Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်မှာ မြေပြိုမှုကြောင့် လူပေါင်း ၂၀ ကျော် ပျောက်ဆုံးနေ

ဇူလိုင် ၃ ရက်က နာမည်ကျော် အပန်းဖြေစခန်း မြို့ဖြစ်တဲ့ အတာမီမှာ မြေပြိုမှုတွေ ဖြစ်ခဲ့တာပါ။ နောက်တစ်နေ့ မနက်ကစလို့ ရာနဲ့ချီ များပြားတဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ အကြီးစား စက်ယန္တရားတွေကို အသုံးပြုပြီး ရှာဖွေရေး လုပ်ငန်းတွေ စတင်နေပါတယ်။ လက်ရှိ အချိန်ထိ သေဆုံးသူ အနည်းဆုံး ၂ ဦး ရှိနေကြောင်း အတည်ပြုထားပြီးပါပြီ။

ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ မြေပြိုမှုတစ်ခု ဖြစ်ပွားပြီး လူ ၂၀ ကျော် ပျောက်ဆုံးနေတဲ့နောက် ကယ်ဆယ်ရေး လုပ်ငန်းတွေ အကြီးစား ဆောင်ရွက်နေကြောင်း သိရပါတယ်။

ဇူလိုင် ၃ ရက်က နာမည်ကျော် အပန်းဖြေစခန်း မြို့ဖြစ်တဲ့ အတာမီမှာ မြေပြိုမှုတွေ ဖြစ်ခဲ့တာပါ။ နောက်တစ်နေ့ မနက်ကစလို့ ရာနဲ့ချီ များပြားတဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ အကြီးစား စက်ယန္တရားတွေကို အသုံးပြုပြီး ရှာဖွေရေး လုပ်ငန်းတွေ စတင်နေပါတယ်။ လက်ရှိ အချိန်ထိ သေဆုံးသူ အနည်းဆုံး ၂ ဦး ရှိနေကြောင်း အတည်ပြုထားပြီးပါပြီ။

အတာမီမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းရာက တောင်စောင်းနေရာတွေမှာ မြေပြိုခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့ နေရာမှာ မည်းနက်တဲ့ ရွှံ့သားတွေ ဖုံးလွှမ်းနေတာကို တွေ့နိုင်ပါတယ်။ အတာမီမှာ ဇူလိုင်လရဲ့ ပထမ ၃ ရက်အတွင်း ရွာသွန်းတဲ့ မိုးရေချိန် စုစုပေါင်းဟာ ဇွန်လ တစ်လလုံးစာထက် ပိုများခဲ့တယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

အနားမှာရှိတဲ့ ကန်ဂါဝါ ဒေသမှာလည်း ရာသီဥတု အခြေအနေတွေ ဆိုးရွားနေတယ်လို့ သိရပါတယ်။ ဂျပန်ဟာ လူနေ ထူထပ် သိပ်သည်းပြီး တောင်ကုန်းတောင်စောင်းတွေ ပေါများတဲ့ နိုင်ငံဖြစ်တာကြောင့် မြေပြိုမှုတွေနဲ့ မကြာခဏ ကြုံရလေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဒီလို သဘာဝ ဘေးအန္တရာယ်တွေဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ပြဿနာနဲ့ ဆက်စပ်ပြီး ပိုမို အဖြစ်များလာကြောင်းလည်း ပညာရှင်တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း

ဖားကန့်မှာ မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ဒေသခံတွေဟာ ရေကြီးနစ်မြုပ်မှု ပြန်လည်ရင်ဆိုင်နေရပြီး ‌နေရာအချို့မှာလည်း မြေပြိုမှုတွေ ဖြစ်နေပါတယ်။