Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ရန်ကုန်ရဲ့ တိတ်ဆိတ်ခြင်းသပိတ်

Silent Strike ကို ဒီနေ့ နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိပြုလုပ်မှာဖြစ်ပါတယ်။ Silent Strike နေ့မှာ ရန်ကုန်မြို့လယ်မှာ စစ်ကောင်စီထောက်ခံပွဲတစ်ခုပြုလုပ်သွားတာတော့ရှိပါတယ်။

စစ်အာဏာသိမ်းတစ်နှစ်ပြည့်မြောက်ပြီဖြစ်ပေမယ့် အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ ပြည်သူတွေဟာ Silent Strike နဲ့ စစ်အာဏာရှင်ကိုလက်မခံကြောင်းဆက်လက်ပြသနေကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီက Silent Strike ပြုလုပ်မယ့်ဆိုင်တွေကို အတင်းအကျပ် ဖိအားပေးခဲ့တာကြောင့် ရန်ကုန်မြို့အတွင်းက ဆိုင်တွေဖွင့်ထားကြပေမယ့် ဝယ်သူတော့မရှိပါဘူး။

အရင်က လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့ ရန်ကုန်မြို့လယ်မှာ ဖွင့်ထားတဲ့ဆိုင်တွေက လွဲလို့ လူအသွားအလာအလွန်နည်းပါးနေပါတယ်။မီးပွိုင့်မိတိုင်း ကားတန်းရှည်ကြီးဖြစ်သွားတတ်တဲ့ ဆူးလေမီးပွိုင့်မှာလည်း ကားအချို့ကိုပဲတွေ့ရပါတယ်။လိုင်းကားတွေတစ်စီးပြီးတစ်စီးထွက်နေပေမယ့် ကားပေါ်မှာ ခရီးသည်အချို့ကိုပဲတွေ့ရပါတယ်။

Silent Strike ကို ဒီနေ့ နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိပြုလုပ်မှာဖြစ်ပါတယ်။ Silent Strike နေ့မှာ ရန်ကုန်မြို့လယ်မှာ စစ်ကောင်စီထောက်ခံပွဲတစ်ခုပြုလုပ်သွားတာတော့ရှိပါတယ်။

You May Also Like

သတင်း

အသံတိတ်သပိတ်ကို ယမန်နေ့(ဖေဖော်ဝါရီ ၁) နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပြုလုပ်ခဲ့ရာ ရန်ကုန်၊ မန္တ လေး၊ နေပြည်တော် အပါအဝင် နိုင်ငံတဝန်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ ခြိမ်းခြောက် ဖိနှိပ်မှုများအကြားမှ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်သည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

သတင်း

"ဓာတ်ပုံလေးရိုက်တာတောင် ကြောက်ချီးပန်းနေမှတော့ စစ်ကောင်စီ တပ်တွေဟာ အရမ်းကို ကြောက်စိတ်တွေဝင်ပြီး လုံး၀တပ်ပျက်နေပါပြီ”ဟု Indaw Revolution က ဖော်ပြသည်။

သတင်း

သပိတ်ဆင်နွှဲနေချိန်အတွင်း မန္တလေးမြို့ပေါ်က အထင်ကရလမ်းမကြီးတွေ၊ လမ်းသွယ်တွေမှာပါ အသွားအလာကင်းမဲ့သွားခဲ့တာပါ။

သတင်း

စစ်အုပ်စုဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လူ ၃၀၀ ခန့်နဲ့ စစ်တပ်ထောက်ခံပွဲလုပ်ဖို့ရှိပြီး မြို့လယ်ခေါင်အနီးပတ်ဝန်းကျင် မှာ ချီတက်ကြဖို့လည်းရှိနေပါတယ်။