Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားနဲ့ ဆက်ဆံရေး ပိုဆိုးအောင် ပြဿနာ ရှာမှာ မဟုတ်ဘူးလို့ ဘိုင်ဒန်ပြော

အမေရိကန်ဟာ ရုရှားနဲ့ ဆက်ဆံရေး ဆိုးသထက်ဆိုးအောင် ပြဿနာ ရှာနေမှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

မကြာသေးခင်က NBCနဲ့ အင်တာဗျူးမှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ရုရှား-အမေရိကန် ဆက်ဆံရေး အနိမ့်ဆုံးအဆင့်ထိ ကျဆင်းနေတယ်လို့ မှတ်ချက် ပြုခဲ့တဲ့အပေါ် ဘိုင်ဒန်က ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ဟာ ရုရှားကို ရည်ရွယ်ချက်ရှိရှိ ရန်လိုပြီး ပြဿနာတွေ ဖန်တီးနေဖို့တော့ ဆန္ဒ မရှိဘူးလို့ ဘိုင်ဒန်က ဆိုပါတယ်။

ဘိုင်ဒန်ဟာ အခု သီတင်းပတ်ထဲမှာ ပူတင်နဲ့ လူချင်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ ဇွန်လ ၁၃ ရက်က G7 ညီလာခံမှာ ရုရှားနဲ့ ပတ်သက်တဲ့ အခင်းအကျင်းတွေကို ဆွေးနွေးပြီးတဲ့နောက် သတင်းစာ ရှင်းလင်းပွဲမှာ ဘိုင်ဒန်က အခုလို ပြောကြားခဲ့ပါတယ်။ သူက ပူတင်နဲ့ လူချင်း တွေ့ဆုံချိန်မှာ စစ်အေးခေတ် ပြိုင်ဘက်ဟောင်းတွေရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ညှိနှိုင်း အဖြေရှာနိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း ဆိုပါတယ်။

“ကျွန်တော်နဲ့သူ လူချင်း တွေ့ဆုံခြင်းကသာ ဒီကိစ္စတွေကို အကျေအလည် ညှိနှိုင်းဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်မယ် ထင်ပါတယ်။ ဆွေးနွေးပွဲ ရလဒ်တွေနဲ့ ပတ်သက်လို့လည်း ရှင်းရှင်းလင်းလင်း ပြန်ပြောပြမှာပါ။ ကျွန်တော်တို့ကတော့ ရုရှားနဲ့ ပဋိပက္ခတွေဖြစ်အောင် ပြဿနာ လိုက်ရှာနေမှာ မဟုတ်ပါဘူး။ လက်ရှိ ပြဿနာတွေကိုလည်း နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ကိုင်တွယ် ဖြေရှင်းဖို့ ကြိုးစားနေမှာပါ”လို့ ဘိုင်ဒန်က သတင်းထောက်တွေဆီ ပြောကြားသွားပါတယ်။

သတင်းတွေအရ ရုရှားနဲ့ အမေရိကန်တို့ဟာ ဆိုက်ဘာ ရာဇဝတ်မှု စွဲချက်နဲ့ ဖမ်းဆီးထားသူတွေ အချင်းချင်း ပြန်လဲလှယ်ရေး အပါအဝင် ကိစ္စ တော်တော်များများကို ညှိနှိုင်းနိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။