Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ဉာဏ်ကြီးရှင် အသင်းဝင် ဖြစ်လာတဲ့ ၂ နှစ်သမီးလေး

အသက် ၂ နှစ်သာ ရှိသေးတဲ့ မိန်းကလေး တစ်ဦးဟာ အမေရိကန် ဉာဏ်ကြီးရှင် အသင်းရဲ့ အသက်အငယ်ဆုံး အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။

လော့စ်အန်ဂျလိစ်မှာ နေထိုင်တဲ့ ကာရှီကွက်စ်ကို အမေရိကန်ရဲ့ Mensa အသင်းက အဖွဲ့ဝင်သစ်အဖြစ် တရားဝင် လက်ခံလိုက်ပါတယ်။ ဒီအဖွဲ့ဟာ ဉာဏ်ရည်အဆင့် IQ အမြင့်ဆုံးသူတွေ စုဖွဲ့ထားတာဖြစ်ပြီး အသင်းဝင်ခွင့် အတွက်လည်း စံသတ်မှတ် မေးခွန်းတွေကို ခက်ခက်ခဲခဲ ဖြေဆိုရပါတယ်။

ကာရှီဟာ အသက် ၂ နှစ်သာ ရှိသေးပေမယ့် ဓာတုဗေဒ Periodic Tableက ဓာတ်ပစ္စည်း နာမည်တွေ အကုန်လုံးကို ရွတ်ဆိုနိုင်ပြီး အမေရိကန်ရဲ့ ပြည်နယ် ၅၀ စလုံးကို ပုံသဏ္ဍန်တွေ၊ တည်နေရာတွေနဲ့ပါ တွဲပြီး မှတ်မိပါတယ်။ ဘာသာစကား သင်ယူမှုမှာလည်း အင်္ဂလိပ်အပြင် စပိန်လိုလည်း အတော်လေး ပြောတတ်နေပြီ ဖြစ်ပါတယ်။

ကီရှာဟာ ပထမဆုံး စကား စပြောတတ်ချိန် ကတည်းက သင်ယူနိုင်မှု စွမ်းရည်က အံ့မခန်း မြင့်တက်လာတာကို သတိထားမိကြောင်း မိသားစုက ပြောပါတယ်။ ပထမဆုံး စကားလုံးကို စတင်ရွတ်ဆိုပြီး ရက်ပိုင်းလောက် အတွင်းမှာတင် ဝါကျရှည်တွေကိုပါ ပြောဆိုလာတယ်လို့ ဆိုပါတယ်။

နောက်တော့ သူ့ကို စိတ်ပညာ ဆရာဝန် တစ်ဦးနဲ့ ပြသကြည့်ပြီး ကလေးမလေးကို Mensaအဖွဲ့ ဝင်ခွင့် စာမေးပွဲ စမ်းဖြေကြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ရလဒ်တွေအရ ကီရှာရဲ့ IQအဆင့်က ၁၄၆ လောက်ထိ ရှိနေတယ်လို့ အဖြေထွက်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အခြေအနေမှာတော့ ကီရှာရဲ့ ဉာဏ်ရည် ဖွံ့ဖြိုး တိုးတက်မှုကို အမြင့်ဆုံးထိ ထောက်ကူပေးနိုင်ဖို့ မိသားစုရော၊ ဆရာဝန်တွေကပါ မျှော်လင့်ထားကြပါတယ်။ မိဘတွေက မကြာခင် မူကြိုကျောင်းတွေ ပြန်လည် ဖွင့်လှစ်လာနိုင်တဲ့အခါ သူတို့သမီးလေးကို ကျောင်းအပ်ဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။