Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ ကွန်ဒိုတိုက် ပြိုကျပြီး လူ ၁၀၀ နီးပါး ပျောက်ဆုံးနေ

အမေရိကန် နိုင်ငံမှာ ကွန်ဒို တိုက်ကြီးတစ်လုံး ပြိုကျမှုကြောင့် လူ ၁၀၀ လောက် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ဖလော်ရီဒါ ပြည်နယ်တောင်ပိုင်း၊ မီယာမီမြို့မှာ ရှိတဲ့ တိုက်ကြီးတစ်လုံး ဇွန်လ ၂၄ ရက်က ပြိုကျခဲ့တာ ဖြစ်ပါတယ်။ မီယာမီ မြို့တော်ဝန် ဒန်နီရယ်လ် လီဗင်းကာဗာက လူ ၉၉ ဦး ပျောက်ဆုံးနေပြီး အနည်းဆုံး ၁ ဦး သေဆုံးကြောင်း၊ အသက်ရှင်လျက် ရှာတွေ့ထားသူ ၁၀၂ ဦး ရှိထားပြီဖြစ်ကြောင်း ပြောပါတယ်။

၁၉၈၀ ပြည့်နှစ်လောက်က တည်ဆောက်ထားတဲ့ တိုက်ကြီးရဲ့ တစ်ခြမ်းလောက်က လုံးဝ ပြိုကျသွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ တိုက်တစ်တိုက်လုံးမှာ လူနေအိမ်ခန်း ၁၃၀ လောက်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ တိုက်ပြိုကျပြီး ပျောက်ဆုံးနေသူတွေထဲမှာ လက်တင် အမေရိက အနွယ်ဝင်တွေ တော်တော်များများ ပါဝင်နေပြီး ပါရာဂွေး သမ္မတ ကတော်ရဲ့ ဆွေမျိုးတချို့ပါ ပါနေတယ်လို့လည်း ဆိုပါတယ်။

ကွန်ဒိုတိုက်ကြီး ပြိုကျမှုအပြီး မီးလောင်ကျွမ်းမှု အသေးစားတချို့ ဖြစ်ခဲ့ပေမယ့် မိနစ် ၂၀ အတွင်း ငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီယာမီ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ဆိုနာ ကိရိယာတွေ၊ နည်းပညာမြင့် ကင်မရာတွေ၊ လေ့ကျင့်ပေးထားတဲ့ ခွေးတွေကို အသုံးပြုပြီး အပျက်အစီးပုံအောက် ပိတ်မိနေသူတွေကို လိုက်လံ ရှာဖွေနေပါတယ်။

အခင်းဖြစ်တဲ့ နေရာကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်တစ်က လက်ရှိ အချိန်ထိ ကယ်ဆယ်ရေး လုပ်ငန်းတွေ အရှိန်လုံးဝ မလျှော့သေးကြောင်းနဲ့ အသက်ရှင် ကျန်ရစ်သူတွေ ရှိဦးမယ်လို့ ယုံကြည်ထားကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဆောက်အအုံ ပြိုကျတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အမေရိကန်မှာတော့ လူနေ အဆောက်အအုံတွေ အခုလို ပြိုကျတာမျိုးက ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမျိုးလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။