Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်မှာ မြေပြိုမှုကြောင့် လူပေါင်း ၂၀ ကျော် ပျောက်ဆုံးနေ

ဇူလိုင် ၃ ရက်က နာမည်ကျော် အပန်းဖြေစခန်း မြို့ဖြစ်တဲ့ အတာမီမှာ မြေပြိုမှုတွေ ဖြစ်ခဲ့တာပါ။ နောက်တစ်နေ့ မနက်ကစလို့ ရာနဲ့ချီ များပြားတဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ အကြီးစား စက်ယန္တရားတွေကို အသုံးပြုပြီး ရှာဖွေရေး လုပ်ငန်းတွေ စတင်နေပါတယ်။ လက်ရှိ အချိန်ထိ သေဆုံးသူ အနည်းဆုံး ၂ ဦး ရှိနေကြောင်း အတည်ပြုထားပြီးပါပြီ။

ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ မြေပြိုမှုတစ်ခု ဖြစ်ပွားပြီး လူ ၂၀ ကျော် ပျောက်ဆုံးနေတဲ့နောက် ကယ်ဆယ်ရေး လုပ်ငန်းတွေ အကြီးစား ဆောင်ရွက်နေကြောင်း သိရပါတယ်။

ဇူလိုင် ၃ ရက်က နာမည်ကျော် အပန်းဖြေစခန်း မြို့ဖြစ်တဲ့ အတာမီမှာ မြေပြိုမှုတွေ ဖြစ်ခဲ့တာပါ။ နောက်တစ်နေ့ မနက်ကစလို့ ရာနဲ့ချီ များပြားတဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ အကြီးစား စက်ယန္တရားတွေကို အသုံးပြုပြီး ရှာဖွေရေး လုပ်ငန်းတွေ စတင်နေပါတယ်။ လက်ရှိ အချိန်ထိ သေဆုံးသူ အနည်းဆုံး ၂ ဦး ရှိနေကြောင်း အတည်ပြုထားပြီးပါပြီ။

အတာမီမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းရာက တောင်စောင်းနေရာတွေမှာ မြေပြိုခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့ နေရာမှာ မည်းနက်တဲ့ ရွှံ့သားတွေ ဖုံးလွှမ်းနေတာကို တွေ့နိုင်ပါတယ်။ အတာမီမှာ ဇူလိုင်လရဲ့ ပထမ ၃ ရက်အတွင်း ရွာသွန်းတဲ့ မိုးရေချိန် စုစုပေါင်းဟာ ဇွန်လ တစ်လလုံးစာထက် ပိုများခဲ့တယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

အနားမှာရှိတဲ့ ကန်ဂါဝါ ဒေသမှာလည်း ရာသီဥတု အခြေအနေတွေ ဆိုးရွားနေတယ်လို့ သိရပါတယ်။ ဂျပန်ဟာ လူနေ ထူထပ် သိပ်သည်းပြီး တောင်ကုန်းတောင်စောင်းတွေ ပေါများတဲ့ နိုင်ငံဖြစ်တာကြောင့် မြေပြိုမှုတွေနဲ့ မကြာခဏ ကြုံရလေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဒီလို သဘာဝ ဘေးအန္တရာယ်တွေဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ပြဿနာနဲ့ ဆက်စပ်ပြီး ပိုမို အဖြစ်များလာကြောင်းလည်း ပညာရှင်တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံး၊ ဂျပန်လွှတ်တော်၊ ကုလသမဂ္ဂတက္ကသိုလ်နှင့် အထင်ကရနေရာများတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)နှင့် Revolution Tokyo Myanmar - R.T.M တို့ပူးပေါင်းကာ "ရန်ကုန်မှာပြန်ဆုံမယ်" စာတန်းပါအင်္ကျီများ ဝတ်ဆင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

သတင်း

ဂျပန်အစိုးရသည် လက်ရှိမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနေရာအတွက် သံအမတ်အသစ် စေလွှတ်မည်မဟုတ်ဘဲ တစ်ဆင့်နိမ့်သည့် minister တစ်ဦးက သံရုံးတာဝန်ခံအဖြစ် လွှဲပြောင်းတာဝန်ယူမည်ဖြစ်ကြောင်း Japan Today သတင်းဌာနက ယနေ့(စက်တင်ဘာ ၂၉ရက်)ဖော်ပြသည်။

နိုင်ငံတကာ

ရုရှား စစ်လေယာဉ် တစ်စီးက ဂျပန် လေပိုင်နက်ထဲ သုံးကြိမ်တိုင် ကျူးကျော် ဝင်ရောက်ခဲ့တယ်လို့ ဂျပန်က စွပ်စွဲပြီး အတိအလင်း ကန့်ကွက်ကြောင်း ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်သစ် တစ်ဦးကို အောက်တိုဘာ ၁ ရက်နေ့ကျရင် တရားဝင် ရွေးချယ် တင်မြှောက်မယ်လို့ ဂျပန် လွှတ်တော်က အတည်ပြုခဲ့ပါတယ်။