Connect with us

Hi, what are you looking for?

ဗီဒီယို

ရုရှားကို အကြမ်းဖက်မှု ကျူးလွန်တဲ့ နိုင်ငံအဖြစ် လစ်သူယေးနီးယား တရားဝင် သတ်မှတ်

ရုရှားဟာ ယူကရိန်းနဲ့ စစ်ပွဲအတွင်းမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ တရားဝင် စွပ်စွဲချက်ကိုတော့ အရင်ကတည်းက ကြုံခဲ့ဖူးပြီးသားပါ။ ပြီးခဲ့တဲ့လမှာ ကနေဒါ လွှတ်တော်က ရုရှားရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ထောက်ခံ ကြေညာခဲ့ပါတယ်။

ရုရှားကို အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့ နိုင်ငံတစ်ခုအဖြစ် လစ်သူယေးနီးယားက တရားဝင် စွပ်စွဲ ကြေညာလိုက်ပါတယ်။

ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှု၊ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေလို အကြမ်းဖက် လုပ်ရပ်တွေအတွက် ရုရှားဟာ အပြည့်အဝ တာဝန်ရှိတယ်လို့ လစ်သူယေးနီးယား လွှတ်တော်က တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ လစ်သူယေးနီးယားဟာ ကမ္ဘာ့ အင်အားကြီး နိုင်ငံ ရုရှားကို အကြမ်းဖက်မှု ကျူးလွန်ကြောင်း တရားဝင် စွပ်စွဲ ရှုတ်ချတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။

ရုရှားဟာ ယူကရိန်းနဲ့ စစ်ပွဲအတွင်းမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ တရားဝင် စွပ်စွဲချက်ကိုတော့ အရင်ကတည်းက ကြုံခဲ့ဖူးပြီးသားပါ။ ပြီးခဲ့တဲ့လမှာ ကနေဒါ လွှတ်တော်က ရုရှားရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ထောက်ခံ ကြေညာခဲ့ပါတယ်။

လစ်သူယေးနီးယား လွှတ်တော်ရဲ့ ထုတ်ပြန်ချက်မှာတော့ ရုရှား စစ်တပ်တွေနဲ့ ကြေးစား တိုက်ခိုက်ရေးသမားတွေဟာ ယူကရိန်းက ဘူချာ၊ အာပင်၊ မာရူပိုလ်၊ ဘိုရော့ဒ်ရာကီ၊ ဟော့စ်တိုမဲလ်နဲ့ တခြားမြို့ရွာတွေမှာ အကြမ်းဖက် လုပ်ရပ်တွေ၊ စစ်ရာဇဝတ်မှုတွေ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ရုရှား အစိုးရ တာဝန်ပေးထားတဲ့ စစ်တပ်တွေဟာ ယူကရိန်းက အရပ်သား ဧရိယာတွေမှာ စနစ်တကျနဲ့ စိတ်ပါလက်ပါ ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်ခဲ့ကြောင်း၊ ရုရှား အစိုးရဟာ အကြမ်းဖက် လုပ်ရပ်တွေကို ထောက်ခံ အားပေးနေခဲ့ကြောင်း လစ်သူယေးနီးယားက ဆိုပါတယ်။

လစ်သူယေးနီးယား နိုင်ငံခြားရေးဝန်ကြီး ဂါဘရီလူစ် လန်စ်ဘာဂစ်ကလည်း ရုရှားရဲ့ စစ်မက်လိုလားပြီး ရက်စက်ကြမ်းကြုတ်မှုတွေ ရပ်ဆိုင်းသွားဖို့အတွက် ဗလာဒီမာပူတင် ဦးဆောင်တဲ့ အစိုးရ ပြုတ်ကျသွားဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပူတင် အစိုးရက ရုရှားကို ဦးဆောင်နေသ၍ ပတ်ဝန်းကျင် နိုင်ငံတွေအားလုံး အန္တရာယ် ရှိနေနိုင်တယ်လို့လည်း လန်စ်ဘာဂစ်က သတိပေးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။