Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ ကား ၁၈ စီး ဆင့်တိုက်ပြီး ကလေးအများစု အပါအဝင် ၁၀ ဦးသေဆုံး

အမေရိကန် နိုင်ငံက အဝေးပြေး လမ်းတစ်နေရာမှာ ကား ၁၈ စီး ဆင့်တိုက်မိရာက ကလေး ၉ ဦး အပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့ရပါတယ်။

ဇွန်လ ၁၉ ရက်က အလာဘားမား ပြည်နယ်မှာ မုန်တိုင်း ရာသီဥတုတွေ ဖြစ်ပေါ်နေတဲ့အချိန် အခုလို ဆိုးရွားတဲ့ ယာဉ်မတော်တဆမှုနဲ့ ကြုံခဲ့ရတာပါ။ ကားတွေ အစုအပြုံလိုက် တိုက်မိတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပေမယ့် လမ်းပေါ်မှာ ရေခဲပြီး လမ်းချော်သွားတာကြောင့် ဖြစ်နိုင်တယ်လို့ စုံထောက်တွေက ယူဆထားပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၉ လအရွယ် မိန်းကလေးငယ် တစ်ဦးနဲ့ ဖခင်ဖြစ်သူတို့ ပါဝင်ပြီး ကျန်တဲ့ ၈ ဦးကတော့ အသက် ၃ နှစ်နဲ့ ၁၇ နှစ်ကြား ကလေးတွေ ဖြစ်ပါတယ်။ အဲဒီ ကလေးတွေကတော့ ဒေသတွင်းမှာရှိတဲ့ မိဘမဲ့ ဂေဟာ တစ်ခုမှာ နေထိုင်သူတွေလို့ ဆိုပါတယ်။ ဂေဟာက ဘတ်စ်ကားနဲ့ ကလေးတွေကို ခေါ်ဆောင်လာချိန်မှာ အခုလို အဖြစ်ဆိုး ကြုံသွားခဲ့ရတာပါ။

ယာဉ်တိုက်မှုဖြစ်ပြီး ချက်ချင်းလိုလို ဘတ်စ်ကားက မီးလောင်ခဲ့တာကြောင့်လည်း ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ အခက်ကြုံခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ ဒီဖြစ်စဉ် အတောအတွင်း လူ ၅ ဦးလည်း ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

အဲဒီနေ့ကပဲ အလာဘားမားမှာ မုန်တိုင်းတွေ တိုက်ခတ်ပြီး နေအိမ်ပေါ် သစ်ပင်ပြိုကျလို့ ကလေး ၁ ဦးနဲ့ လူငယ် ၁ ဦး အသက်ဆုံးရှုံးခဲ့ပါသေးတယ်။ အလာဘားမား ပြည်နယ် အုပ်ချုပ်ရေးမှူး ကေအိုင်ဗီးက ဒါဟာ ပြည်နယ်အတွက် အမှောင်မိုက်ဆုံး နေ့တစ်နေ့ ဖြစ်ခဲ့တယ်လို့ Twitterမှာ ရေးသားသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

Facebook