Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်နဲ့ ကွဲလွဲမှုတွေက ညှိနှိုင်းရခက်တဲ့ထိ နက်ရှိုင်းလာနေတယ်လို့ နယူးဇီလန် ဝန်ကြီးချုပ်ပြော

တရုတ်နဲ့ သဘောထား ကွဲလွဲမှုတွေဟာ ညှိနှိုင်းယူဖို့ ခက်ခဲတဲ့ အခြေအနေမျိုးထိ နက်ရှိုင်းလာနေတယ်လို့ နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အားဒန်က မှတ်ချက် ပေးသွားခဲ့ပါတယ်။

တရုတ်ဟာ နယူးဇီလန်ရဲ့ အဓိက ကုန်သွယ်ဖက် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပေမယ့် နောက်ပိုင်းနှစ်တွေအတွင်း တရုတ်ရဲ့ နိုင်ငံခြားရေး မူဝါဒ အပြောင်းအလဲတွေက နယူးဇီလန်အပေါ် အခက်အခဲတွေ ကြုံလာစေတယ်လို့ အားဒန်က ဝန်ခံခဲ့ပါတယ်။ နယူးဇီလန် အနေနဲ့ မဟာမိတ် အနောက်နိုင်ငံတွေနဲ့ ယှဉ်ရင် တရုတ်အပေါ် ဆန့်ကျင် ရပ်တည်မှု အားပျော့လွန်းတယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်လာချိန်မှာ အားဒန်က အခုလို ပြောဆိုသွားတာပါ။


တရုတ်ရဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုအဖြစ် ပြောင်းလဲရပ်တည်မှုနဲ့ နိုင်ငံခြားရေး မူဝါဒတွေက နယူးဇီလန်ကို ကိုင်တွယ်ရခက်တဲ့ အခြေအနေတွေ ဖြစ်လာစေတယ်လို့ အော့က်လန်မြို့မှာ ပြုလုပ်တဲ့ တရုတ် ကုန်သွယ်ရေး ညီလာခံမှာ အားဒန်က ပြောကြားသွားပါတယ်။ တရုတ်နဲ့ ပတ်သက်ပြီး နယူးဇီလန်က လက်ခံလို့ မရတာ၊ လက်မခံနိုင်တာ၊ လက်ခံမှာ မဟုတ်တာတွေ တော်တော်များများ ရှိနေကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ကွဲလွဲမှုတွေ ရှိနေတဲ့အတွက် ကုန်သွယ်ရေးနဲ့ ပတ်သက်လို့တော့ ထိခိုက် ပြောင်းလဲမသွားနိုင်ဘူးလို့ အားဒန်က သုံးသပ်ခဲ့ပါတယ်။

နိုင်ငံတကာရေးရာ နယ်ပယ်မှာ တရုတ်ရဲ့ ပြောင်းလဲမှုတွေက နယူးဇီလန် ယုံကြည်တဲ့၊ ကျင့်သုံးနေတဲ့ စနစ်တွေနဲ့ ခြားနားချက် ပိုကြီးမားလာကြောင်း၊ ဒီအတွက်လည်း ညှိနှိုင်းဖို့ ပိုပြီး ခက်သထက် ခက်ခဲလာကြောင်း၊ ဒါဟာ နယူးဇီလန် အတွက်ရော၊ အင်ဒို-ပစိဖိတ်နဲ့ ဥရောပ ဒေသအတွက်ပါ ဆုပ်ကိုင်ဖို့ မလွယ်တဲ့ အပြောင်းအလဲ ဖြစ်လာနေကြောင်း အားဒန်က ပြောကြားသွားပါတယ်။


အမေရိကန်မှာ ဂျိုးဘိုင်ဒန် သမ္မတ ဖြစ်လာတဲ့ အခါမှာလည်း အရင် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့် လက်ထက်က မူဝါဒတွေအတိုင်း တရုတ်အပေါ် တင်းမာတဲ့ သဘောထားမျိုး ဆက်လက် ကျင့်သုံးနေပါတယ်။ နယူးဇီလန်ရဲ့ အိမ်နီးချင်း ဩစတြေးလျကတော့ တရုတ်ရဲ့ အင်အားချဲ့ထွင်မှုကို စုပေါင်း ထိန်းချုပ်မယ့် Quad မဟာမိတ် လေးနိုင်ငံ အစုအဖွဲ့မှာ ပါဝင်ထားပြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

နိုင်ငံရေး အလှမ်းကွာဝေးမှု၊ လေဟာနယ် (၈)ခု၊ စနစ်တကျစုဖွဲ့ပါဝါ

သတင်း

နယူးဇီလန်နိုင်ငံ အောက်ကလန်မြို့မှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့အတွက် "Proof of life" ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒပြတောင်းဆိုမှုကို ဒီကနေ့ (မေလ ၉ ရက်)က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်ဖို့ စီစဉ်နေတယ်လို့ သံသယရှိသူ တရုတ်အမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာမြန်မာလုပ်သားတစ်ဦးကိုတရုတ်လုပ်ငန်းရှင်တွေကအပြင်းအထန်ရိုက်နှက်ပြီး ရေနွေးပူနဲ့လောင်းနှိပ်စက်တဲ့ဖြစ်စဉ်ကို ထိုင်းရဲတပ်ဖွဲ့က ကိုင်တွယ်နေပြီး ကျူးလွန်တာမှာ ဦးဆောင်ပါဝင်သူ ၃ဦးကို ဖမ်းဆီးမိထားတယ်လို့ ကာယကံရှင်မြန်မာလုပ်သား ကိုသားသားက လူထုနွေဦးကို ပြောပါတယ်။