Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

လူမမာအဖွားအိုကို နှိပ်စက်တဲ့ မြန်မာ အိမ်အကူကိုထောင်ဒဏ်ချ

တရားရုံးမှာ ကြားနာတဲ့အခါ မအေးအေးနိုင်က သူဟာ အလုပ်ရှင်နဲ့ ဘာရန်ညှိုးရန်စမှ မရှိကြောင်း ထွက်ဆိုပါတယ်။ အလုပ်ရှင်က သူ့ကို စားစရာ အိပ်စရာ ကောင်းကောင်းပေးထားပြီး အဆင်ပြေပြေ ဆက်ဆံခဲ့ကြောင်း ဝန်ခံပါတယ်။

“မျက်နှာကို စားပွဲတင် နာရီနဲ့ ရိုက်တာ၊ ဆံပင်ဆွဲတာ၊ ပါးစပ်ကို ပိတ်ရိုက်တာတွေပါ လုပ်ခဲ့” နာမကျန်းဖြစ်ပြီး အိပ်ရာထဲ လဲနေတဲ့ သက်ကြီးရွယ်အို တစ်ဦးကို ညှင်းပန်း နှိပ်စက်ခဲ့တဲ့ မြန်မာ အမျိုးသမီး အိမ်အကူကို စင်ကာပူ တရားရုံးက ထောင်ဒဏ် ချမှတ် လိုက်ပါတယ်။

အသက် ၃၉ နှစ်အရွယ် မအေးအေးနိုင်က သူဟာ အိမ်အကူ လုပ်နေတဲ့ ၇ လတာ ကာလအတွင်း အသက် ၇၆ နှစ်အရွယ် အမျိုးသမီးကြီးကို ရက်ရက်စက်စက် ပြုမူ နှိပ်စက်မိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ မအေးအေးနိုင်ဟာ သူတာဝန်ယူ စောင့်ရှောက်ရမယ့် အမျိုးသမီးကြီးရဲ့ မျက်နှာကို စားပွဲတင် နာရီနဲ့ ရိုက်တာမျိုးတွေ၊ ဆံပင်ဆွဲတာ၊ ပါးစပ်ကို ပိတ်ရိုက်တာတွေပါ လုပ်ခဲ့ပါတယ်။

မအေးအေးနိုင်က သူဟာ အိုမင်းမစွမ်းသူ တစ်ဦးကို အနာတရဖြစ်အောင် ပြုမူခဲ့ကြောင်း စွဲချက် ၃ ခုအတွက် ဝန်ခံခဲ့ပြီးတဲ့နောက် ဒီဇင်ဘာ ၆ ရက်မှာ တရားရုံးက ထောင်ဒဏ် သီတင်းပတ် ၃၀ ကျခံဖို့ အမိန့် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

မအေးအေးနိုင်အပေါ် စွပ်စွဲထားတဲ့ နောက်ထပ် စွဲချက် တစ်ခုကိုလည်း တရားရုံးက ဆက်လက် သုံးသပ်နေပါတယ်။ ထိခိုက် ခံစားခဲ့ရသူရဲ့ အသက် ၅၂ နှစ်အရွယ် သမီးဖြစ်သူက မအေးအေးနိုင်ကို အိမ်အကူအဖြစ် ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဓိက တာဝန်ကတော့ ကျောရိုး ပြဿနာကြောင့် အဆစ်ရောင် ရောဂါတွေကြောင့် အိပ်ရာထဲ လဲနေတဲ့ မိခင်ကြီးကို ကူညီ ပြုစုပေးဖို့ပါ။ အမျိုးသမီးကြီးက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အခြေအနေတောင် မရှိပါဘူး။ ဇူလိုင် လကုန်ပိုင်းမှာ မအေးအေးနိုင်က လူမမာ အမျိုးသမီးကြီးပေါ် တက်နင်းပြီး ထိုင်ခုံကူရှင်တွေနဲ့ ရိုက်နှက်ခဲ့ပါတယ်။

အမျိုးသမီးကြီးက မနည်း အားယူပြီး မျက်နှာကို လက်နဲ့ ကာဖို့ ကြိုးစားတဲ့အခါ မအေးအေးနိုင်က အတင်းဆွဲဖယ်ပြီး မျက်နှာကို လက်သီးနဲ့ ထိုးတာ၊ နှာခေါင်းကို ညှပ်ထားတာမျိုးတွေ လုပ်ခဲ့ပါတယ်။

ဩဂုတ် ၁၄ ရက်မှာကျတော့ မအေးအေးနိုင်က စားပွဲတင် နှိုးစက်နာရီ တစ်လုံးက အသံတွေ ဆူညံနေတာကို အမျိုးသမီးကြီးရဲ့ မျက်နှာနားမှာ ဝှေ့ရမ်းပြခဲ့ပါတယ်။ ပြီးတော့ လူမမာရဲ့ ပါးစပ်ကို နာရီနဲ့ ရိုက်ခဲ့ပါတယ်။ နောက်ထပ် ၄ ရက်ကြာတော့ လူမမာရဲ့ ပါးစပ်ကို လက်သီးနဲ့ ထိုးတာ၊ အတင်းဖိတွန်းတာတွေ လုပ်ခဲ့ပြန်ပါတယ်။

နောက်တစ်ခါ လူမမာကို ထိုင်ခိုင်းထားပြီး ဆံပင်ဆောင့်ဆွဲခံပြန်ပါတယ်။ ပြီးတော့ အမျိုးသမီးကြီးရဲ့ နှုတ်ခမ်းကို ရေပုလင်းနဲ့ ဖိပြီး မနာနာအောင် နှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသမီးကြီးက ဒီအကြောင်းတွေကို သမီးဆီ ပြန်တိုင်တဲ့အခါ မအေးအေးနိုင်က ငြင်းဆိုပြီး လူမမာက ချော်လဲသွားတာသာ ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

အခြေအနေတွေကို မသင်္ကာတော့တဲ့ သမီးဖြစ်သူက အခန်းထဲမှာ လျှို့ဝှက် ကင်မရာ တပ်ထားပြီး စောင့်ကြည့်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဗီဒီယိုမှတ်တမ်း သက်သေတွေ ရလာတဲ့အတွက် ဩဂုတ် ၂၁ ရက်မှာ ရဲတိုင်လိုက်တာ ဖြစ်ပါတယ်။ ဆေးရုံမှာ စစ်ချက်ယူတဲ့အခါ အမျိုးသမီးကြီးရဲ့ နဖူး၊ ပါး၊ ပေါင်နဲ့ ရင်ညွန့်နေရာတွေမှာ ဒဏ်ရာ ဒဏ်ချက်တွေ တွေ့ရှိခဲ့ပါတယ်။

တရားရုံးမှာ ကြားနာတဲ့အခါ မအေးအေးနိုင်က သူဟာ အလုပ်ရှင်နဲ့ ဘာရန်ညှိုးရန်စမှ မရှိကြောင်း ထွက်ဆိုပါတယ်။ အလုပ်ရှင်က သူ့ကို စားစရာ အိပ်စရာ ကောင်းကောင်းပေးထားပြီး အဆင်ပြေပြေ ဆက်ဆံခဲ့ကြောင်း ဝန်ခံပါတယ်။

ဒါပေမဲ့ တစ်ကြိမ်မှာတော့ အလုပ်ကို စိတ်မပါ လက်မပါ လုပ်နေတာကြောင့် အလုပ်ရှင်က သူ့ကို ဆူပူခဲ့တဲ့အပေါ် ဒေါသထွက်လာမိကြောင်း မအေးအေးနိုင်က ပြောပါတယ်။ ဒီဒေါသကိုလည်း အိုမင်းမစွမ်းတဲ့ မိခင်အိုကြီးဆီ ဖောက်ခွဲဖို့ ဆုံးဖြတ်လိုက်ကြောင်း သူက ဖွင့်ဟပါတယ်။

၆ လ၊ ၇ လလောက်အတွင်း သူဟာ လူမမာ အမျိုးသမီးကြီးကို ကြမ်းကြမ်းတမ်းတမ်း ပြုမူမိခဲ့ကြောင်း ဝန်ခံပါတယ်။

တစ်ကြိမ်မှာဆိုရင် အမျိုးသမီးကြီးကို ဘီးတပ် ကုလားထိုင်ကနေ ကုတင်ပေါ်ရောက်အောင် လည်ပင်းကနေ ဆွဲခေါ်သွားဖူးတယ်လို့ မအေးအေးနိုင်က ပြောပါတယ်။

တရားလို အမျိုးသမီးကြီးက သူဟာ အစောပိုင်းမှာ မအေးအေးနိုင်ရဲ့ ကူညီ ဖေးမမှုတွေအတွက် ပျော်ရွှင်နေခဲ့မိကြောင်း တရားခွင်မှာ ထွက်ဆိုသွားပါတယ်။

တရားရုံးက နောက်ထပ် စွဲချက်နဲ့ ပတ်သက်လို့ စီရင်ချက် မချခင်မှာ တရားခံကို စိတ်ကျန်းမာရေး ဆရာဝန် တစ်ဦးနဲ့ တွေ့ဆုံစေဖို့ ညွှန်ကြားထားပါတယ်။

တရားခံ ရှေ့နေတွေကတော့ မအေးအေးနိုင်ဟာ ဖြစ်ခဲ့တာတွေအတွက် အရမ်း ဝမ်းနည်း နောင်တရနေတယ်လို့ ဆိုပါတယ်။

ပြီးတော့ သူဟာ အချိန် တော်တော်များများမှာ အမျိုးသမီးကြီးကို အဖွားအရင်းလို သဘောထား စောင့်ရှောက်ခဲ့ပါတယ်လို့လည်း တရားခံ ရှေ့နေတွေက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မေလ ၉ရက် ဖြစ်ခဲ့သည့် အဆိုပါ မီးမြှိုက်နှိပ်စက်ခဲ့သည့် ဖြစ်ရပ်အပေါ် SSPP ကလည်း ဝန်ခံထားပြီး စစ်ဆေးခံရသူ အသက်ရှင်လျှက်ရှိကြောင်း၊ ဖြစ်ရပ်အပေါ် တောင်းပန်ကြောင်းနှင့် စစ်ဥပဒေ ၊ စစ်သုံ့ပန်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်မည်ဟု SSPP ဘက်က အသိပေးထားသည်ဟုဆိုသည်။

သတင်း

အောက်တိုဘာလ ၃၀ ရက် ညနေပိုင်းက မန္တလေး မြေပြင်သပိတ်အဖွဲ့ ဝင် လူငယ် ၄ ဦးနဲ့ ဦးဇင်း ဦးကလျာဏ တို့ဖမ်းခံလိုက်ရတာပါ။

သတင်း

နိုင်ငံရေးအကျဉ်းသားတွေကို ပစ်မှတ်ထားကာညှင်းပန်းနှိပ်သူတွေထဲ မြင်းခြံထောင်ပိုင်လေးဖြစ်တဲ့ ဝင်းကြိုင်(သုံးပွင့်)၊ ထောင်မှူးတွေဖြစ်တဲ့ မြတ်ကျော်သူ (နှစ်ပွင့်)၊ မောင်မောင်သိန်း(နှစ်ပွင့်)တို့ပါဝင်တယ်လို့သိရပါတယ်။

သတင်း

စက်တင်ဘာ ၇ ရက်ကစတင်ခဲ့တဲ့ အဲဒီကံစမ်းမဲကမ်းပိန်းဟာ လက်မှတ်တစ်စောင် ကျပ်တစ်သောင်း၊ ထိုင်းဘတ် ၂၀၀၊ စင်ကာပူ ၅ဒေါ်လာ၊ အမေရိကန် ၅ ဒေါ်လာ၊ ကိုရီးယား၀မ် တစ် သောင်း သတ်မှတ်ထားပါတယ်။