Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရတ်နဲ့ ဆီးရီးယားက စစ်သွေးကြွ ပစ်မှတ်တွေကို အမေရိကန် လေကြောင်းကနေ တိုက်ခိုက်

ပင်တဂွန်ဟာ ကာတစ်ဘ် ဟစ်ဇ်ဘိုလာနဲ့ ကာတစ်ဘ် ဆေယစ်ဒ် အယ်လ်ရှူဟာဒါ စစ်သွေးကြွ အဖွဲ့တွေရဲ့ အခြေစိုက် စခန်းတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အခု စစ်ဆင်ရေးဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ သဘောသာ ဖြစ်တယ်လို့လည်း ပင်တဂွန်က ထုတ်ပြန်ပါတယ်။

အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ စစ်သွေးကြွ ပစ်မှတ်တွေကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အီရန်က အားပေး ထောက်ခံထားတဲ့ စစ်သွေးကြွ အင်အားစုတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြု ထုတ်ပြန်ပါတယ်။ ဒရုန်းတွေက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ စစ်စခန်းတွေနဲ့ လက်နက် သိုလှောင်ရုံတွေကို တိုက်ရိုက် ထိမှန်ခဲ့တယ်လို့လည်း ပင်တဂွန် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်၊ ပြည်ပနိုင်ငံတွေမှာ အမေရိကန်ရဲ့ ဒုတိယမြောက် လေကြောင်း တိုက်ခိုက်မှု ဖြစ်လာပါတယ်။ သမ္မတ အနေနဲ့ အမေရိကန် စစ်မှုထမ်းတွေရဲ့ လုံခြုံရေးအတွက် လိုအပ်သလို ပြတ်ပြတ်သားသား ဆောင်ရွက်သွားမယ်ဆိုတာ ကြိုတင် အသိပေးထားပြီး ဖြစ်ကြောင်းလည်း ပင်တဂွန်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အီရတ် အခြေစိုက် အမေရိကန် စစ်သည်တွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ပိုမို များပြားလာပါတယ်။ အီရန်ကတော့ ဒီတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ အဓိက ပါဝင် ပံ့ပိုးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ အီရတ်မှာ အမေရိကန် စစ်သည် ၂၅၀၀ လောက် အခြေချ တပ်စွဲထားပြီး အိုင်အက်စ် အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းတဲ့ နိုင်ငံတကာ စုပေါင်း စစ်ဆင်ရေးတွေမှာ ပါဝင် ကူညီပေးနေပါတယ်။

Public Service Announcement

Public Service Announcement

ပင်တဂွန်ဟာ ကာတစ်ဘ် ဟစ်ဇ်ဘိုလာနဲ့ ကာတစ်ဘ် ဆေယစ်ဒ် အယ်လ်ရှူဟာဒါ စစ်သွေးကြွ အဖွဲ့တွေရဲ့ အခြေစိုက် စခန်းတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရက ကာတစ်ဘ် ဟစ်ဇ်ဘိုလာ အဖွဲ့ကို အကြမ်းဖက် အုပ်စုအဖြစ် ၂၀၀၉ ခုနှစ် ကတည်းက သတ်မှတ်ထားခဲ့တာပါ။ အခု စစ်ဆင်ရေးဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ သဘောသာ ဖြစ်တယ်လို့လည်း ပင်တဂွန်က ထုတ်ပြန်ပါတယ်။

အီရတ်ဟာ ခါးသီးပြိုင်ဘက်တွေ ဖြစ်ကြတဲ့ အမေရိကန်ရော၊ အီရန်ကိုပါ မဟာမိတ်အဖြစ် ဆက်ဆံနေပါတယ်။ အထူးသဖြင့် ၂၀၀၃ ခုနှစ်မှာ အီရတ်ခေါင်းဆောင် ဆက်ဒမ်ဟူစိန် ပြုတ်ကျသွားတဲ့နောက်ပိုင်း အီရတ်အပေါ် အီရန်ရဲ့ နိုင်ငံရေးအရ လွှမ်းမိုးမှုတွေက တဖြည်းဖြည်း တွင်ကျယ်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။