Connect with us

Hi, what are you looking for?

ဗီဒီယို

ရန်ကုန်က YBS ဒုက္ခသည်

ပိုက်လိုင်းပြင်လို့ အဆင်ပြေတာနဲ့ CNG အလုံအလောက်ရရင် YBS တွေ အရင်အတိုင်းပြန်ထွက်နိုင်မယ်လို့ YBS ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောထားပါတယ်။

CNG အလုံအလောက်မ‌ရတာကြောင့် အခက်အခဲကြုံနေရတဲ့ YBS ခရီးသည်ပြည်သူ တွေကို လူမှူကူညီရေးအသင်း တွေဝင်ကူခဲ့ရပေမယ့် ဒီကနေ့တော့ အဆင်ပြေပြေရှိခဲ့ပါတယ်။

ဇူလိုင် ၂၂ ရက်က ရုံးဆင်းချိန် YBS တွေနည်းခဲ့တာကြောင့် ပြည်သူတွေ အခက်အခဲကြုံခဲ့တာပါ။

ဒါ့ကြောင့် လူမှူကူညီရေးအသင်းတွေက မှတ်တိုင်တွေမှာ ရပ်စောင့်နေရတဲ့ ခရီးသည်တွေကို လိုရာခရီးရောက်အောင်ပို့ဆောင်ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။

ဇူလိုင် ၂၃ ရက်မှာလည်း မနက်ပိုင်းကတည်းက မြို့နယ်တော်တော်များများက လူမှူကူညီရေးအသင်းတွေက စုရပ်သတ်မှတ်ပြီး ဆူးလေအထိပို့ဆောင်ပေးခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ဉက္ကလာပမြို့နယ်မှာဆိုရင် လူမှူကူညီရေးအသင်း ဆယ်သင်းက စုပေါင်းပြီးကား ၁၃ စီးအထိ ပြေးဆွဲပေးခဲ့တာပါ။

စမ်းချောင်းနဲ့ ကြည့်မြင်တိုင်မြို့နယ်‌ တွေမှာလည်း လူမှူကူညီရေးအသင်းတွေက ဆူးလေအထိကူညီပို့ဆောင်ပေးခဲ့ပါတယ်။

ဒေါပုံမြို့နယ်က နွယ်အေး ဗလီကလည်း ဒီနေ့ ညနေပိုင်းမှာ စုရပ်သတ်မှတ်ပြီး YBS ခရီးသည်တွေကို ကူညီပေးခဲ့ပါတယ်။

ဒီနေ့ကတော့ ရုံးပိတ်ရက်လည်းဖြစ်သလို YBS ကုမ္ပဏီတွေကလည်း ရုံးတတ် ရုံးဆင်းချိန်တွေကို အဓိကထားပြီး ကားလွှတ်ပေးခဲ့တာကြောင့် မနေ့ကလောက်တော့ အခက်အခဲမရှိခဲ့ပါဘူး။

CNG ပိုက်လိုင်းပေါက်ကွဲမှုကြောင့် CNG အလုံအလောက်မရရှိတာကြောင့် အခုလို အခက်အခဲတွေကြုံနေရတာလို့ သိရပါတယ်။

ပိုက်လိုင်းပြင်လို့ အဆင်ပြေတာနဲ့ CNG အလုံအလောက်ရရင် YBS တွေ အရင်အတိုင်းပြန်ထွက်နိုင်မယ်လို့ YBS ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောထားပါတယ်။

ရန်ကုန်မြို့မှာ နေ့စဉ်ပြေးဆွဲနေတဲ့ YBS သုံးထောင်ကျော်ရှိပြီး ခရီးသည် ၁၁ သိန်းကျော် စီးနင်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ရန်ကုန်မြို့မှာဇွန်လ၁၁ရက်နေ့လယ် ၁၂နာရီ ၁၈မိနစ်ခန့်က ငလျင်လှုပ်သွားပြီးအထပ်မြင့်အဆောက်အအုံတွေမှာပါသိသိသာသာ ခံစားလိုက်ရတယ်လို့မြို့ခံတွေကပြောပါတယ်။