Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မိုးကြိုးပစ်ခံရလို့ အိန္ဒိယ တောဆင်ရိုင်း ၁၈ ကောင် သေဆုံး

အိန္ဒိယ နိုင်ငံမှာ မိုးကြိုးပစ်ခဲ့ရလို့ တောဆင်ရိုင်း ၁၈ ကောင် အစုလိုက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ဆင်တွေ အစုလိုက် သေဆုံးနေတာကို တောခေါင်း အရာရှိတွေက ရှာတွေ့ခဲ့ပါတယ်။ သေမှုသေခင်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပေမယ့် အခင်းဖြစ်ရာ နေရာက အထောက်အထားတွေအရ ဆင်အုပ်ရှိတဲ့ နေရာတည့်တည့် မိုးကြိုး ပစ်ချလိုက်တာလို့ ယူဆရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မေလ ၁၄ ရက်က အာသံမှာရှိတဲ့ ကွန်ဒိုလီ ဘေးမဲ့သစ်တော ဧရိယာထဲမှာ တောဆင်ရိုင်းတွေ သေနေတာကို ဒေသခံ ရွာသားတွေက တွေ့ရှိခဲ့ပါတယ်။ အာရှဆင် ၁၄ ကောင် သေဆုံးနေတာကို တောင်ကုန်းမြင့် တစ်နေရာမှာ တွေ့ရှိခဲ့ပြီး တောင်ကုန်း အောက်ဖက်မှာ နောက်ထပ် ၄ ကောင် ရှာတွေ့ခဲ့တာပါ။ အနီးတဝိုက်က သစ်ပင်တချို့လည်း မီးကျွမ်းထားတာ တွေ့ရပါတယ်။

အခုသီတင်းပတ်အတွင်း အဲဒီ သစ်တော ဧရိယာမှာ မိုးကြိုးမုန်တိုင်းတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တစ်ဖက်မှာလည်း ဆင်တွေ သေဆုံးမှု အကြောင်းရင်းကို အတိအကျ မပြောနိုင်သေးဘဲ အဆိပ်မိ သေဆုံးတာမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆ တချို့လည်း ရှိနေပါတယ်။ ဒီသံသယကို အတည်ပြုဖို့တော့ သေမှုသေခင်း စစ်ဆေးတဲ့ ရလဒ်တွေကို စောင့်ရဦးမှာပါ။

အိန္ဒိယမှာ ဆင်ကောင်ရေ ၃ သောင်းနီးပါး နေထိုင်ပြီး ၆၀ ရာခိုင်နှုန်းလောက်က အာရှ တောဆင်ရိုင်းတွေပါ။ အာသံမှာတော့ ဆင်ရိုင်းကောင်ရေ ၆၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ သစ်တောမြေ လျော့ပါးလာပြီး လူနေ ဧရိယာတွေနဲ့ ဆင်တွေရဲ့ စားကျက်မြေတွေ ပိုမို နီးကပ်လာခြင်းကြောင့် အိန္ဒိယမှာ လူနဲ့ ဆင်ရိုင်းတွေကြား ပဋိပက္ခတွေလည်း ပိုမို များပြားလာနေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ်ဖိတ်ကြားပြီး အစိုးရ အဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီကရော၊ သမ္မတ ဒရုပဒီမုရ်မုတို့ကလည်း သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါတယ်။