Connect with us

Hi, what are you looking for?

ဗီဒီယို

တောင်ဒဂုံတွင် မင်း​အောင်လှိုင်မွေး​နေ့အသုဘအဖြစ် မီးရှို့ဆန္ဒပြ

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ရန်ကုန်မြို့​တောင်ဒဂုံမြို့နယ်တွင် ယ​နေ့ကျ​ရောက်သည့် စစ်​ကောင်စီဥက္ကဌမင်း​အောင်လှိုင်၏အသက် (၆၅)နှစ်ပြည့် ​မွေး​နေ့အဖြစ် ၎င်း၏ အ​ခေါင်းကို ​မွေး​နေ့အသုဘပြုလုပ်ကာ မီးရှို့ဆန္ဒပြမှုကို လူငယ်များစု​ပေါင်း၍ ပြု လုပ်ခဲ့သည်။

စစ်​ကောင်စီဥက္ကဌ မင်း​အောင်လှိုင်၏ ​ယ​နေ့ကျ​ရောက်​သည့် မွေး​နေ့တွင် ပြည်သူအများအပြားက ဖရုသဝါစာ စကားလုံးများဖြင့် ဆဲဆို၍ ​မွေး​နေ့ဆု​တောင်း​​ပေး​နေကြသည်။

ပြည်သူအချို့ကလည်း စစ်​ကောင်စီဥက္ကဌ၏ ​မွေး​နေ့ကို ဂုဏ်ပြုသည်ဟုဆိုကာ ​မွေး​နေ့ရှင်ကိုဆဲဆိုသည့် အဆဲသပိတ်အဖြစ် ဆင်နွှဲ​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကားသည် အရှိန်ပြင်းပြီး အတိုက်ခံရသူမှာ ကားနှင့်အတူ ပေ(၁၅၀)ခန့်အထိ တရွတ်တိုက်ပါသွားကာ သေဆုံးသွားသည်ဟု ဆိုသည်။

သတင်း

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အ.ထ.က ၂ မှ ရှစ်တန်းကျောင်းသားမောင်ဖြိုးမြတ်အောင်ကို စစ်ကောင်စီက နိုဝင်ဘာလ၂၇ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

CNN သတင်းဌာနရဲ့ ခေါင်းစဉ်မှာတော့ ICCရဲ့ တရားလို ရှေ့နေဟာ မြန်မာ စစ်ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေပြီ ဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် (၂၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် အဝေးထိန်းမိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon UG People Army (YUPA) မှတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။