Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုတွေနဲ့ပတ်သက်လို့အလေးထားဖို့ အမေရိကန်သတိပေး

ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းမှုနဲ့ ဒီမိုကရေစီလိုလားတဲ့ဆန္ဒပြသူတွေကို ဖြိုခွင်းမှုတွေ နောက်ပိုင်း မြန်မာဟာ ကမ္ဘာကြီးရဲ့အဆက်အသွယ်ဖြတ်တာကို ရင်ဆိုင်နေရချိန်မှာ ရုရှားဟာ စစ်ဘက်ဆိုင်ရာ အကူအညီကို တိုးမြှင်းပေးပြီး ဟစ်ဟာနေတဲ့ကွက်လပ်ကို ဖြည့်ဆည်းနေပါတယ်။

ရောင်းချသူအမည်မဖော်ပြဘဲ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုတွေနဲ့ပတ်သက်လို့ အလေးထားဖို့ နိုင်ငံတကာအသိုင်းအဝန်းကို အ​မေရိကန်က သတိပေးလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းမှုနဲ့ ဒီမိုကရေစီလိုလားတဲ့ဆန္ဒပြသူတွေကို ဖြိုခွင်းမှုတွေ နောက်ပိုင်း မြန်မာဟာ ကမ္ဘာကြီးရဲ့အဆက်အသွယ်ဖြတ်တာကို ရင်ဆိုင်နေရချိန်မှာ ရုရှားဟာ စစ်ဘက်ဆိုင်ရာ အကူအညီကို တိုးမြှင်းပေးပြီး ဟစ်ဟာနေတဲ့ကွက်လပ်ကို ဖြည့်ဆည်းနေပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်အပေါ် ကရင်မလင်ရဲ့မကြာသေးခင်က နွေးထွေးမှုဟာ အနောက်နိုင်ငံတွေရဲ့ ပြစ်တင်ရှုတ်ချမှုနဲ့ သိသိသာသာကွဲလွဲနေပါတယ်။

မကြာသေးခင်က ​ဥရောပသမဂ္ဂနဲ့ ​ဗြိတိန်တို့ရဲ့ မြန်မာစစ်တပ်အပေါ် အရေးယူဒဏ်ခတ်မှုကို ဘိုင်ဒန်အစိုးရက ချီးကျူးခဲ့ပါတယ်။

“​မြန်မာက လူတစ်ဦးချင်းစီအပေါ်နဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဗြိတိန်နဲ့ အီးယူရဲ့ အရေးယူဒဏ်ခတ်မှုတွေကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းရဲ့ ညီညွတ်တဲ့သတင်းစကားကရှင်းပါတယ်။ မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒတွေကို အထောက်အကူဖြစ်ဖို့စစ်တပ်ကို တာဝန်ခံမှုရှိစေရေး ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမှာပါ” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက Washington Examiner ကို ပြောပါတယ်။

“စစ်တပ်ရဲ့ဖိနှိပ်ရေးလုပ်ဆောင်မှုတွေမှာ အသုံးပြုနိုင်တာတွေကို မရောင်းချကြဖို့ နိုင်ငံအားလုံးက အလေးထားသင့်ပါတယ်။ ပိတ်ပင်ရာမှာ အသုံးပြုနေကျစစ်လက်နက်တွေ၊ နှစ်မျိုးသုံးကိရိယာတွေ၊ ဖိနှိပ်ရာမှာသုံးတဲ့ ဒစ်ဂျစ်တယ်ကိရိယာတွေကို ပါဝင်ပါတယ်”လို့ အဆိုပါပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ကုလသမဂ္ဂဟာ မြန်မာစစ်တပ်ကို လက်နက်မရောင်းချရေးအပါအဝင်ကို အာဏာသိမ်းမှုကို ရှုတ်ချတဲ့ အဆိုကို မဲခွဲ အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement