Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

လူတစ်ယောက်တည်းက တစ်နေ့တည်း ကာကွယ်ဆေး ၁၀ လုံးထိုးတဲ့ ကိစ္စကို နယူးဇီလန် စုံစမ်းနေ

ကာကွယ်ဆေး ထိုးပေးတဲ့ လုပ်ငန်းစဉ်တွေဟာ ပါဝင် တာဝန်ယူ ပတ်သက်သူတိုင်းအပေါ် ယုံကြည်မှု မြင့်မြင့်မားမား ထားပေးရကြောင်း၊ ဒီလို အခြေအနေမျိုးမှာ အခုပြဿနာမျိုး ပေါ်လာတယ် ဆိုတာကတော့ အားလုံးအတွက် မကောင်းကြောင်းလည်း သူက ပြောကြားသွားပါတယ်။

လူတစ်ယောက်တည်းက တစ်နေ့တည်းမှာ ကိုဗစ် ကာကွယ်ဆေး ၁၀ လုံး ထိုးနှံခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ နယူးဇီလန်မှာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ဒီသတင်းကို ကြားမိသူတိုင်းက အဲဒီ အမျိုးသားဟာ မယုံနိုင်စရာ ကောင်းလောက်အောင် တစ်ကိုယ်ကောင်း ဆန်လွန်းသူအဖြစ် ဝေဖန် ပြစ်တင်နေကြပါတယ်။ သူဟာ တခြားသူတွေအတွက် ထိုးပေးရမယ့် ကာကွယ်ဆေးတွေကို လက်လွှဲ ဝယ်ယူပြီး ကိုယ်တိုင် တစ်ယောက်တည်း ယူထိုးခဲ့တာလို့ သိရပါတယ်။

နယူးဇီလန် အစိုးရရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက အခုဖြစ်စဉ်ကို ကြားသိပြီးတဲ့နောက် စုံစမ်း စစ်ဆေးမှုတွေ စတင်နေပြီလို့ ကာကွယ်ဆေး ထိုးနှံမှု ပရောဂျက် မန်နေဂျာ အက်စ်ထရစ်ဒ် ကောနက်ဖ်က ဆိုပါတယ်။ ဒီဖြစ်စဉ်က ကာကွယ်ဆေး ထိုးနှံမှု တာဝန်ကို ရိုးသား ဖြောင့်မှန်တဲ့ အဖွဲ့အစည်းတွေဆီ ပေးအပ်ဖို့ ဘယ်လောက် အရေးကြီးသလဲ ဆိုတာ သင်ခန်းစာ ရလာစေတယ်လို့လည်း ကောနက်ဖ်က မှတ်ချက် ပေးခဲ့ပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနက ဒီကိစ္စဟာ နယူးဇီလန်ရဲ့ ဘယ်ဒေသ၊ ဘယ်မြို့မှာ ပေါ်ပေါက်ခဲ့သလဲ ဆိုတာကိုတော့ မထုတ်ပြန်ပါဘူး။ နယူးဇီလန်က ဗိုင်းရပ်စ်ဗေဒ ပညာရှင် ဒေါက်တာ ဟယ်လန် ပက်တိုဆစ် ဟားရစ်ကတော့ ဒီလုပ်ရပ်မျိုးဟာ အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး ဆေးမထိုးဖြစ်တဲ့ သူတွေအတွက် အကြီးအကျယ် အန္တရာယ် ရှိသွားစေနိုင်တယ်လို့ ပြောပါတယ်။ အဲဒီ အမျိုးသားဟာ ဆေးတချို့ကို ငွေလိုလို့ ပြန်ရောင်းလိုက်ရသူတွေဆီက ယူထိုးခဲ့တယ်လို့လည်း ယုံကြည်ရပြီး ဒါဟာ ဆင်းရဲနွမ်းပါးသူတွေအပေါ် တစ်မျိုးတစ်ဖုံ အမြတ်ထုတ်လိုက်တဲ့ သဘောပဲလို့ ဒေါက်တာ ဟားရစ်က မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တစ်နေ့တည်း ဆေး ၁၀ လုံးထိုးတဲ့ အမျိုးသားဟာ ဒေသတွင်းက ကာကွယ်ဆေးထိုး စင်တာ တချို့ဆီ လှည့်လည် သွားလာပြီး ဆေးထိုးရမယ့် သူတွေ ဆီကရော၊ ကာကွယ်ဆေး ကိုင်တွယ်သူ တချို့ဆီကပါ ဆေးပြန်ဝယ် ထိုးခဲ့တာလို့ ယူဆရပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေ အများကြီး ထိုးလိုက်တဲ့ ကိစ္စမျိုးက ကာယကံရှင် ကိုယ်တိုင် အတွက်လည်း အန္တရာယ် များလွန်းတယ်လို့ ဒေါက်တာ ဟားရစ်က သတိပေးခဲ့ပါတယ်။

ကာကွယ်ဆေး ထိုးပေးတဲ့ လုပ်ငန်းစဉ်တွေဟာ ပါဝင် တာဝန်ယူ ပတ်သက်သူတိုင်းအပေါ် ယုံကြည်မှု မြင့်မြင့်မားမား ထားပေးရကြောင်း၊ ဒီလို အခြေအနေမျိုးမှာ အခုပြဿနာမျိုး ပေါ်လာတယ် ဆိုတာကတော့ အားလုံးအတွက် မကောင်းကြောင်းလည်း သူက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ငှက်ဖျားနဲ့ ပတ်သက်လို့ အာဖရိကတိုက်မှာ နောက်ထပ် အားတက်စရာ သတင်းတစ်ခုကတော့ အခုလ အစောပိုင်းတုန်းက ကိပ်ဗာဒီ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးသော ငှက်ဖျားကင်းစင်တဲ့ ဆာဟာရ ဆက်စပ် နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

သတင်း

နယူးဇီလန် အစိုးရဟာ မီရာမာသာ မကဘဲ တစ်နိုင်ငံလုံးမှာ ရှိသမျှ ကြွက်တွေအပြင် ဒေသခံ ငှက်တွေကို အန္တရာယ်ပေးမယ့် တခြား သားစားသတ္တဝါတွေကိုပါ မျိုးဖြုတ်ဖို့ ရည်မှန်းထားပါတယ်။ အဲဒီ ရည်မှန်းချက်ကို ၂၀၅၀ ပြည့်နှစ် မတိုင်မီ အကောင်အထည် ဖော်သွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...