Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ ဓာတုပစ္စည်းစက်ရုံ ပေါက်ကွဲမှုကြောင့် လူပေါင်း ရာနဲ့ချီ အရေးပေါ် ရွှေ့ပြောင်းခဲ့ရ

ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ မကြေညာသေးပါဘူး။ အခုဖြစ်ရပ်ကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍမှာလည်း ဆိုးကျိုးရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံမှာ ဓာတုပစ္စည်း စက်ရုံတစ်ခု ပေါက်ကွဲ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ရာနဲ့ချီ အရေးပေါ် ပြောင်းရွှေ့ခဲ့ရပါတယ်။

ဇွန်လ ၁၄ ရက်က ချီကာဂိုမြို့ အရှေ့မြောက်ဖက်မှာ တည်ရှိတဲ့ ရော့ခ်တန် ရွာထဲက စက်ရုံမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ စက်ရုံဖက်က ဆက်တိုက် ပေါက်ကွဲသံတချို့ ကြားရတဲ့နောက် မီးစလောင်ခဲ့ကြောင်း၊ ပြီးတော့ အနက်ရောင် မီးခိုးလုံးကြီးတွေက ကောင်းကင်ကို ဖုံးလွှမ်းသွားခဲ့ကြောင်း ရွာခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်မှာ အနည်းဆုံး လူ ၁ ဦး ဒဏ်ရာရခဲ့ပြီး အသေအပျောက် သတင်းတော့ မကြားရပါဘူး။ ဓာတု ပစ္စည်းတွေ လောင်ကျွမ်းရာက ထွက်ပေါ်လာတဲ့ မီးခိုးလုံးတွေရဲ့ ခြိမ်းခြောက်မှုကြောင့် စက်ရုံနဲ့ တစ်မိုင်ပတ်လည် အတွင်းက အိမ်တွေ၊ စီးပွားရေး လုပ်ငန်းတွေမှာ ရှိနေသူတွေကို ချက်ချင်း ပြောင်းရွှေ့စေခဲ့ရပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ မကြေညာသေးပါဘူး။ အခုဖြစ်ရပ်ကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍမှာလည်း ဆိုးကျိုးရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကျန်းမာရေး ပညာရှင်တွေက စက်ရုံ အနီးတဝိုက်မှာ ရက်ပိုင်းလောက် လူတွေ မနေဖို့ တိုက်တွန်းထားပြီး မဖြစ်မနေ ဆက်နေရမယ် ဆိုရင်လည်း နှာခေါင်းစည်းတွေ ဝတ်ဆင်ထားဖို့ အကြံပြု ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။