံက ဟိုတယ်တစ်ခုမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ