Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အီရတ်နဲ့ ဆီးရီးယားက စစ်သွေးကြွ ပစ်မှတ်တွေကို အမေရိကန် လေကြောင်းကနေ တိုက်ခိုက်

ပင်တဂွန်ဟာ ကာတစ်ဘ် ဟစ်ဇ်ဘိုလာနဲ့ ကာတစ်ဘ် ဆေယစ်ဒ် အယ်လ်ရှူဟာဒါ စစ်သွေးကြွ အဖွဲ့တွေရဲ့ အခြေစိုက် စခန်းတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အခု စစ်ဆင်ရေးဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ သဘောသာ ဖြစ်တယ်လို့လည်း ပင်တဂွန်က ထုတ်ပြန်ပါတယ်။

အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ စစ်သွေးကြွ ပစ်မှတ်တွေကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အီရန်က အားပေး ထောက်ခံထားတဲ့ စစ်သွေးကြွ အင်အားစုတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြု ထုတ်ပြန်ပါတယ်။ ဒရုန်းတွေက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ စစ်စခန်းတွေနဲ့ လက်နက် သိုလှောင်ရုံတွေကို တိုက်ရိုက် ထိမှန်ခဲ့တယ်လို့လည်း ပင်တဂွန် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်၊ ပြည်ပနိုင်ငံတွေမှာ အမေရိကန်ရဲ့ ဒုတိယမြောက် လေကြောင်း တိုက်ခိုက်မှု ဖြစ်လာပါတယ်။ သမ္မတ အနေနဲ့ အမေရိကန် စစ်မှုထမ်းတွေရဲ့ လုံခြုံရေးအတွက် လိုအပ်သလို ပြတ်ပြတ်သားသား ဆောင်ရွက်သွားမယ်ဆိုတာ ကြိုတင် အသိပေးထားပြီး ဖြစ်ကြောင်းလည်း ပင်တဂွန်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အီရတ် အခြေစိုက် အမေရိကန် စစ်သည်တွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ပိုမို များပြားလာပါတယ်။ အီရန်ကတော့ ဒီတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ အဓိက ပါဝင် ပံ့ပိုးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ အီရတ်မှာ အမေရိကန် စစ်သည် ၂၅၀၀ လောက် အခြေချ တပ်စွဲထားပြီး အိုင်အက်စ် အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းတဲ့ နိုင်ငံတကာ စုပေါင်း စစ်ဆင်ရေးတွေမှာ ပါဝင် ကူညီပေးနေပါတယ်။

Public Service Announcement

Public Service Announcement

ပင်တဂွန်ဟာ ကာတစ်ဘ် ဟစ်ဇ်ဘိုလာနဲ့ ကာတစ်ဘ် ဆေယစ်ဒ် အယ်လ်ရှူဟာဒါ စစ်သွေးကြွ အဖွဲ့တွေရဲ့ အခြေစိုက် စခန်းတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရက ကာတစ်ဘ် ဟစ်ဇ်ဘိုလာ အဖွဲ့ကို အကြမ်းဖက် အုပ်စုအဖြစ် ၂၀၀၉ ခုနှစ် ကတည်းက သတ်မှတ်ထားခဲ့တာပါ။ အခု စစ်ဆင်ရေးဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ သဘောသာ ဖြစ်တယ်လို့လည်း ပင်တဂွန်က ထုတ်ပြန်ပါတယ်။

အီရတ်ဟာ ခါးသီးပြိုင်ဘက်တွေ ဖြစ်ကြတဲ့ အမေရိကန်ရော၊ အီရန်ကိုပါ မဟာမိတ်အဖြစ် ဆက်ဆံနေပါတယ်။ အထူးသဖြင့် ၂၀၀၃ ခုနှစ်မှာ အီရတ်ခေါင်းဆောင် ဆက်ဒမ်ဟူစိန် ပြုတ်ကျသွားတဲ့နောက်ပိုင်း အီရတ်အပေါ် အီရန်ရဲ့ နိုင်ငံရေးအရ လွှမ်းမိုးမှုတွေက တဖြည်းဖြည်း တွင်ကျယ်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။