Connect with us

Hi, what are you looking for?

ဗီဒီယို

ကိုယ်ဝန် ဖျက်ချမှု လွတ်လပ်ခွင့် ဥပဒေကို အမေရိကန် တရားရုံးချုပ် ရုပ်သိမ်း

တစ်ဖက်မှာတော့ ကိုယ်ဝန် ဖျက်ချမှုကို ကာလရှည်ကြာ ဆန့်ကျင်ခဲ့တဲ့ အမေရိကန် ဒုတိယ သမ္မတ မိုက်ခ်ပန့်စ်လို ပုဂ္ဂိုလ်တွေက သန္ဓေသားတွေရဲ့ အဖိုးတန် လူ့အသက်တွေ ဘေးကင်း လုံခြုံတာ သေချာတဲ့ထိ အားထုတ်မှုတွေ အရှိန်မလျှော့ဖို့ ကိုယ်ဝန်ဆောင် ဖျက်ချမှု တိုက်ဖျက်ရေး တက်ကြွ လှုပ်ရှားသူတွေကို တိုက်တွန်း တောင်းဆိုထားပါတယ်။

အမေရိကန်မှာ အမျိုးသမီးတွေရဲ့ ကိုယ်ဝန် ဖျက်ချဖို့ ဆုံးဖြတ်ပိုင်ခွင့်ကို ရုပ်သိမ်းလိုက်တဲ့နောက် ကိုယ်ဝန် ဖျက်ချပေးတဲ့ ဆေးခန်းတွေ စတင် ပိတ်သိမ်းနေသလို တရားရုံး ဆုံးဖြတ်ချက်အပေါ် မကျေမနပ် ဆန္ဒပြမှုတွေလည်း စတင်လာခဲ့ပါတယ်။

နှစ်ပေါင်း ၅၀ လောက် တည်တံ့ခဲ့တဲ့ အခြေခံ အမျိုးသမီး အခွင့်အရေး တစ်ရပ်ဟာ တရားမဝင်တော့ဘူးလို့ အမေရိကန်ရဲ့ ဗဟို တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။ တရားရုံး ဆုံးဖြတ်ချက်ကို ကြေညာလိုက်တဲ့နောက် အမေရိကန်က ပြည်နယ် အားလုံးရဲ့ ထက်ဝက်လောက်ဟာ ကိုယ်ဝန် ဖျက်ချမှုကို ကန့်သတ်တဲ့ စည်းမျဉ်းသစ်တွေ စတင် အသက်သွင်းဖို့ စီစဉ်နေပါပြီ။ အဲဒီထဲက ပြည်နယ် ၁၃ ခုဟာ ကိုယ်ဝန် ဖျက်ချခြင်းကို တရားမဝင် မှုခင်းအဖြစ် ချက်ချင်း သတ်မှတ်လိုက်ပါတယ်။

အမေရိကန် တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီ အထွန်းကားဆုံး နိုင်ငံကြီး တစ်ခုဖြစ်တဲ့ အမေရိကန်မှာသာ မကဘဲ တစ်ကမ္ဘာလုံးမှာပါ ငြင်းခုံစရာ ကိစ္စတစ်ခု ဖြစ်လာပါတယ်။ အမေရိကန်က မြို့ကြီးတွေမှာလည်း လာမယ့် ရက်ပိုင်းတွေအတွင်း တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက် ကြုံလာဖွယ် ရှိနေပါတယ်။

အရီဇိုးနား ပြည်နယ်က ဖီးနစ်မြို့မှာတော့ အမျိုးသမီးတွေ လွတ်လပ်စွာ ရွေးချယ်ခွင့် တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး လူစုခွဲခဲ့ကြပါတယ်။ လော့စ်အန်ဂျလိစ် မြို့မှာတော့ ဆန္ဒပြသူတွေက အဓိက အဝေးပြေး လမ်းမကြီး တစ်ခုကို အချိန်ပိုင်းလောက် ပိတ်ထားခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ကိုယ်ဝန် ဖျက်ချပေးတဲ့ ဆေးခန်းတချို့ကတော့ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်တဲ့နောက် ချက်ချင်းပဲ လုပ်ငန်း ရပ်ပစ်လိုက်တာမျိုးတွေ ရှိပါတယ်။ အာကန်ဆက်စ်က ဆေးခန်း တစ်ခုမှာဆို လူနာတွေရဲ့ တိုကင်ယူ ချိန်းဆိုမှုတွေကို ဖျက်လိုက်ပြီလို့ ဝန်ထမ်းတွေက လိုက်လံ အသိပေးခဲ့ပြီး ဆေးခန်းထဲမှာ စိတ်ပျက်လက်ပျက် ငိုကြွေးသံတွေကိုလည်း ကြားနေရပါတယ်။

တချို့နေရာတွေမှာတော့ ကိုယ်ဝန် ဖျက်ချမှု တိုက်ဖျက်ရေး တောင်းဆို လှုပ်ရှားသူတွေ စုဝေး အောင်ပွဲခံနေတဲ့ မြင်ကွင်းတွေကိုလည်း တွေ့ရပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ တရားရုံးချုပ် ဆုံးဖြတ်ချက်ဟာ ကြေကွဲစရာ အမှားအယွင်း တစ်ခုလို့ ဝေဖန်သွားပါတယ်။ ဒီအပြောင်းအလဲဟာ အမျိုးသမီး တချို့ရဲ့ ကျန်းမာရေးနဲ့ အသက်ရှင်သန်မှုကို နောက်ဆက်တွဲ ခြိမ်းခြောက်မှုတွေ ကြုံလာစေမှာ စိုးရိမ်ရကြောင်း ပြောပါတယ်။

တစ်ဖက်မှာတော့ ကိုယ်ဝန် ဖျက်ချမှုကို ကာလရှည်ကြာ ဆန့်ကျင်ခဲ့တဲ့ အမေရိကန် ဒုတိယ သမ္မတ မိုက်ခ်ပန့်စ်လို ပုဂ္ဂိုလ်တွေက သန္ဓေသားတွေရဲ့ အဖိုးတန် လူ့အသက်တွေ ဘေးကင်း လုံခြုံတာ သေချာတဲ့ထိ အားထုတ်မှုတွေ အရှိန်မလျှော့ဖို့ ကိုယ်ဝန်ဆောင် ဖျက်ချမှု တိုက်ဖျက်ရေး တက်ကြွ လှုပ်ရှားသူတွေကို တိုက်တွန်း တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။