Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုတွေနဲ့ပတ်သက်လို့အလေးထားဖို့ အမေရိကန်သတိပေး

ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းမှုနဲ့ ဒီမိုကရေစီလိုလားတဲ့ဆန္ဒပြသူတွေကို ဖြိုခွင်းမှုတွေ နောက်ပိုင်း မြန်မာဟာ ကမ္ဘာကြီးရဲ့အဆက်အသွယ်ဖြတ်တာကို ရင်ဆိုင်နေရချိန်မှာ ရုရှားဟာ စစ်ဘက်ဆိုင်ရာ အကူအညီကို တိုးမြှင်းပေးပြီး ဟစ်ဟာနေတဲ့ကွက်လပ်ကို ဖြည့်ဆည်းနေပါတယ်။

ရောင်းချသူအမည်မဖော်ပြဘဲ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုတွေနဲ့ပတ်သက်လို့ အလေးထားဖို့ နိုင်ငံတကာအသိုင်းအဝန်းကို အ​မေရိကန်က သတိပေးလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းမှုနဲ့ ဒီမိုကရေစီလိုလားတဲ့ဆန္ဒပြသူတွေကို ဖြိုခွင်းမှုတွေ နောက်ပိုင်း မြန်မာဟာ ကမ္ဘာကြီးရဲ့အဆက်အသွယ်ဖြတ်တာကို ရင်ဆိုင်နေရချိန်မှာ ရုရှားဟာ စစ်ဘက်ဆိုင်ရာ အကူအညီကို တိုးမြှင်းပေးပြီး ဟစ်ဟာနေတဲ့ကွက်လပ်ကို ဖြည့်ဆည်းနေပါတယ်။

မြန်မာစစ်တပ်အပေါ် ကရင်မလင်ရဲ့မကြာသေးခင်က နွေးထွေးမှုဟာ အနောက်နိုင်ငံတွေရဲ့ ပြစ်တင်ရှုတ်ချမှုနဲ့ သိသိသာသာကွဲလွဲနေပါတယ်။

မကြာသေးခင်က ​ဥရောပသမဂ္ဂနဲ့ ​ဗြိတိန်တို့ရဲ့ မြန်မာစစ်တပ်အပေါ် အရေးယူဒဏ်ခတ်မှုကို ဘိုင်ဒန်အစိုးရက ချီးကျူးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“​မြန်မာက လူတစ်ဦးချင်းစီအပေါ်နဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဗြိတိန်နဲ့ အီးယူရဲ့ အရေးယူဒဏ်ခတ်မှုတွေကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းရဲ့ ညီညွတ်တဲ့သတင်းစကားကရှင်းပါတယ်။ မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒတွေကို အထောက်အကူဖြစ်ဖို့စစ်တပ်ကို တာဝန်ခံမှုရှိစေရေး ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမှာပါ” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက Washington Examiner ကို ပြောပါတယ်။

“စစ်တပ်ရဲ့ဖိနှိပ်ရေးလုပ်ဆောင်မှုတွေမှာ အသုံးပြုနိုင်တာတွေကို မရောင်းချကြဖို့ နိုင်ငံအားလုံးက အလေးထားသင့်ပါတယ်။ ပိတ်ပင်ရာမှာ အသုံးပြုနေကျစစ်လက်နက်တွေ၊ နှစ်မျိုးသုံးကိရိယာတွေ၊ ဖိနှိပ်ရာမှာသုံးတဲ့ ဒစ်ဂျစ်တယ်ကိရိယာတွေကို ပါဝင်ပါတယ်”လို့ အဆိုပါပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ကုလသမဂ္ဂဟာ မြန်မာစစ်တပ်ကို လက်နက်မရောင်းချရေးအပါအဝင်ကို အာဏာသိမ်းမှုကို ရှုတ်ချတဲ့ အဆိုကို မဲခွဲ အတည်ပြုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။