Connect with us

Hi, what are you looking for?

သတင်း

ဒဂုံဆိပ်ကမ်းမြို့တွင် အမျိုးသမီးတစ်ဦးအားသူခိုးဟုစွပ်စွဲပြီး ဘုန်းကြီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ငါးရက်ကြာချုပ်နှောင်နှိပ်စက်

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးအား သူခိုးဟုစွပ်စွဲပြီး ဘုန်းကြီးနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးက ငါးရက်ကြာချုပ်နှောင်နှိပ်စက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရဲခေါင်/People’s Spring

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးအား သူခိုးဟုစွပ်စွဲပြီး ဘုန်းကြီးနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးက ငါးရက်ကြာချုပ်နှောင်နှိပ်စက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဒဂုံမြို့သစ်​တောင်ပိုင်းတွင်​နေထိုင်သည့် ဒေါ်သန်းသန်းအား သူခိုးဟုစွပ်စွဲပြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရာဇဂြိုဟ်ပရိယတ္တိစာသင်တိုက်တွင် နှစ်ရက်၊ အမှတ်(၆၁)ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးတွင် သုံးရက်ချုပ်​နှောင်ဖမ်းဆီးပြီး ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုကဲ့သို့ပြုလုပ်မှုကြောင့် ကာယကံရှင်အမျိုးသမီးသည် ဒဏ်ရာများရရှိပြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းသို့ ​အောက်တိုဘာ ၁၄ရက်တွင် သွားရောက်တိုင်တန်းခဲ့​ကြောင်း မှုခင်းမှတ်တမ်းတွင် ရေးသားထားသည်။

စစ်ကောင်စီ၏ ရဲစစ်ချက်အရ ဒဂုံ​မြို့သစ်​တောင်ပိုင်းမြို့နယ်၊(၆၆) ရပ်ကွက်၊ အင်းဝအိမ်ယာ​နေ​ ဒေါ်သန်းသန်းအား လွန်ခဲ့​သော ခုနစ်လက ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရာဇဂြိုဟ်ပရိယတ္တိစာသင်တိုက်တွင် အတူနေခဲ့ဘူးသူ​ ဒေါ်စန်းစန်းခိုင်က အောက်တိုဘာ ၉ရက်တွင် ဖုန်းဆက်ပြီး​ ကျောင်းတွင် ပြသနာတက်​နေသဖြင့် လာရောက်ရန်​ခေါ်ခဲ့​သည်။

ဘုန်းကြီး​ကျောင်း​ရောက်ချိန်တွင် တိုက်အုပ်ဘုန်းကြီးဦးသူရဓမ္မက ခိုးယူသွာ​သော​ ရှေး​ဟောင်းပစ္စည်းများပြန်​ပေးရန်နှင့် မ​ပေးကသတ်ပစ်မည်ဆိုကာ ဆွမ်းစား​ဆောင်​အောက်တွင် (၂)ရက်ချုပ်​နှောင်ထားပြီး အမည်မသိအမျိုးသမီးသုံးဦးက​ စောင့်ကြပ်ကြောင်း ဒေါ်သန်းသန်းက ပြောသည်။

အောက်တိုဘာ ၁၁ရက်တွင် ဘုန်းကြီးဦးသူရဓမ္မ၊ ဦးသာလှထွန်းဆိုသူ နှင့်အမည်မသိအမျိုးသမီးနှစ်ဦးက ဒေါ်သန်းသန်းအား အမှတ်(၆၁)ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးသို့ ​ခေါ်ပြီးဘုန်းကြီး​ကျောင်းမှ ပစ္စည်းများအား ဒေါ်သန်းသန်းက ခိုးယူ​ကြောင်း​ပြောပြီးထားခဲ့​ကြောင်း သိရသည်။

ထို့နောက် အမှတ်(၆၁)ရပ်ကွက်အုပ်ချုပ်​ရေးမှူးဦးတင်​မောင်​ဆွေက​ ဆဲဆိုကာ ရုံးရှိ အခန်းတစ်ခုတွင် သုံးရက်ပိတ်​လှောင်ထား​ကြောင်း၊ ထိုသို့ ပိတ်​လှောင်ထားစဥ် ရပ်ကွက်အုပ် ချုပ်​ရေးမှူးနှင့် အမည်မသိအမျိုးသားနှစ်ဦးက​ ကော်​ရေပိုက်ဖြင့်ဝိုင်းဝန်းရိုက်နှက်သဖြင့် ဒဏ်ရာများရခဲ့​ကြောင်း ဒေါ်သန်းသန်းက ထွက်ဆိုထားသည်။

ထို့​ကြောင့်​ ပစ္စည်းခိုးသည်ဟုစွပ်စွဲကာဆဲဆိုခြိမ်း​ခြောက်ခြင်း၊ရိုက်နှက်ခြင်း၊ ငါးရက်ကြာ မတရားချုပ်​နှောင်ထားခြင်းများအတွက် ဘုန်းကြီးဦးသူရဓမ္မ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးဦးတင်​မောင်​ဆွေ၊ ဦးသာလှထွန်းနှင့် အမည်မသိအမျိုးသမီးသုံးဦး၊ အမည်မသိအမျိုးသားနှစ်ဦးတို့ကိုအ​ရေးယူ​ပေးရန် ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်း၌ ဒေါ်သန်းသန်းက တိုင်တန်းထားကြောင်း သိရသည်။

“အမှုတွေတော့ ဖွင့်ထားပြီးပြီ။ ဖမ်းမမိသေးဘူး”ဟု ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲက လူထုနွေဦးသို့ ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့အပါအဝင် အခြားမြို့နယ်များ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆိုသူများနှင့် ၎င်း၏နောက်လိုက်များသည် ပြည်သူများအပေါ် အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်၊သတ်ဖြတ်မှုများ ကျူးလွန်နေသည်။

ထို့ကြောင့် စစ်ကောင်စီဘက်တော်သားများဖြစ်သော ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို မြို့ပြ​ပြောက်ကျားအဖွဲ့များက ပစ်ခတ်ရှင်းလင်း သတိပေးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

Walk For Peace မှာပါဝင်ခဲ့တဲ့ မြန်မာဆရာတော်နဲ့ အဖွဲ့ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နယူးယောက် ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံးမှာ တွေ့ဆုံခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်မှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး ကျေးရွာတွေမီးရှို့ကာ လက်ရှိ မြင်းခြံမြို့နယ်က ပြည်သူ ၈ဦးနဲ့ ရဲဘော် ၃ဦးကို သတ်ဖြတ်ထားတဲ့ စစ်တပ်ရဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းက ဒေသခံ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ထားတဲ့ ရုပ်သံဖိုင်တွေထွက် ပေါ်လာပါတယ်။