Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂင်္ဂါမြစ်ထဲ ရုပ်အလောင်းတွေ နေ့တိုင်း မျောလာတဲ့ ပြဿနာ ပိုဆိုးလာနေ

အိန္ဒိယနိုင်ငံ၊ ဂင်္ဂါမြစ်ထဲမှာ နေ့စဉ် မျောပါလာတဲ့ ရုပ်အလောင်းတွေ ပိုမို ထူထပ် များပြားလာနေကြောင်း သိရပါတယ်။

Covid-19 ကပ်ရောဂါဒဏ်ကို အဆိုးရွားဆုံး ကြုံတွေ့ ခံစားနေရတဲ့ အိန္ဒိယ နိုင်ငံမှာ ရောဂါကြောင့် သေဆုံးသူ အရေအတွက် တရိပ်ရိပ် မြင့်တက်လာနေတဲ့နည်းတူ ဂင်္ဂါမြစ်ထဲက အလောင်းတွေကို နေ့စဉ် တွေ့လာရပါတယ်။ ဒီအလောင်းတွေဟာ မြစ်အထက်ပိုင်း ဒေသတွေကနေ မျှောလိုက်တာလို့ ယုံကြည်ရပြီး ယူတာပရာဒက်ရှ် ပြည်နယ်မှာ လာရောက် သောင်တင်လေ့ ရှိပါတယ်။

ဂင်္ဂါမြစ်ဟာ အိန္ဒိယရဲ့ ဘာသာရေး ယုံကြည်မှုအရ အထွဋ်အမြတ် အထားဆုံး မြစ်ကြီး တစ်စင်းလည်း ဖြစ်ပါတယ်။ အိန္ဒိယဟာ Covid-19 ကပ်ရောဂါရဲ့ ကြောက်ခမန်းလိလိ ဆိုးရွားပြင်းထန်တဲ့ ဒုတိယလှိုင်း ကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး မြစ်ထဲ မျောလာတဲ့ အလောင်းတွေဟာလည်း Covid-19 ရောဂါကြောင့် သေဆုံးသူတွေ ဖြစ်နေမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။ အာဏာပိုင်တွေကတော့ ဒီအလောင်းတွေထဲမှာ Covid-19 ရောဂါသည်တွေ ဘယ်လောက် ပါဝင်နေသလဲ ဆိုတာကို စိစစ် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေက ရေမျောကမ်းတင် အလောင်းတွေကို စုစည်းကောက်ယူပြီး မြစ်ကမ်းနံဘေးမှာပဲ မီးသင်္ဂြိုဟ်စေပါတယ်။ အခုဆိုရင် မြစ်ရိုးတလျှောက် မျောပါလာတဲ့ အလောင်း အရေအတွက်က ရာချီ များပြားလာနေပါပြီ။ မေလ ၁၀ ရက်က မြစ်ကမ်းတလျှောက် သောင်တင်နေတဲ့ အလောင်း ၇၀ ကျော်ထိ ရှာတွေ့ခဲ့ပါတယ်။

မြစ်ကမ်းနံဘေးမှာ မီးသင်္ဂြိုဟ်ဖို့ စီစဉ်ထားတဲ့ အလောင်းတွေကို မြစ်ထဲ အလွယ်တကူ စွန့်ပစ်သူတွေကြောင့် ဒီပြဿနာ အစပြုလာတယ်လို့ ရဲတွေက ယူဆနေပါတယ်။ အခုဆိုရင် ဂင်္ဂါမြစ်ထဲမှာ ပိုက်တွေတားပြီး အလောင်းတွေ မျောလာတာကို ကြားဖြတ် တားဆီးဖို့လည်း လုပ်ဆောင်နေပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယမှာ Covid-19 ရောဂါ ကူးစက်ခံရသူ ၂၅ သန်းခွဲနီးပါး ရှိလာပြီး သေဆုံးသူ အရေအတွက်က ၂ သိန်း ၃ သောင်း ကျော်လွန်သွားပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။