Connect with us

Hi, what are you looking for?

ဗီဒီယို

လူသတ်၊ အလောင်းဖျောက်၊ လူသားစားသူကို ဂျာမန်တရားရုံးက ထောင်ဒဏ်တစ်သက်ချ

စတီဖင်ဟာ သေဆုံးသူရဲ့ လိင်အင်္ဂါကို ဖြတ်တောက်ပြီး စားသောက်လိုက်တယ်လို့ ယူဆရပါတယ်။ အဲဒီအပိုင်းဟာ လုံးဝ ရှာမတွေ့တော့ဘူးလို့ ရဲတွေက ပြောပါတယ်။ ဒီလိုကိစ္စမျိုး ကျူးလွန်ပြီး စတီဖင်ဟာ သူ့ရဲ့ လိင်သာယာမှုကို ရှာဖွေခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက စွပ်စွဲပါတယ်။

လူသားစားခဲ့တဲ့ ကျောင်းဆရာ တစ်ဦးကို ဂျာမန် တရားရုံး တစ်ခုက လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု စွဲချက်တွေနဲ့ ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဘာလင်မြို့မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုဟာ ကြားသိရသူတိုင်းကို စိတ်နှလုံး မသာမယာ ဖြစ်စေခဲ့ပါတယ်။ စတီဖန်အာရ်လို့သာ နာမည် အတိုကောက် ဖော်ပြထားတဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသားဟာ လျှပ်စစ် အင်ဂျင်နီယာ တစ်ဦးကို ဖျားယောင်းသွေးဆောင် သတ်ဖြတ်ခဲ့ကြောင်း ဘာလင် တရားရုံးက ဆုံးဖြတ်ပြီး အခုသီတင်းပတ်မှာ စီရင်ချက် ချလိုက်တာ ဖြစ်ပါတယ်။

စတီဖင်ဟာ အသက် ၄၃ နှစ်အရွယ် သေဆုံးသူကို အွန်လိုင်းက Dating ဝက်ဘ်ဆိုက် တစ်ခုမှာ တွေ့ဆုံပြီး သူ့အိမ်ကို လာခဲ့ဖို့ ချိန်းဆိုခဲ့ပါတယ်။ သူတို့နှစ်ဦး လိင်ဆက်ဆံခဲ့ပြီး နောက်တစ်နေ့မှာ စတီဖင်က အင်ဂျင်နီယာကို သတ်ပစ်ခဲ့တာလို့ တရားရုံး မှတ်တမ်းတွေက ဖော်ပြထားပါတယ်။

စတီဖင်ဟာ အရင်ကလည်း အွန်လိုင်း Dating ဝက်ဘ်ဆိုက်တွေ၊ လူသားစားတဲ့အကြောင်း ဆွေးနွေးတဲ့ ဝက်ဘ်ဆိုက်တွေကို ဝင်ရောက်လေ့ ရှိပါတယ်။ တရားရုံးမှာတော့ သူက အင်ဂျင်နီယာကို မသတ်ခဲ့ကြောင်း၊ လိင်ဆက်ဆံပြီး နောက်တစ်နေ့ မနက်မှာ သူ့ဖာသာ သေနေတာ တွေ့တဲ့အတွက် ထိတ်လန့်ပြီး အလောင်း ဖျောက်ခဲ့မိတာသာဖြစ်ကြောင်း စတီဖင်က ထွက်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ တရားသူကြီးကတော့ စတီဖင်ဟာ သူ့ရဲ့သားကောင်ကို ဆေးခတ်ပြီးမှ လည်ပင်းကို ဓားနဲ့လှီးဖြတ် သတ်ပစ်ခဲ့တယ်လို့ ယူဆခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်တော့ စတီဖင်ဟာ အလောင်းကို ခုတ်ထစ် ဖြတ်တောက်ပြီး ငှားရမ်းထားတဲ့ ကားတစ်စီးပေါ် တင်ဆောင်သွားခဲ့ပါတယ်။ ပြီးတော့ အိမ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ တောအုပ်တစ်ခုနဲ့ ပန်းခြံတစ်ခုထဲမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စွန့်ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူရဲ့ မိခင်က လူပျောက် တိုင်ထားတဲ့နောက် ရဲတွေက စုံစမ်းနေဆဲမှာပါ ရုပ်အလောင်း အစိတ်အပိုင်းတွေကို စတင် တွေ့ရှိလာခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာမှာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို နေရာတွေ ပျံ့နှံ့ ရှာတွေ့ပြီးတဲ့ အခါမှာတော့ ဒီကိစ္စကို လူသတ်မှုအဖြစ် ရဲတွေက သတ်မှတ်လိုက်ပါတယ်။ အင်ဂျင်နီယာရဲ့ ဖုန်းအသုံးပြုမှု မှတ်တမ်းတွေကို ခြေရာခံ စစ်ဆေးကြည့်တဲ့ အခါမှာ စတီဖင်က အဓိက မသင်္ကာစရာ ဖြစ်လာပါတယ်။ ရဲတွေက သူ့တိုက်ခန်းကို ရှောင်တခင် ဝင်စစ်တဲ့ အခါမှာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်း အကြွင်းအကျန်တချို့၊ လွှစက်ကြီး အပါအဝင် အလောင်းဖျောက်ရာမှာ အသုံးပြုခဲ့တဲ့တယ်လို့ ယုံကြည်ရတဲ့ မသင်္ကာစရာ ပစ္စည်းတွေကို တွေ့ရှိခဲ့ပါတယ်။

စတီဖင်ဟာ သေဆုံးသူရဲ့ လိင်အင်္ဂါကို ဖြတ်တောက်ပြီး စားသောက်လိုက်တယ်လို့ ယူဆရပါတယ်။ အဲဒီအပိုင်းဟာ လုံးဝ ရှာမတွေ့တော့ဘူးလို့ ရဲတွေက ပြောပါတယ်။ ဒီလိုကိစ္စမျိုး ကျူးလွန်ပြီး စတီဖင်ဟာ သူ့ရဲ့ လိင်သာယာမှုကို ရှာဖွေခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက စွပ်စွဲပါတယ်။

စတီဖင်ရဲ့ ရှေ့နေက လိင်ပိုင်းဆိုင်ရာနဲ့ အသတ်အဖြတ်အကြောင်း စိတ်ကူးယဉ်ရုံ သက်သက်နဲ့ ရာဇဝတ်မှု မမြောက်ကြောင်း၊ သူ့အမှုသည်ကို ကွင်းလုံးကျွတ် လွတ်မြောက်ခွင့် ပေးသင့်ကြောင်း လျှောက်လဲခဲ့ပါသေးတယ်။ ဒါပေမဲ့ တရားသူကြီးကတော့ စတီဖင်ဟာ လူမဆန်တဲ့ လုပ်ရပ်တွေကို စိတ်ပါလက်ပါ ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ပြီး ထောင်ဒဏ်တစ်သက် ချမှတ်လိုက်တာပါ။

အခုဖြစ်စဉ်ဟာ ဂျာမနီမှာ နာမည်ဆိုးနဲ့ ကျော်ကြားဖူးတဲ့ လူသတ်၊ လူသားစားမှု တရားခံ အာမင် မိုင်ဝက်စ်ရဲ့ အမှုကို ပြန်လည် အမှတ်ရလာစေပါတယ်။ သူလည်း ၂၀၀၆ ခုနှစ်တုန်းက ထောင်ဒဏ်တစ်သက် ချမှတ် ခံခဲ့ရပါတယ်။ ကွဲပြားတာ တစ်ခုကတော့ မိုင်ဝက်စ်ရဲ့ သားကောင်က ကိုယ်တိုင် သေချင်နေလို့ လိုလိုလားလား အသတ်ခံခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံမြို့မှာလူသတ်ဓားပြတိုက်မှုဖြစ်ခဲ့ပြီးတရားခံတွေလွတ်မြောက်နေပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ ဆက်ဆံရေး ပြန်လည် နွေးထွေးလာစေဖို့နဲ့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့ လိုလားကြောင်း ဂျာမန် အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ်က သူ့ရဲ့ ဘေဂျင်းခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီကွေဒေါ နိုင်ငံမှာ ထောင်ဆူမှု တစ်ခုကနေ ကြမ်းတမ်းရက်စက်တဲ့ လူသတ်ပွဲတွေအသွင် ကူးပြောင်းသွားပြီး အကျဉ်းသား အများစု အပါအဝင် လူ ၃၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။