Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ယူကရိန်း စစ်ပွဲမှာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ စတင် အသုံးပြုခဲ့တယ်လို့ ရုရှား အတည်ပြု

ဒီဒုံးကျည်တွေဟာ ကမ္ဘာ့လေထု အပြင်ဖက်ကနေ အသံထက် ၅ ဆလောက် ပိုမြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ ရောက်ရှိတဲ့ အမြင့်အရရော၊ မြန်နှုန်းအရပါ ဟိုက်ပါ ဆောနစ် ဒုံးကျည်တွေဟာ ကြားဖြတ် ဟန့်တား ပစ်ချဖို့ မဖြစ်နိုင်သလောက် ခက်ခဲပါတယ်။

ယူကရိန်းနဲ့ စစ်ပွဲမှာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ စတင် အသုံးပြုခဲ့တယ်လို့ ရုရှား စစ်တပ်က အတည်ပြု ကြေညာခဲ့ပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ယူကရိန်း အနောက်ပိုင်းမှာ ရှိနေတဲ့ မြေအောက် လက်နက်တိုက် တစ်ခုကို ဟိုက်ပါဆောနစ် ဒုံးကျည်တွေနဲ့ ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီ လက်နက်တိုက်မှာ ယူကရိန်း တိုက်လေယာဉ်တွေမှာ တပ်ဆင်တဲ့ လက်နက်တွေနဲ့ ဒုံးကျည်တွေ သိုလှောင်ထားတာ ဖြစ်တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အီဂေါ် ကိုနာရှန်ကော့ဗ်က ဆိုပါတယ်။

ရုရှားဟာ ဟိုက်ပါဆောနစ် နည်းပညာသုံး ဒုံးကျည်တွေကို စစ်မြေပြင်မှာ သုံးစွဲခဲ့တယ်လို့ ပထမဆုံးအကြိမ် ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ ရုရှားအပြင် အမေရိကန်၊ တရုတ်နဲ့ မြောက်ကိုရီးယားတို့လို လက်နက် အင်အားကြီး နိုင်ငံတွေက အပြိုင်အဆိုင် ကြိုးစား တီထွင်နေတဲ့ နောက်ဆုံးပေါ် လက်နက် နည်းပညာ ဖြစ်ပါတယ်။

ဒီဒုံးကျည်တွေဟာ ကမ္ဘာ့လေထု အပြင်ဖက်ကနေ အသံထက် ၅ ဆလောက် ပိုမြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ ရောက်ရှိတဲ့ အမြင့်အရရော၊ မြန်နှုန်းအရပါ ဟိုက်ပါ ဆောနစ် ဒုံးကျည်တွေဟာ ကြားဖြတ် ဟန့်တား ပစ်ချဖို့ မဖြစ်နိုင်သလောက် ခက်ခဲပါတယ်။

Public Service Announcement

Public Service Announcement

သူတို့ တီထွင်ထားတဲ့ Kinzhal ဒုံးကျည် စနစ်ဟာ ကီလိုမီတာ ၂၀၀၀ လောက် အကွာအဝေးက ပစ်မှတ်ကို တိတိကျကျ ချေမှုန်းနိုင်ပြီး ကမ္ဘာပေါ်မှာ ရှိနေတဲ့ ဘယ်လေကြောင်း ကာကွယ်ရေး စနစ်ကမှ ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ ရုရှား အစိုးရက ကြွေးကြော်ထားဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။