Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဆိုးလ်မြို့ ဟောလိုဝင်းပါတီ သေဆုံးမှုတွေနဲ့ ဆက်စပ်ပြီး စစ်ဆေးခံနေရတဲ့ ရဲအရာရှိတစ်ဦး ရုတ်တရက် သေဆုံး

အဲဒီ အမျိုးသားဟာ နိုဝင်ဘာ ၁၁ ရက်က သေဆုံးမသွားခင် တစ်ရက်အလိုမှာ ယွန်ဆန် ရဲစခန်းမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဆိုးလ်မြို့ ဟောလိုဝင်းပါတီ သေဆုံးမှုတွေနဲ့ ဆက်စပ်ပြီး စစ်ဆေးခံနေရတဲ့ ရဲအရာရှိတစ်ဦး ရုတ်တရက် သေဆုံး
ဆိုးလ်မြို့ ဟောလိုဝင်းပါတီ သေဆုံးမှုတွေနဲ့ ဆက်စပ်ပြီး စစ်ဆေးခံနေရတဲ့ ရဲအရာရှိတစ်ဦး ရုတ်တရက် သေဆုံး

ဆိုးလ်မြို့တော်က ဟောလိုဝင်းပါတီ ဖြစ်ရပ်ဆိုးနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံနေရတဲ့ တောင်ကိုရီးယား ရဲအရာရှိ တစ်ဦး ရုတ်တရက် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

အသက် ၅၅ နှစ်အရွယ် ရဲစုံထောက် အကြီးအကဲတစ်ဦး သေဆုံးတဲ့ အကြောင်းရင်းကို အတိအကျ မထုတ်ပြန်ပေမယ့် ကိုယ်ကိုယ်ကိုယ် သေကြောင်းကြံသွားတာလို့ ယုံကြည်ရကြောင်း သတင်းတချို့က ဖော်ပြပါတယ်။ သေဆုံးသူရဲ့ နာမည်ကို အပြည့်အစုံ မသိရဘဲ ယွန်ဆန် ရဲစခန်းက မျိုးရိုးနာမည် ဂျောင်ဆိုတဲ့ ရဲစုံထောက် အကြီးအကဲလို့ပဲ ယွန်ဟပ် သတင်းဌာနက ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အမျိုးသားဟာ နိုဝင်ဘာ ၁၁ ရက်က သေဆုံးမသွားခင် တစ်ရက်အလိုမှာ ယွန်ဆန် ရဲစခန်းမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

သူဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းက ဆိုးလ်မြို့မှာ ပြုလုပ်တဲ့ ဟောလိုဝင်း ပါတီပွဲ တစ်ခုမှာ လူတွေ တိုးဝှေ့ ပိမိရင်း ၁၅၇ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ် နောက်ဆက်တွဲ ရဲတပ်ဖွဲ့ရဲ့ ပေါ့လျော့မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ခံနေရသူ တစ်ဦးပါ။ နောက်ပြီး ပြဿနာ တက်လာချိန်မှာ ဂျောင်က အရေးကြီးတဲ့ လုံခြုံရေး မှတ်တမ်းဆိုင်ရာ အစီရင်ခံစာတွေကို ဖျောက်ဖျက်ပစ်ခဲ့တယ်လို့ စွပ်စွဲ ခံနေရကြောင်း သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တချို့က ပြောပါတယ်။

အစ်ထယ်ဝန် ရပ်ကွက်မှာ ဟောလိုဝင်းပါတီ လာရောက်သူတွေ သိန်းနဲ့ချီ များပြားလာတဲ့နောက် ရဲဌာနတွေဆီ ဆက်သွယ် တိုင်တန်းမှုတွေ ရှိခဲ့ပေမယ့် ရဲတွေရဲ့ တုံ့ပြန် အရေးယူမှု အားနည်းလွန်းခဲ့ကြောင်း စွပ်စွဲ ခံနေရပါတယ်။ ပြီးတော့ သမ္မတ ယွန်ဆွတ်ခ်ယိုလ် ကိုယ်တိုင်လည်း ဒီဖြစ်စဉ်မှာ အာဏာပိုင်တွေဖက်က တုံ့ပြန်ပုံ အားနည်းချက်တွေ ရှိခဲ့တယ်လို့ ဝန်ခံထားပါတယ်။

တောင်ကိုရီးယား ရဲချုပ် ယွန်ဟီကွမ် ကိုယ်တိုင်က ယွန်ဆန် ရဲစခန်းရဲ့ ရဲစုံထောက် အကြီးအကဲဟာ စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ရာမှာ အချက်အလက် မှတ်တမ်းတွေကို ဖျောက်ဖျက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး လွှတ်တော်အမတ် တချို့က ဂျောင်ကို ဖမ်းဆီး တရားစွဲဆိုဖို့ပါ ဖိအားပေးနေကြပါတယ်။

Public Service Announcement

Public Service Announcement

ဂျောင်ဟာ လုပ်ပိုင်ခွင့် အလွဲသုံးစားပြုမှု၊ သက်သေအထောက်အထား ဖျောက်ဖျက်မှု၊ လူ့အသက်တွေ ဆုံးရှုံးတဲ့ထိ ပေါ့ဆမှုတွေနဲ့ အမှုရင်ဆိုင်ရမယ့် အခြေအနေမျိုးမှာ ရုတ်တရက် သေဆုံးသွားခဲ့တာလို့လည်း သိရပါတယ်။