Connect with us

Hi, what are you looking for?

ဗီဒီယို

အရာ​တော်နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ဟု ဗိုလ်​ပေါက်စီ​ပြော

ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်သားများသည် ကဲဘာရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့်  ရွာအတွင်းရှိ ‌သာသနာ့အဆောက် အအုံတစ်ခု နှင့် နေအိမ်အချို့ ပျက်စီးထိခိုက်ခဲ့ပြီး  ရွာခံပြည်သူများမှာ ဘေးလွှတ်ရာသို့ တိမ်းရှောင်နေရသည်။

မဟာမိတ်သုံးဖွဲ့ကလည်း အကြမ်းဖက်အမြှောက်တပ် (၃၆၉)သစ်ကျင်းကြီးတပ်အတွင်းသို့ အဝေးပစ်ဖြင့် ပစ်ခတ်

စစ်ကိုင်းတိုင်း အရာတော် အရှေ့‌တောင်ဘက်ခြမ်းရှိ ကဲဘာကျေးရွာအနီးဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ဒေသခံတော်လှန်ရေးအင်အားစုများကို လက်နက်ကြီးများသုံး၍ ထိုးစစ်ဆင်ခဲ့ကြောင်း အရာတော်မြို့နယ် တော်လှန်ရေး အင်အားစု (ARA)မှ ဗိုလ်ပေါက်စီက ပြောသည်။

” မနက် ၇ နာရီလောက်ကစပြီး အကြမ်းဖက်စစ် တပ်နဲ့ထိတွေ့တာ။သူတို့ဘက်က အင်အား ၂၀၀လောက်ရှိမယ်။ RPG တွေရော၊ ၆၀ မမတွေရော လက်နှက်ကြီးတွေသုံးပြီးပစ်တာ။ လက်နက်ချင်း မမျှတော့ အင်အားစုတွေဘက်က အကုန် အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့တယ်”ဟု ဗိုလ်ပေါက်စီက ရှင်းပြ သည်။

ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်သားများသည် ကဲဘာရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့်  ရွာအတွင်းရှိ ‌သာသနာ့အဆောက် အအုံတစ်ခု နှင့် နေအိမ်အချို့ ပျက်စီးထိခိုက်ခဲ့ပြီး  ရွာခံပြည်သူများမှာ ဘေးလွှတ်ရာသို့ တိမ်းရှောင်နေရသည်။

Public Service Announcement

Public Service Announcement

အရာတော် မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာလကစ၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ထို့အပြင် အရာတော်မြို့နယ်တောင်ပိုင်းရှိ ညီနောင်မဟာမိတ်သုံးဖွဲ့က အကြမ်းဖက်စစ်ကောင်စီ၏ အမြှောက်တပ် (၃၆၉) သစ်ကျင်းကြီးတပ်အတွင်းသို့ အဝေးပစ်လက်နက်များဖြင့် ပစ်သွင်း တိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာ ၈ ရက် မွန်းလွဲပိုင်းက သပြေညို ပြောက်ကျား တပ်ဖွဲ့၊ Ayadaw Falcon Force – (AF2)နှင့် Ayadaw Bone Naing PDF- (ABNPDF) ညီနောင်မဟာမိတ်သုံးဖွဲ့တို့က ၃၆၉-တပ် (အရပ်ခေါ်သစ်ကျင်းကြီးတပ်) အတွင်းသို့ အဝေးပစ် သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့‌ခြင်းဖြစ်သည်။

“အဓိကတော့ အရာတော် အရှေ့ပိုင်းဖြစ်တဲ့ ကဲဘာရွာမှာ စစ်တပ်က အလုံးအရင်းဝင်တိုက်နေလို့ စစ်ရှိန် ကို ဒီဘက် ဖြန့်ကျက်နိုင်အောင် တိုက်ခိုက်ခဲ့တာပါ” ဟု တောင်ပိုင်းမဟာမိတ် စစ်ဆင်ရေး တာဝန်ခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကာင်စီတပ်သားများက ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့သော်လည်း ညီနောင်မဟာမိတ်ရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီက ၎င်းတို့ လက်အောက်ခံ ပျူစောထီးများကို အရာတော်မြို့နယ်၌ သင်တန်းပေးကာ လက်နက်များတရားဝင်တပ်ဆင်ပေးခြင်းနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်ခဲ့သည်။

ထို့ကြောင့် ဒီဇင်ဘာ ၆ ရက်က အရာတော်မြို့ နယ် ၌ ပျူစောထီများအားကောင်းသော သလဲဘာကျေးရွာကို ARA ဦးဆောင်၍ ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက် စီးနင်းနိုင်ခဲ့ပြီး ပျူစောထီး ခြောက်ဦးသေဆုံးခဲ့သည်။

အလားတူ အရာတော်မြို့နယ်ရှိ ပျူစောထီးများအနေဖြင့် လက်နက်ချ အညံ့ခံရန်လည်း ARA က ယမန်နေ့တွင် ကြေညာချက်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

Facebook