Connect with us

Hi, what are you looking for?

ဗီဒီယို

မြောင်မြို့နယ်ကို စစ်ကောင်စီတပ်ဝင်စီးပြီး ပြည်သူများ၏ အိုးအိမ်များအားမီးရှို့နေ

ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်းနှင့် စစ်ကောင်စီတပ်များသည်လာရာ လမ်းတစ်လျှောက်မှ အိမ်များကို မီးရှို့ဖျက်စီးခဲ့ကြောင်း PDFက ထုတ်ပြန်သည်။

မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဝင်စီးပြီး ပြည်သူ များ၏ နေအိမ်များကို မီးရှို့ ဝင်ရောက်စီးနင်းပြီး ပြည်သူ လူထုပိုင် တဲများ နေအိမ်များကို မီးရှို့ဖျက်ခြင်းခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယနေ့ ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီ တပ်များသည် မြောင်မြို့နယ် လက်ယက်မကျေးရွာ ဘက်မှစတင်ဝင်ရောက်ပြီး ငမြောင်တောင်ရွာ အရှေ့ဘက်ရှိဒေါင်မြင့်တော တစ်လျှောက်တဲများကို ဝင်ရောက်မွှေနှောက်ပြီး ဖျက်စီးမီးရှို့နေသည်ဟု ရုပ်သံဖိုင်နှင့်အတူ ဖော်ပြသည်။

ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်းနှင့် စစ်ကောင်စီတပ်များသည်လာရာ လမ်းတစ်လျှောက်မှ အိမ်များကို မီးရှို့ဖျက်စီးခဲ့ကြောင်း PDFက ထုတ်ပြန်သည်။

ပြည်သူများ အစစအရာရာ ဂရုစိုက်ပြီး အချင်းချင်းကူညီကြရန်လည်း တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်ရက်ပိုင်းများကတည်းက စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းနေခြင်းကြောင့် မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများစွာ မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်မှ ပစ်ခတ်၍ ဒေသခံအချို့ အသက်ဆုံးရှုံးခဲ့ရသည်။

အောက်တိုဘာ ၈ရက်က စစ်ကောင်စီတပ်များသည် ပရိမ္မရွာ နှင့် ကျားအိုရွာသို့ ဝင်ရောက်စီးနင်းရာ ပရိမ္မရွာ စပါးခင်းအတွင်း ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားတစ်ဦးကို ပစ်ခတ်ခဲ့၍ ဦးခေါင်းနှင့် ဆီးခုံ၌ ကျည်ထိမှန်သေဆုံးခဲ့သည်ဟု PDFက ထုတ်ပြန်ထားသည်။

မြောင် PDF အနေဖြင့်လည်း ဒေသတွင်းရှိ အခြားမြို့နယ်များမှ PDFများနှင့် လက်တွဲပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။