Connect with us

Hi, what are you looking for?

ဗီဒီယို

ကားစီးရင်း ခါးပတ် မပတ်ခဲ့မိတာအတွက် ဗြိတိန် ဝန်ကြီးချုပ် ပြန်တောင်းပန်

လူမှုကွန်ရက်ပေါ်တင်ဖို့ ရိုက်ကူးထားတဲ့ ဗီဒီယို တစ်ခုမှာ ဆူနက်ခ်ဟာ မောင်းနှင်နေတဲ့ ကားတစ်စီးရဲ့ နောက်ခန်းမှာထိုင်ရင်း စကားပြောနေခဲ့ပေမယ့် ခါးပတ် ပတ်မထားတာကို တွေ့ရပါတယ်။ ဗြိတိန်မှာတော့ ယာဉ်မောင်းရော၊ ခရီးသည် အားလုံးပါ ကားမောင်းနေချိန် ခါးပတ် ပတ်ထားဖို့ ဥပဒေ ထုတ်ပြန်ထားပါတယ်။

ကားမောင်းနေတဲ့အချိန် လုံခြုံရေး ခါးပတ် ပတ်မထားမိခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်က ပြန်လည် တောင်းပန်ခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ်တင်ဖို့ ရိုက်ကူးထားတဲ့ ဗီဒီယို တစ်ခုမှာ ဆူနက်ခ်ဟာ မောင်းနှင်နေတဲ့ ကားတစ်စီးရဲ့ နောက်ခန်းမှာထိုင်ရင်း စကားပြောနေခဲ့ပေမယ့် ခါးပတ် ပတ်မထားတာကို တွေ့ရပါတယ်။ ဗြိတိန်မှာတော့ ယာဉ်မောင်းရော၊ ခရီးသည် အားလုံးပါ ကားမောင်းနေချိန် ခါးပတ် ပတ်ထားဖို့ ဥပဒေ ထုတ်ပြန်ထားပါတယ်။

ဆူနက်ခ်ဟာ အင်္ဂလန် အနောက်မြောက်ပိုင်း တစ်နေရာကို ကားနဲ့ သွားရောက်နေရင်း အဲဒီ ဗီဒီယိုကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၉ ရက်မှာတော့ လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းမှာရှိတဲ့ ဝန်ကြီးချုပ် အိမ်တော်က အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိက ဝန်ကြီးချုပ် အနေနဲ့ သူ့အမှားကိုသူ သိပြီး တောင်းပန်လိုကြောင်း ကြေညာခဲ့ပါတယ်။

ပြီးတော့ ဆူနက်ခ်ဟာ ဗီဒီယို ရိုက်နေချိန် ခဏလေး အတွင်းမှာပဲ လုံခြုံရေး ခါးပတ်ကို ချွတ်ထားခဲ့တာဖြစ်ကြောင်း၊ ဒါဟာ မှားယွင်းတဲ့ ကိစ္စဆိုတာ နားလည်ပြီး ဝန်ကြီးချုပ်က တောင်းပန်ကြောင်း၊ ဘယ်သူမဆို ကားမောင်းနေရင်း ခါးပတ် ပတ်ထားရမယ်လို့ ဝန်ကြီးချုပ်က ယုံကြည်ကြောင်း ဆူနက်ခ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန် ယာဉ်ထိန်းရဲဌာနက အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းသွားမယ်လို့ ပြောပါတယ်။ ဗြိတိန် ဥပဒေတွေအရ ပြစ်မှု ထင်ရှားခဲ့မယ်ဆိုရင် စတာလင်ပေါင် ၁၀၀ ကနေ ၅၀၀ လောက်ထိ ဒဏ်ကြေး ပေးဆောင်ရမယ့် သဘောပါ။ ဒါပေမဲ့ ဗြိတိန်နိုင်ငံ သမိုင်းမှာ အချမ်းသာဆုံး ဝန်ကြီးချုပ်လို့ သတ်မှတ် ခံထားရတဲ့ ဆူနက်ခ် အတွက်တော့ ဒီကိစ္စက ပြောပလောက်မှာ မဟုတ်ပါဘူး။

အတိုက်အခံ လေဘာ ပါတီကတော့ အခုကိစ္စအပြင် အရင်တုန်းက အကြွေးဝယ် ကတ်ပြားသုံးဖို့ ရုန်းကန်နေရတဲ့ ဗီဒီယို တစ်ခု ထွက်ပေါ်ဖူးတာကိုပါ ညောင်မြစ်ပြန်တူးပြီး ဆူနက်ခ်ကို ဝေဖန် တိုက်ခိုက်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ ကားပေါ်က လုံခြုံရေးခါးပတ်၊ အကြွေးဝယ်ကတ်၊ ရထားစီးနင်းမှုတွေ ဘာမှ မလုပ်တတ်သလို ယုတ်စွအဆုံး ဒီနိုင်ငံရဲ့ စီးပွားရေးကိုလည်း ထဲထဲဝင်ဝင် သိရှိပြီး စီမံခန့်ခွဲနိုင်မှာ မဟုတ်ကြောင်း၊ ဝန်ကြီးချုပ် မလုပ်တတ်တဲ့ ကိစ္စတွေရဲ့ စာရင်းဟာ တစ်နေ့ပြီးတစ်နေ့ တိုးလာနေကြောင်း လေဘာပါတီ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။