Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ကိုဗစ်ရဲ့ ခြိမ်းခြောက်မှုတွေ အဆုံးသတ် မသွားသေးဘူးလို့ WHO အကြီးအကဲ သတိပေး

အဲဒီ ဗိုင်းရပ်စ်ကြောင့် ပြသတဲ့ လက္ခဏာတွေက နည်းနည်းကြမ်းတဲ့ တုပ်ကွေးလိုမျိုး ဖြစ်နေတယ်လို့ တောင်အာဖရိက ဆေးပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ အန်ဂျလစ် ကိုယက်ဇီက ပြောကြားထားပါတယ်။

ကိုဗစ်ရောဂါရဲ့ လူသားတွေအပေါ် ဒုက္ခပေး ခြိမ်းခြောက်နေမှုဟာ အဆုံးသတ် မသွားသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက သတိပေး ပြောကြားလိုက်ပါတယ်။

အသစ်တွေ့ရှိလာတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ Omicronဟာ ကမ္ဘာ့ ကျန်းမာရေး ကဏ္ဍအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုမျိုး ဖြစ်လာနိုင်ကြောင်း နိုဝင်ဘာ ၂၉ ရက်မှာ WHOက ထုတ်ပြန်ပါတယ်။

အဲဒီ ထုတ်ပြန်ချက်ကို ကြေညာချိန်မှာ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်က အခုလို ပြောဆိုသွားခဲ့တာပါ။ ဒေါက်တာ ဂျီဘရီယီးဆက်စ်က ဆင်းရဲနွမ်းပါးတဲ့ ကမ္ဘာ့နိုင်ငံတွေကို ကာကွယ်ဆေး ဖြန့်ဝေ ပို့ဆောင်မှုတွေ ပိုမို အရှိန်မြှင့်ဖို့လည်း နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။

WHOရဲ့ ထုတ်ပြန်ချက်မှာ Omicronဟာ ကမ္ဘာ့ဒေသ တချို့မှာ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြီးကြီးမားမား ဖြစ်ပေါ်လာစေနိုင်ကြောင်း၊ ဒီအတွက် တစ်ကမ္ဘာလုံးက သတိကြီးကြီး ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း ဖော်ပြ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

တောင်အာဖရိကမှာ စတင် တွေ့ရှိလာတဲ့ မျိုးကွဲသစ် ကိုရိုနာ ဗိုင်းရပ်စ်ဟာ ကူးစက်နှုန်း ပိုမြင့်လာနိုင်သလား၊ ရောဂါ ဖြစ်ပြီးသူတွေဆီ နောက်တစ်ကြိမ် ကူးစက်နိုင်တဲ့ အခြေအနေ ပိုများလာမလား၊ ကာကွယ်ဆေးတွေရဲ့ အာနိသင်အပေါ် ဘယ်လို သက်ရောက်မလဲ ဆိုတာတွေကို တိတိကျကျ သိနိုင်ဖို့ WHOက အပတ်တကုတ် ကြိုးစား လေ့လာနေတယ်လို့ ဒေါက်တာ ဂျီဘရီယီးဆက်စ်က ဆိုပါတယ်။

Omicronမှာ တွေ့ရတဲ့ မျိုးဗီဇ ပြောင်းလဲမှု အရေအတွက်က အံ့ဩစရာ ကောင်းလောက်အောင် များပြားနေကြောင်း၊ အဲဒီထဲက တချို့ အခြေအနေတွေက ကပ်ရောဂါ ပျံ့နှံ့မှုကို အရှိန် တွန်းတင်လိုက်မှာ စိုးရိမ်ရကြောင်း သူက မှတ်ချက် ပေးခဲ့ပါတယ်။

ကိုဗစ်ရဲ့ အန္တရာယ် ချုပ်ငြိမ်း ပျောက်ကွယ်သွားတော့မယ်လို့ တွေးတောနေသူတွေ ရှိကြောင်း၊ ဒါပေမဲ့ လက်တွေ့မှာတော့ ဒီကိစ္စ အဆုံးသတ် မသွားသေးဘူးဆိုတာ Omicronက နောက်ထပ် သက်သေတစ်ခုအဖြစ် သတိပေးနေကြောင်း ဒေါက်တာ ဂျီဘရီယီးဆက်စ်က ပြောကြားသွားပါတယ်။ လက်ရှိ အချိန်ထိတော့ Omicron မျိုးကွဲသစ် ဗိုင်းရပ်စ် ကူးစက် ခံရသူတွေထဲမှာ အသေအပျောက် မရှိသေးဘူးလို့လည်း WHO အကြီးအကဲက ဆိုပါတယ်။

Omicronဟာ မူလ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်နဲ့ယှဉ်ရင် မျိုးဗီဇ ပြောင်းလဲမှုတွေ အကြီးအကျယ် ဖြစ်နေတာကြောင့် မူလ ဗိုင်းရပ်စ်ကို အခြေပြု တီထွင်ထားတဲ့ ကာကွယ်ဆေးတွေ အစွမ်း မထက်တော့မှာကို ပညာရှင်တွေက စိုးရိမ်နေကြတာပါ။

ပုံစံသစ် ဖြစ်လာတဲ့ ဗိုင်းရပ်စ်က လူတွေရဲ့ ကျန်းမာရေးအပေါ် ဘယ်လိုပုံစံ သက်ရောက်စေဦးမလဲ ဆိုတာကိုလည်း အဖြေရှာဖို့ ကြိုးစားနေကြရဆဲ ဖြစ်ပါတယ်။ တောင်အာဖရိကမှာ အဲဒီမျိုးကွဲ ဗိုင်းရပ်စ်သစ်ကို စတင် သတိပြုမိခဲ့တဲ့ ဆရာဝန် တစ်ဦးကတော့ Omicron ကူးစက် ခံရသူတွေဟာ Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်နဲ့ ယှဉ်ရင် ရောဂါလက္ခဏာ သိပ်မပြင်းထန်တာ တွေ့ရတယ်လို့တော့ မှတ်ချက် ပေးထားပါတယ်။

အဲဒီ ဗိုင်းရပ်စ်ကြောင့် ပြသတဲ့ လက္ခဏာတွေက နည်းနည်းကြမ်းတဲ့ တုပ်ကွေးလိုမျိုး ဖြစ်နေတယ်လို့ တောင်အာဖရိက ဆေးပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ အန်ဂျလစ် ကိုယက်ဇီက ပြောကြားထားပါတယ်။

လတ်တလောမှာတော့ Omicron ဗိုင်းရပ်စ် ကူးစက်မှုတွေကို အာဖရိကတောင်ပိုင်း နိုင်ငံတွေအပြင် ကနေဒါ၊ ဗြိတိန်၊ ပေါ်တူဂီ၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန်နဲ့ ဟောင်ကောင်တို့လို နေရာတွေမှာပါ တွေ့ရှိထားပြီးပါပြီ။ ကမ္ဘာ့နိုင်ငံ အများအပြားကလည်း Omicron ပျံ့နှံ့ ရောက်ရှိလာမှာကို တားဆီးဖို့အတွက် နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့် ပိတ်ပင်တာမျိုး၊ လေကြောင်း ခရီးစဉ် ပျံသန်းမှုတွေ ဆိုင်းငံ့တာမျိုး အစီအမံတွေ စတင်နေပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

ဆေးသိပ္ပံ ပညာရှင် အတော်များများက WHO အနေနဲ့ တိုင်းရင်းဆေးတွေကို သုတေသနပြု လေ့လာချင်တယ်ဆိုတဲ့ စိတ်ကူးကို လက်ခံပေမယ့် အခုလို ညီလာခံမျိုး ဦးဆောင်ကျင်းပပြီး ယူဆောင်နိုင်မယ့် အကျိုးရလဒ် အပေါ်မှာတော့ အကြီးအကျယ် သံသယ မေးခွန်းထုတ်နေကြပါတယ်။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။