Connect with us

Hi, what are you looking for?

ဗီဒီယို

ဖင်လန်ကို ဓာတ်အားပေးပို့နေမှု ရုရှား ဖြတ်တောက်

ဖင်လန်ကို လျှပ်စစ်ဓာတ်အား တင်ပို့မှု ဖြတ်တောက်လိုက်တာနဲ့ ပတ်သက်လို့ RAO Nordicက ဒါဟာ နှစ်ပေါင်း ၂၀ ကြာ ကုန်သွယ်မှု သမိုင်းကြောင်းတလျှောက် ပထမဆုံး ကြုံရတဲ့ ထူးခြားဖြစ်စဉ်လို့ ပြောပါတယ်။ RAO Nordicဟာ ဖင်လန်ရဲ့ ဓာတ်အား သုံးစွဲမှု ၁၀ ရာခိုင်နှုန်းလောက်ကို ထောက်ပံ့ပေးနေတာပါ။

အနောက်အုပ်စု နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုမို တင်းမာလာချိန်မှာ ရုရှားက ဖင်လန်ဆီ လျှပ်စစ်ဓာတ်အား တင်ပို့ပေးမှုကို ရပ်ဆိုင်းထားလိုက်ပါတယ်။

ဖင်လန်နိုင်ငံဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ ဓာတ်အားခ ပေးဆောင်မှု မရှိတဲ့အတွက် မေလ ၁၄ ရက်ကစလို့ ဓာတ်အား တင်ပို့မှုကို ရပ်ဆိုင်းလိုက်ကြောင်း ရုရှား အစိုးရပိုင် RAO Nordicက ကြေညာပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မကြေညာခဲ့ပါဘူး။

ယူကရိန်းကို ရုရှားက စစ်တိုက်ခဲ့တဲ့နောက် ရုရှားနဲ့ အနောက်ဥရောပ နိုင်ငံတွေကြားမှာ ဆက်ဆံရေး အေးခဲသွားခဲ့သလို ဖင်လန်လို ကြားနေဝါဒ ကျင့်သုံးတဲ့ နိုင်ငံတွေကပါ ရုရှားရဲ့ ခြိမ်းခြောက်မှုကို စိုးရိမ်လာပါတယ်။ ဒါကြောင့် ဖင်လန်ဟာ ရုရှားရဲ့ ပြိုင်ဘက် NATO စစ်မဟာမိတ် အဖွဲ့နဲ့ ပူးပေါင်းဖို့ စီစဉ်လာပြီး ဒီအခြေအနေက ရုရှားကို ပိုပြီး အမျက်ထွက်စေခဲ့ပါတယ်။

ဖင်လန်ကို လျှပ်စစ်ဓာတ်အား တင်ပို့မှု ဖြတ်တောက်လိုက်တာနဲ့ ပတ်သက်လို့ RAO Nordicက ဒါဟာ နှစ်ပေါင်း ၂၀ ကြာ ကုန်သွယ်မှု သမိုင်းကြောင်းတလျှောက် ပထမဆုံး ကြုံရတဲ့ ထူးခြားဖြစ်စဉ်လို့ ပြောပါတယ်။ RAO Nordicဟာ ဖင်လန်ရဲ့ ဓာတ်အား သုံးစွဲမှု ၁၀ ရာခိုင်နှုန်းလောက်ကို ထောက်ပံ့ပေးနေတာပါ။

Public Service Announcement

Public Service Announcement

ဖင်လန်ရဲ့ ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ Fingridက ဆွီဒင်က တင်ပို့တဲ့ ဓာတ်အားရယ်၊ ပြည်တွင်းမှာ ပိုမို ထုတ်လုပ်မယ့် ဓာတ်အားရယ်ကို ပေါင်းပြီး လစ်ဟာမှုကို ဖြည့်ဆည်းနိုင်လိမ့်မယ်လို့ မှတ်ချက် ပေးပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ စွမ်းအင် တင်ပို့ပေးနေတဲ့ နိုင်ငံရပ်ခြား တိုင်းပြည်တွေ အနေနဲ့ ငွေပေးချေမှုမှာ ရူဘယ်လ်ငွေကြေး အသုံးပြုရမယ်လို့ အကျပ်ကိုင် တောင်းဆိုထားပါတယ်။ ဒါဟာ ရုရှားရဲ့ ရူဘယ်လ်ငွေ တန်ဖိုး ထိခိုက် ကျဆင်းအောင် အနောက်အုပ်စုက စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုတွေကို တုံ့ပြန်တည့် သဘောလည်း ဖြစ်ပါတယ်။

ဒီအတောအတွင်း ဖင်လန် သမ္မတ ဆော်လီ နီနစ္စတိုနဲ့ ဝန်ကြီးချုပ် ဆန်နာမာရင်တို့က သူတို့ အစိုးရ အနေနဲ့ NATO အဖွဲ့ထဲ ဝင်ရောက်ဖို့ မြန်နိုင်သမျှမြန်မြန် အားထုတ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ NATO အဖွဲ့ဝင် ဖြစ်လာခြင်းက ဖင်လန်ရဲ့ လုံခြုံရေး ကဏ္ဍကို ပိုမို ခိုင်မာ အားကောင်းလာစေမှာ ဖြစ်သလို ဖင်လန်က သွားရောက် ပေါင်းစည်းတဲ့အတွက် NATOကလည်း ပိုမို တောင့်တင်းလာမယ်လို့ ခေါင်းဆောင် နှစ်ဦးက ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။