Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကွန်ဂို မီးတောင် ပေါက်ကွဲမှုကြောင့် ဒေသခံ သိန်းဂဏန်းလောက် အရေးပေါ် ပြောင်းရွှေ့

ကွန်ဂို နိုင်ငံမှာ မီးတောင် ပေါက်ကွဲမှုကြောင့် လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ရွှေ့ပြောင်းနေကြရပါတယ်။

ညီရန်ဂွန်ဂို မီးတောင်ဟာ အရွယ်အစား ကြီးမားပြီး အရင်ကလည်း ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ကြုံတွေ့ခဲ့ဖူးပါတယ်။ ဂိုမာမြို့နားမှာ ရှိနေတဲ့ မီးတောင်ဟာ မေလ ၂၂ ရက်က ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ မီးတောင်ချော်ပြာတွေက မြို့ထဲကို ကျဆင်းလာပြီး တောင်စောင်းတလျှောက် ချော်ရည်တွေလည်း စီးလာတာကြောင့် လူပေါင်း ၂ သန်းလောက်ရှိတဲ့ ဂိုမာမြို့မှာ နေထိုင်သူတွေ အရေးပေါ် ပြောင်းရွှေ့ခဲ့ကြရတာပါ။

စီးဆင်းလာတဲ့ ချော်ရည်တွေဟာ မြို့ရဲ့ လေဆိပ်နားထိ ရောက်လာပေမယ့် အခုတော့ ရပ်တန့်သွားပြီလို့ သိရပါတယ်။ မီးတောင် ဆက်တိုက် ပေါက်ကွဲချိန် မြို့ရဲ့ ကောင်းကင်ယံမှာ အနီရောင်သန်းပြီး မီးခိုးလုံးတွေ ဖုံးလွှမ်းနေခဲ့တာ တွေ့ရပါတယ်။ ညီရန်ဂွန်ဂို မီးတောင်ဟာ ၂၀၀၂ ခုနှစ်တုန်းက နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ဖူးပြီး အဲဒီတုန်းက လူပေါင်း ၂၅၀ သေဆုံးသလို ၁၂၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

အခုတစ်ကြိမ် မီးတောင် ပေါက်ကွဲမှုမှာ ဒေသခံတွေက အရေးပေါ် ထွက်ပြေးကြပြီး နာရီပိုင်း တော်တော်များများ ကြာမှ အစိုးရက မီးတောင် အန္တရာယ် သတိပေးချက် ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေကြောင့် အာဏာပိုင်တွေရဲ့ စီမံခန့်ခွဲမှု အားနည်းချက်အပေါ် ဝေဖန်သံတွေ ကျယ်လောင်လာပါတယ်။

မီးတောင် ပေါက်ကွဲမှုအပြီး ဒေသတွင်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။ အခြေအနေတွေက ရုတ်ရုတ်သည်းသည်း ဖြစ်ကုန်ပြီး လူတွေ ကြောက်လန့်တကြား ပြေးလွှားနေကြတယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

မီးတောင် ပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး မြေငလျင် လှုပ်ခတ်မှုတွေ ဖြစ်လာမှာကိုလည်း ပညာရှင်တွေက စိုးရိမ်နေပါတယ်။ အခုမီးတောင်ဟာ ၁၉၇၇ ခုနှစ်က အဆိုးဆုံး ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး လူပေါင်း ၆၀၀ ကျော် အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။

You May Also Like

နိုင်ငံတကာ

ဒီဖြစ်စဉ်မှာ ကွန်ဂိုရဲ့ Su-25 အမျိုးအစား တိုက်လေယာဉ်ဟာ လေပိုင်နက် ကျူးကျော်လာတာကြောင့် နည်းမှန်လမ်းမှန် တုံ့ပြန်ခဲ့တာလို့ ရဝမ်ဒါ စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဆီမီရူ မီးတောင်ကြီး ပေါက်ကွဲပြီး မီးခိုးလုံးတွေနဲ့ မီးခိုးပြာတွေကို မှုတ်ထုတ်ခဲ့ပါတယ်။ ပူပြင်းတဲ့ ချော်ရည်တွေကလည်း မီးတောင်ရဲ့ တောင်စောင်း ဧရိယာတွေတလျှောက် အရှိန်ပြင်းပြင်း စီးကျလာခဲ့ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဟာ ကွန်ဂိုမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်အတွက် နိုင်ငံတကာ စစ်သည်တွေကို စေလွှတ်ပေးထားတာ ဖြစ်ပါတယ်။ ပါကစ္စတန်ဟာ ၂၀၁၁ ကစလို့ ကွန်ဂိုမှာ ကုလသမဂ္ဂရဲ့ လေကြောင်းချီ သယ်ယူပို့ဆောင်ရေး ကဏ္ဍကို ထဲထဲဝင်ဝင် အကူအညီ ပေးနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

လူမှု ကွန်ရက်တွေပေါ် တင်ထားတဲ့ ဗီဒီယိုတွေမှာတော့ စျေးလမ်းပေါ်က ဗွက်အိုင်တွေထဲမှာ အသက်မဲ့ ခန္ဓာကိုယ်တွေ လဲကျနေတာကို တွေ့ရပါတယ်။ ဓာတ်ကြိုး ဘာကြောင့် ပြတ်ကျခဲ့သလဲ ဆိုတာကိုတော့ အကြောင်းရင်း သေချာ မသိရသေးပါဘူး။