ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ဗားကရာချောက်ထဲမှာရှိတဲ့ ယာဉ်ထိန်းရဲရုံး အတွင်းက အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီနေ့(အောက်တိုဘာ၂၃) မွန်းလွဲပိုင်းက သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်တဲ့ ရုပ်သံဖိုင်တစ်ခု ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်မှာ ထွက်ပေါ်လာပါတယ်။
၁၂ စက္ကန့်သာကြာတဲ့ ဗီဒီယိုဖိုင်မှာ အမည်မသိသေနတ်သမား နှစ်ဦးက ကားပေါ်ကနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစောင့်ကြပ်နေတဲ့ ယာဥ်ထိန်းရုံးထဲကို ကားပေါ်ကနေ သေနတ်နဲ့ တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။
ဒီတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေပြီး ၁ ဦးလက်မောင်းမှာဒဏ်ရာရခဲ့ပါတယ်။
ရန်ကုန်မြို့မှာ ဒီနေ့တစ်ရက်တည်း မဟာဗန္ဓုလတံတားအဆင်း၊ ဗားဂရာချောက်တွေက ယာဥ်ထိန်းရုံးတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် ၄ နေရာမှာ တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။

Public Service Announcement


















































