Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ကုလသံအမတ်ကြီးပြောတဲ့ Credential တိုက်ပွဲ

ဒီတိုက်ပွဲဟာ လာမယ့် စက်တင်ဘာလလယ်မှာ ကျင်းပမယ့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တက်ရောက်မယ့် မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် ထိုင်ခုံနေရာ ဖြစ်ပါတယ်။

စစ်အာဏာရှင်ပြုတ်ကျရေးအတွက် မြေပြင်မှာ ဆန့်ကျင်နေရသလို ကုလသမဂ္ဂမှာ စင်မြင့်မှာလည်း သံတမန်ရေးရာ တိုက်ပွဲကို တပြိုင်နက်တည်း ဆင်နွဲနေရပါတယ်။

ဒီတိုက်ပွဲဟာ လာမယ့် စက်တင်ဘာလလယ်မှာ ကျင်းပမယ့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တက်ရောက်မယ့် မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် ထိုင်ခုံနေရာ ဖြစ်ပါတယ်။

အဲဒီထိုင်ခုံအတွက် အမျိုးသားညီညွှတ်ရေးအစိုးရနဲ့ စစ်ကောင်စီတို့ ယှဉ်ပြိုင်နေတာပါ။

ဒီတိုက်ပွဲဟာ ဘယ်လောက်အရေးပါလဲ ဆိုတာကို လက်သုံးချောင်းထောင်ပြီး အာဏာသိမ်းစစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ NUG အစိုးရရဲ့ အမျိုးသမီး ၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်တို့ တွေ့ဆုံမေးမြန်းမှုကနေ ပြန်လည်ကောက်နုတ်တင်ဆက်ပေးလိုက်ပါတယ်။